Saturday, March 14, 2026
More
    spot_img
    Homeသတင်းမွန်စာပေနှင့် ဗုဒ္ဓဘာသာ ယဉ်ကျေးမှု ဥက္ကဌ ဆရာတော် ဘဒ္ဒန္တ ဣန္ဒက ပျံလွန်

    မွန်စာပေနှင့် ဗုဒ္ဓဘာသာ ယဉ်ကျေးမှု ဥက္ကဌ ဆရာတော် ဘဒ္ဒန္တ ဣန္ဒက ပျံလွန်

    -

    ဂျုရီချိုင်း – မွန်ပြည်နယ် မုဒုံမြို့နယ် ကမာဝက်ရွာ လဝီမာန်ထောကျောင်းမှ သက်တော် ၇၅ နှစ်အရွယ်ရှိ ဆရာတော် ဘဒ္ဒန္တ ဣန္ဒကသည် ဇွန်လ ၁၅ ရက်နေ့ မွန်းလွဲ ၁ နာရီ ၄၅ မိနစ်တွင် ကင်ဆာရောဂါဖြင့် ပျံလွန်တော်သွားကြောင်း သိရသည်။

    ဆရာတော်သည် ကမာဝက်ရွာ ဇာတိဖြစ်ပြီး သက်တော် ၇၅ နှစ်၊ ၅၅ ဝါရှိကာ လဝီမာန်ထောကျောင်းတွင် ပျံလွန်တော်မူခဲ့သည်။

    ဆရာတော် မပျံလွန်တော်မူခင် ပြီးခဲ့သည့် နှစ်ပတ်က ရန်ကုန်တိုင်း စမ်းချောင်းမြို့နယ် အာရှတော်ဝင် အထူးကုဆေးခန်းကြီးတွင် တက်ရောက်ဆေးကုသခဲ့ကြောင်း ဆရာတော်၏ တပည့်သံဃာတော် တပါးက မိန့်ဆိုသည်။

    “လွန်ခဲ့တဲ့ နှစ်ရက်က ရန်ကုန်ကနေ အခြေအနေ မကောင်းတော့လို့ အသက်ကယ်ဆေးနဲ့ ကျောင်းကို ဆင်းလာခဲ့တယ် ဒီရောက်မှ ပျံလွန်သွားတယ်” ဟု အထက်ပါ တပည့်သံဃာတော်က မိန့်သည်။

    ဆရာတော်သည် ပြီးခဲ့သည့်လက စင်ကာပူနိုင်ငံသို့ တလခန့် သွားရောက် ဆေးကုသခံယူခဲ့သေးကြောင်း သိရသည်။

    မွန်စာပေနှင့် ဗုဒ္ဓဘာသာ ယဉ်ကျေးမှု ဥက္ကဌ ဆရာတော် ဘဒ္ဒန္တ ဣန္ဒ နွေရာသီသင်တန်ဆင်း အခန်းအနားမိန့်ခွန်း မိန့်ကြားနေစဉ်
    မွန်စာပေနှင့် ဗုဒ္ဓဘာသာ ယဉ်ကျေးမှုအဖွဲ့ ဥက္ကဌ ဆရာတော် ဘဒ္ဒန္တ ဣန္ဒက နွေရာသီ မွန်စာပေ သင်တန်ဆင်း အခမ်းအနားတခုတွင် သြဝါဒ မြွက်ကြားစဉ်

    လွန်ခဲ့သည့် ၂ နှစ်ခန့်မှ စ၍ ဆရာတော် ပျံလွန်တော်မူချိန်ထိ မွန်စာပေနှင့် ဗုဒ္ဓဘာသာ ယဉ်ကျေးမှု သင်ကြားရေးအဖွဲ့ မွန်ဒေသလုံးဆိုင်ရာ ဥက္ကဌ မုဒုံမြို့နယ် အတွင်းရေးမှူး အဖြစ် ဆောင်ရွက်လာခဲ့သည်ဟု သံဃာတော်တပါးက မိန့်သည်။

    ဆရာတော်ကြီးသည် သာသနာရေး ၊ မွန်စာပေရေး၊ ဘုရားတည်ခြင်း၊ လမ်းများ ပြုပြင်ခြင်းနှင့် ရပ်ရွာ ဖွံ့ဖြိုးရေးအတွက် အပင်ပန်းခံပြီး ဆောင်ရွက်လာခဲ့သည်။

    “ဆရာတော် ပျံလွန်တော်မူသွားတော့ သာသနာရေးနဲ့ ရပ်ရွာဖွံ့ဖြိုးရေး လှုပ်ရှားတဲ့နေရာမှာ ပြတ်လပ်သွားတယ်ပေါ့၊ တောင်တလုံး ပြိုသွားသလို ဖြစ်သွားတယ်” ဟု ကမာဝက်ရွာမှ ဆရာတော်၏ ဒါယကာ တဦးက ပြောသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,200SubscribersSubscribe

    Latest posts

    Enable Notifications OK No thanks