spot_img
Sunday, February 1, 2026
More
    spot_img
    Homeသတင်းကြားဖြတ် ရွေးကောက်ပွဲအတွက် မွန်ပါတီ ပြင်ဆင်

    ကြားဖြတ် ရွေးကောက်ပွဲအတွက် မွန်ပါတီ ပြင်ဆင်

    -

    ရိုင်မရော့ – လာမည့် ကြားဖြတ် ရွေးကောက်ပွဲတွင် ဝင်ရောက် ယှဉ်ပြိုင်ရန်အတွက် မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီက ပြင်ဆင်ထားကြောင်း ပါတီခေါင်းဆောင်က ပြောသည်။

    “ကျနော်တို့ စည်းရုံးရေး ဆင်းနေတယ်၊ ပြီးခဲ့တဲ့ ရွေးကောက်ပွဲလို မဖြစ်အောင် ပြင်ဆင်စရာ ရှိတာ ပြင်ဆင်နေတယ်” ဟု မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီက ပြောသည်။

    ယခင် ရွေးကောက်ပွဲကာလက ကြုံတွေ့ခဲ့ရသည့် ကြိုတင်မဲကိစ္စ၊ မဲမသမာမှုကိစ္စများ မဖြစ်ပေါ်ရန်နှင့် ရွေးကောက်ပွဲ အနိုင်ရရန် ပြင်ဆင်နေခြင်း ဖြစ်သည်။

    ရွေးကောက်ပွဲ ကော်မရှင်က ကြားဖြတ် ရွေးကောက်ပွဲ ကျင်းပမည့်ရက်ကို တရားဝင် ကြေငြာခြင်း မရှိသေးသော်လည်း လာမည့် နိုဝင်ဘာလခန့်တွင် ကျင်းပလိမ့်မည်ဟု နိုင်ငံရေးပါတီများက ခန့်မှန်းကြသည်။

    “ကျနော်တို့ ပါတီက တနေရာပဲ ဝင်ပြိုင်မယ်၊ အများကြီးတော့ မဝင်နိုင်ဘူး၊ ငွေကြေးမတတ်လို့” ဟု နိုင်ငွေသိန်းက ပြောသည်။

    သိပ္ပံနှင့် နည်းပညာ ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီးအဖြစ် ရွေးချယ်တာဝန်ပေးခံရသည့် မွန်ပြည်နယ် မော်လမြိုင်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအေးမြင့် နေရာတွင် ဝင်ရောက်ယှဉ်ပြိုင် အရွေးခံခြင်း ဖြစ်သည်။

    ၂၀၁၀ပြည့်နှစ် နို၀င်ဘာ ၇ ရက်က ကျင်းပခဲ့သည့် ရွေးကောက်ပွဲတွင် မော်လမြိုင်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်နေရာ၌ ပြည်ခိုင်ဖြိုးပါတီ၊ တစညပါတီနှင့် မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီ ပါတီတို့က ဝင်ရောက်ယှဉ်ခဲ့ပြီး ပြည်ခိုင်ဖြိုးပါတီက အနိုင်ရရှိခဲ့သည်။

    ကြားဖြတ် ရွေးကောက်ပွဲတွင်လည်း အထက်ပါ ပါတီများအားလုံး ဝင်ရောက်ယှဉ်ပြိုင်လိမ့်မည်ဟု နိုင်ငွေသိန်းက ပြောသည်။

    မေလ ၃၀ ရက်နေ့မှ ဇွန်လ ၁ ရက်နေ့ထိ ၃ ရက်ကြာ ကျင်းပသည့် ညီနောင်တိုင်းရင်းသား ၅ ပါတီ အစည်းအဝေးတွင် ကြားဖြတ် ရွေးကောက်ပွဲနှင့် ပတ်သက်၍ အဓိကထား ဆွေးနွေးခဲ့ကြပြီး သဘောထား ထုတ်ပြန်ခဲ့သည်။

    သဘောထား ထုတ်ပြန်ချက် ပထမအချက်တွင် “ ကြားဖြတ်ရွေးကောက်ပွဲနှင့် အနာဂတ် ရွေးကောက်ပွဲတွင် မိမိနှင့် သက်ဆိုင်သည့် ဒေသများ၌ အပြည့်အဝ ဝင်ရောက်ယှဉ်ပြိုင်ရန်နှင့် ကျန်ဒေသများတွင် ပါတီတခုက ဝင်ရောက်ယှဉ်ပြိုင်ပါက ကျန်ပါတီများက ဝင်ရောက်ယှဉ်ပြိုင်ခြင်း မပြုပဲ ပံ့ပို့ကူညီသွားရန်” ပါရှိသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,700SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks