spot_img
Sunday, February 1, 2026
More
    spot_img
    Homeသတင်းဘုရားသုံးဆူတွင် ဖေါက်ခွဲ ပစ်ခတ်မှု ဖြစ်၊ ၂ ဦး ဆုံး၊ ၃ ဦး ဒဏ်ရာရ

    ဘုရားသုံးဆူတွင် ဖေါက်ခွဲ ပစ်ခတ်မှု ဖြစ်၊ ၂ ဦး ဆုံး၊ ၃ ဦး ဒဏ်ရာရ

    -

    လွတ်လပ်သော မွန်သတင်း အေဂျင်စီ –   အတည်မပြုနိုင်သေးသည့် လက်နက်ကိုင်အဖွဲ့တဖွဲ့က ယနေ့ မွန်းလွဲ ၃ နာရီခွဲခန့်တွင် ထိုင်း မြန်မာနယ်စပ် ဘုရားသုံးဆူမြို့သို့ ဝင်ရောက် ဖေါက်ခွဲ ပစ်ခတ်ခြင်းကြောင့် စရဖ တဦးနှင့် ကလေးငယ် တဦး သေဆုံးပြီး ၃ ဦး ဒဏ်ရာ ရရှိခဲ့သည်ဟု မျက်မြင်များက ပြောသည်။

    နိုဝင်ဘာ ရွေးကောက်ပွဲ အပြီး နယ်ခြားစောင့်တပ် လက်မခံ ဒီကေဘီအေ အဖွဲ့က ဘုရားသုံးဆူမြို့သို့ ဝင်ရောက်တိုက်ခိုက်ပြီး မီးရှို့ဖျက်ဆီးခံရသည့် အက်စ်ပီ ရုံး မြင်ကွင်း ( ဓာတ်ပုံ - လွတ်လပ်သောမွန် သတင်းအေဂျင်စီ )
    နိုဝင်ဘာ ရွေးကောက်ပွဲ အပြီး နယ်ခြားစောင့်တပ် လက်မခံ ဒီကေဘီအေ အဖွဲ့က ဘုရားသုံးဆူမြို့သို့ ဝင်ရောက်တိုက်ခိုက်ပြီး မီးရှို့ဖျက်ဆီးခံရသည့် အက်စ်ပီ ရုံး မြင်ကွင်း ( ဓာတ်ပုံ - လွတ်လပ်သောမွန် သတင်းအေဂျင်စီ )

    စစ်ဘက်ဆိုင်ရာ လုံခြုံရေးအဖွဲ့ (စရဖ) ရုံးမှ ဒုတပ်ကြပ် ကျော်ကျော်အောင်နှင့် အသက် ၉ နှစ် အရွယ်ရှိ ကလေးငယ်တဦး သေဆုံးကာ၊ စရဖ ရုံးမှ ဆွယ်မှူး ဦးစိုးဝင်း၊ မွန်ပြည်သစ်ပါတီ ကြံတောဂိတ်မှူး နိုင်ဆံရှည်နှင့် တက္ကစီသမားတဦး ဒဏ်ရာ ရရှိခဲ့သည်ဟု မျက်မြင်များက ပြောသည်။

    ဒဏ်ရာရရှိသူများ ဘုရားသုံးဆူ ဆေးရုံတွင် အတွင်းလူနာအဖြစ် ကုသမှု ခံယူနေရကြောင်း ရဲအရာရှိတဦးက ပြောသည်။

    “အလှပြင်ဆိုင်မှာ ဆံပင်သွားညှပ်တဲ့ ကရင်မလေးတယောက် သေနတ်မှန်ပြီး ပွဲချင်းပြီး ဆုံးသွားတယ်” ဟု မျက်မြင်တဦးက ပြောသည်။

    ဒုတပ်ကြပ် ကျော်ကျော်အောင်မှာ ပစ်ခတ်ရာမှ ရရှိသည့် ဒဏ်ရာကြောင့် ဘုရားသုံးဆူဆေးရုံတွင် ညနေ ၅ နာရီခန့်က သေဆုံးခဲ့သည်။

    အဖွဲ့ဝင် ၄ ဦး ပါဝင်သည့် လက်နက်ကိုင် အဖွဲ့က ရပ်ကွက် ၂ ရှိ သာသနဗိမာန်ကို ဗုံးဖေါက်ခွဲပြီးနောက် အနီးရှိ စရဖရုံးမှ တပ်ဖွဲ့ဝင်များနှင့် အပြန်အလှန် ပစ်ခတ်ကာ မော်တော်ယာဉ်ဖြင့် ပြန်လည် ထွက်ခွာသွားခဲ့သည်ဟု အမည်မဖေါ်လို့သည့် ရဲအရာရှိ တဦးက ပြောသည်။

    “သူတို့ ကားနဲ့ ဝင်လာတယ်၊ မျက်နှာကို အားလုံး စည်းထားတော့ ဘယ်အဖွဲ့ကလည်း ဆိုတာ ပြောဖို့ ခက်တယ်” ဟု အထက်ပါ ရဲအရာရှိက ပြောသည်။

    ဘုရားသုံးဆူမြို့ ထိုင်းဘက်ကမ်းရှိ စက်ရုံများတွင် နေစဉ် သွားရောက်လုပ်ကိုင်နေကြသည့် အလုပ်သမားများကလည်း ထပ်မံ ပစ်ခတ်မှု ဖြစ်ပွားမည်ကို စိုးရိမ်ပြီး အလုပ်ရပ်နားကာ အိမ်သို့ ပြန်ခဲ့ကြသည်။ ၎င်းပြင် ဘုရားသုံးဆူမြို့ရှိ စျေးဆိုင်များလည်း ပိတ်လိုက်ကြပြီး လမ်းသွားလမ်းလာ မရှိကြောင်း မြို့ခံများက ပြောသည်။

    ပြန်လည်ထွက်ခွာသွားသည့် ဖေါက်ခွဲပစ်ခတ်သူများကို ဘုရားသုံးဆူမြို့ရှိ ခလရ ၂၈၄ ရှေု့တန်းတပ်ရင်းက လိုက်လံရှင်းလင်းလျက် ရှိကြောင်း သိရပါသည်။

    ၂၀၁၀ ခုနှစ် ရွေးကောက်ပွဲအပြီး နိုဝင်ဘာလ ၈ ရက်နေ့တွင် မြန်မာစစ်အစိုးရပ်တပ်နှင့် ဗိုလ်အေဝမ်း ဦးဆောင်သည့် ဒီကေဘီအေ တပ်ရင်း ၉၀၇ တို့ ဘုရားသုံးဆူမြို့တွင် တိုက်ပွဲဖြစ်ခဲ့သည်။ တိုက်ပွဲကြောင့် ဒေသခံများ နှစ်ထောင်ကျော် အနီးနားရှိ မွန်ပြည်သစ်ပါတီ ထိန်းချုပ်နယ်မြေ ဖြစ်သည့် ဂျပန်ရေတွင်းကျေးရွာ၊ ကြံတောရွာနှင့် ထိုင်းဘက်ကမ်းသို့ ထွက်ပြေး တိမ်းရှောင်ခဲ့ကြသည်။

    ဆက်စပ်သတင်း

    2 COMMENTS

    1. ဟားဟားကောင်းတယ်။စစ်တပ်ဆိုတာဒီလိုပဲကွ…လူတွေကိုကာကွယ်ဖို့မဟုတ်ဘူး
      အနိုင်ကျင့်ဖို့။ပိုက်ဆံတောင်းဖို့။မယားငယ်ယူဖို့ကွ။။
      ဟားဟားငါနီပွန်လက်ထွက်တွေလေး

    2. တပ်မတော်က ပစ်ခတ်တော့ ပြည်သူတွေထိပါတယ်။ သူတို့ပစ်လို့ တခြားသူတွေလဲထိရော ဘယ်လိုပြောကြမလဲမသိပါဘူး။

    Comments are closed.

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,700SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks