spot_img
Sunday, February 1, 2026
More
    spot_img
    Homeသတင်းခြံလုပ်သားများ ပေါ်တာဆွဲခံရ

    ခြံလုပ်သားများ ပေါ်တာဆွဲခံရ

    -

    မင်းတော်လ၀ီ – နယ်စပ် ဘုရားသုံးဆူမြို့သို့ တက်လာသည့် ခမရ ၅၆၃ က မေလ ၃၀ ရက်၊ နံနက် ၁၁ နာရီအချိန်၊ ဘုရားသုံးဆူ အနောက်ဘက် ၈ မိုင်ခန့် ကျုံကွီးရွာ အရောက်တွင် ဥယျာဉ်ခြံ လုပ်ကိုင်နေသည့် ရွာသားများကို ပေါ်တာအဖြစ် ဖမ်းခေါ်သွားခဲ့သည်။

    “ကျနော်က ခြံထဲမှာ အလုပ်လုပ်တဲ့အချိန်၊ ဘကြီးက ထမင်းချက်နေတဲ့အချိန်မှာ စစ်သားတွေက ချောင်းပြီး ကျနော်တို့ကို ဖမ်းလိုက်တယ်” ဟု အဖမ်းခံရာမှ ပြန်လည်လွတ်မြောက်လာသူ အသက် ၁၈ နှစ်အရွယ်ရှိ ကျုံကွီးရွာသားတဦးက ပြောသည်။

    ပေါ်တာအဖြစ်အဖမ်းခံရသည့် ရွာသားများအတူ စစ်အစိုးရတပ်များ ချီတက်နေစဉ်
    လွန်ခဲ့သည့် ၁၀ နှစ်ခန့်က မွန်ပြည်နယ်အတွင်း ပေါ်တာဆွဲရသည့် ရွာသားများကို အထမ်းကိုယ်စီဖြင့် မြင်တွေ့ရစဉ်

    ပေါ်တာအထမ်းသမား ၁၀ ဦးကို အုပ်စု သုံးစု ခွဲပြီး ၄ ဦးကို ကျုံကွီးရွာနှင့် မယ်ကသာရွာသို့ တောလမ်းမှ သွားရန် ဓါးကိုယ်စီဖြင့် တောရှင်းခိုင်းကြောင်း၊ ကျန် ၆ ဦးမှ ၃ ဦးစီကို စစ်ကြောင်း၏ အလယ်နှင့် နောက်မှ ထားကာတပ်ရိက္ခာ ကို ထမ်းခိုင်းကြောင်း၊ အထမ်းသမားများကို ရိုင်းပြစွာ ဆဲရေး တိုင်းထွာပြီး ထွက်ပြေးပါက ပစ်သတ်မည်ဟုလည်း ခြိမ်းခြောက်ခဲ့ကြောင်း ပြန်လွတ်လာသူက ပြောသည်။

    အဖမ်းခံရသူများကို (၁၅ ကီလို၀င်) ဆန်တပုံးစီ ထမ်းခိုင်းပြီး မထမ်းနိုင် လမ်းမလျှောက်နိုင်သည့် အသက် ၇၂ နှင့် အသက် ၆၀ အရွယ် လူကြီး နှစ်ဦးကို လမ်းခုလပ်တွင် ပြန်လွှတ်ပေးခဲ့သည်။

    စစ်ကြောင်း သွားရာ လမ်းကြောင်းမှ အသက် ၈ ခန့် ကလေးငယ်တဦးကိုလည်း စစ်တပ်က ဖမ်းဆီး ခေါ်သွားခဲ့ပြီး ကလေး၏ မိခင်က ငိုယိုကာ ဖခင်နှင့် လူစားလဲမှ ပြန်လွှတ်ပေးခဲ့သည်ဟုလည်း သူက ပြောသည်။

    ဘုရားသုံးဆူမြို့နယ် ကျုံကွီးရွာနှင့် မယ်ကသာရွာကြား ဆင်တဲရွာအနီးတွင် ခမရ (၅၆၃) စစ်ကြောင်းနှင့် ကေအင်ယူ လက်နက်ကိုင်အဖွဲ့ (ကေအင်အယ်အေ) တို့ နာရီဝက်ခန့် တိုက်ပွဲဖြစ်ပွားခဲ့ပြီး တစုံတရာထိ ခိုက်ဒဏ်ရာရ ရှိခြင်း မရှိကြောင်း သိရသည်။

    “ည ၁၀ နာရီခွဲမှ မယ်ကသာရွာကို ရောက်တယ်။ ည ၁၁ နာရီမှာ နှစ်ယောက်တတွဲ ပြန်လွှတ်တယ်။ ကျနော်က နောက်ဆုံးမှ လွတ်တယ်။ ဒီသတင်းကို အပြင်ကို မပေါက်စေနဲ့လို့ ကျနော်တို့ကို ခြိမ်းခြောက်လိုက်သေးတယ်” ဟု ပြန်လွတ်လာသူက ပြောသည်။

    ပေါ်တာအဖြစ် ဖမ်းဆီးသွားသော လူများကို ပေါ်တာကြေး အဖြစ် အခငွေကြေး တစုံတရာ ပေးခြင်း မရှိသည့်ပြင် အဖမ်းခံရသူတဦး၏ လက်ကိုင်ဖုန်းကိုလည်း စစ်တပ်မှ သိမ်းယူခဲ့သေးသည်ဟု သူက ပြောသည်။

    ဘုရားသုံးဆူမြို့နယ် ကျုံကွီးရွာသို့ ရောက်ရှိလာသည့် ခမရ ၅၆၃ စစ်ကြောင်း ၁ မှာ ရခိုင်ပြည်နယ် အခြေစိုက် အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် လက်အောက်ခံ တပ်ရင်း ဖြစ်သည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,700SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks