spot_img
Sunday, October 12, 2025
More
    spot_img
    Homeသတင်းအဖမ်းခံ ကားသမားအချို့ မလွတ်သေး

    အဖမ်းခံ ကားသမားအချို့ မလွတ်သေး

    -

    မိကျဲဂို – ခရီးသည်တင် မှန်လုံယာဉ် ၅ စီးကို ဆက်ကြေးကောက်ပြီး ကားသမားများကို ဖမ်းဆီးသွားခဲ့ရာမှ ကား ၅ စီးလုံး တနင်္သာရီတိုင်း ထားဝယ်သို့ ပြန်လည်ရောက်ရှိလာသော်လည်း ဖမ်းဆီးခံရသူအချို့ ပြန်မလွတ်သေးကြောင်း ထားဝယ် အဝေးပြေးကားဂိတ် အသိုင်းအ၀ုိင်းမှ သိရသည်။

    မေလ ၂၂ ရက်နေ့က ရန်ကုန်-ထားဝယ် ပြေးဆွဲနေသည့် ရွှေမြင်းပျံ၊ ရွှေဝယ်ရတနာ၊ ရွှေဝါဖူး၊ ကြယ်စင်ဟိန်းနှင့် ရာဇာမင်း ခရီးသည်တင် မှန်လုံယာဉ် ၅ စီးကို မွန်ပြည်နယ် ရေး-သံဖြူဇရပ်လမ်းပိုင်း ကနင်ကမော့ရွာနှင့် လိမ္မော်ခြံရွာကြားတွင်  လက်နက်ကိုင် လူတစုက ယာဉ်များကို ပစ်ခတ်ပြီး ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက် ၆ ဦးကို ဖမ်းဆီးသွားခဲ့သည်။

    ယာဉ်မောင်းနှင့် နောက်လိုက် ၄ ဦး ပြန်လွတ်လာကာ ရေးမြို့သို့ ရောက်ရှိနေပြီး ကျန် ၂ ဦးနှင့် ပတ်သက်သည့် သတင်းများ မသိရသေးကြောင်း၊ ၎င်းတို့ကို ငွေနှင့် ပြန်ရွေးထုတ်ရဖွယ် ရှိကြောင်း မှန်လုံယာဉ် ဝန်ထမ်း တဦးက ပြောသည်။

    “အခုဖြစ်တာက ခရီးသည်နဲ့ ဘာမှ မဆိုင်ဘူး၊ ခရီးသည်တွေကိုလည်း ဘာမှ မလုပ်ဘူး၊ ကျနော်တို့ ကားတွေကို မကျေနပ်တဲ့ ပုဒ်မနဲ့ လုပ်တာ” ဟု သူမက ပြောသည်။

    ထားဝယ်- ရန်ကုန်၊ ထားဝယ်-မော်လမြိုင် ပြေးဆွဲနေသည့် မော်တော်ယာဉ်များ နှစ်စဉ် လမ်းပိုင်းအတွင်း လှုပ်ရှားနေသည့် ကရင်အမျိုးသား အစည်းအရုံး KNU ၏ လက်နက်ကိုင်တပ်ဖွဲ့အား ဆက်ကြေး ပေးရသော်လည်း ယခုကဲ့သို့ ကားသမားများကို ဖမ်းဆီးခေါ်ဆောင်သွားခြင်း ပြုလေ့မရှိကြောင်း ကားသမားများက ပြောသည်။

    မေလ ၂၄ ရက်နေ့ထုတ် အစိုးရပိုင် မြန်မာ့အလင်းသတင်းစာက မေလ ၂၃ ရက်နေ့တွင် ခရီးသည်တင် မှန်လုံယာဉ် ငါးစီးအား KNU အကြမ်းဖက် သောင်းကျန်းသူများက ပစ်ခတ်ပြီး ဆက်ကြေးတောင်းကာ ယာဉ်မောင်းနှင့် နောက်လိုက်များအား ဖမ်းဆီးသွားသည်ဟု ဖေါ်ပြထားသည်။

    ၎င်းပြင် ထားဝယ်-ရန်ကုန် မှန်လုံယာဉ်တစီးလျှင် တနှစ်အတွက် ကျပ် ၁၀ သိန်း နှင့် ထားဝယ်-မော်လမြိုင် မှန်လုံယာဉ်တစီးလျှင် တနှစ်အတွက်  ကျပ် ၃ သိန်းကို ဆက်ကြေးအဖြစ် KNU က အဓမ္မ ကောက်ခံခဲ့ကြောင်း သတင်းစာက စွပ်စွဲထားသည်။ သို့သော် KNU က အထက်ပါ လုပ်ရပ်အားလုံး မိမိတို့နှင့် မသက်ဆိုင်ကြောင်း ငြင်းဆိုသည်။

    “ကျနော်တို့ကလည်း အဲဒီမှာ လှုပ်ရှားတယ်လေ။ ဒါပေမဲ့ ဗုံးခွဲတာတို့၊ အခွန်ကောက်တာတို့ ဆိုတာက ကျနော်တို့မှာ ပေါ်လစီလည်း မရှိဘူး၊ ညွှန်ကြားထားတာလည်း မရှိဘူး။ အဲဒီကျော တလျှောက်မှာ တခုခု ဖြစ်ရင် ကျနော်တို့ ခဏခဏ စွပ်စွဲခံနေရလို့ တင်းတင်းကျပ်ကျပ် သတိပေးထားတာ ရှိတယ်” ဟု  KNU တွဲဖက် အတွင်းရေးမှူး (၁) ဗိုလ်မှူး စောလှငွေက ပြောသည်။

    မွန်ပြည်သစ်ပါတီနှင့် နီးစပ်သူတဦးကမူ  မွန်လက်နက်ကိုင် အဖွဲ့တဖွဲ့ ဖြစ်သည့် ရာမညတပ်ဖွဲ့ (သို့) အခြား မွန်လက်နက်ကိုင် အဖွဲ့တဖွဲ့နှင့် ကရင်လက်နက်ကိုင်တဖွဲ့တို့ ပူးပေါင်း လုပ်ဆောင်ခြင်း ဖြစ်နိုင်ကြောင်း  လွတ်မြောက်လာသူတို့၏ ပြောပြချက်နှင့် ရေးနယ်မြေခံ စစ်တပ်၏ ပြောကြားချက်ကို ကိုးကား၍ ပြောသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    37,400SubscribersSubscribe
    spot_img

    Latest posts