spot_img
Sunday, February 1, 2026
More
    spot_img
    Homeသတင်းမုဒုံဗုံးပေါက်မှု မွန်လက်နက်ကိုင်အဖွဲ့ လက်ချက် ဖြစ်နိုင်

    မုဒုံဗုံးပေါက်မှု မွန်လက်နက်ကိုင်အဖွဲ့ လက်ချက် ဖြစ်နိုင်

    -

    လွတ်လပ်သော မွန်သတင်း အေဂျင်စီ – မုဒုံမြို့အနီး တယ်လီဖုန်း အိပ်ချိန်းရုံးကို ဝင်ရောက် ပစ်ခတ် ဖေါက်ခွဲခဲ့သည့်အဖွဲ့မှာ မွန်ပြည်သူ့ လွတ်မြောက်ရေး တပ်မတော် (MPLA) မှ ဖြစ်နိုင်ကြောင်း ဖောက်ခွဲသူများ လုယက်မောင်းနှင်သွားသည့် မော်တော်ကားမှ မျက်မြင်ခရီးသည်တဦးက ပြောသည်။

    မုဒုံမြို့အလယ်ရှိ ဆောက်လုပ်ထားသော ဟသာင်္မောင်နှံ ရုပ်ထု (ဓာတ်ပုံ -Aung Satpaing )
    မုဒုံမြို့လယ်ရှိ ဟင်္သာမောင်နှံ ရုပ်ထု (ဓာတ်ပုံ -Aung Satpaing )

    “သူတို့ ဝတ်ထားတဲ့ အကျႌမှာလည်း အင်္ဂလိပ်လို့ (MPLA) လို့ ရေးထားတဲ့ တဆိပ်ကို တွေ့ရတယ်။ နောက် သူတို့အချင်းချင်းလည်း မွန်စကား ပြောနေတာကို ကျနော် ကြားရတယ်” ဟု သူက ပြောသည်။

    မေလ ၁၄ ရက်နေ့ နံနက် ၅ နာရီခန့်တွင် မုဒုံမြို့နယ် ကမာဝက်ရွာမှ မော်လမြိုင်သို့ ထွက်သည့် အဆိုပါ မော်တော်ကားကို ပေါက်ကွဲရာနှင့် မိုင်ဝက်ခန့်အလို ညောင်ကုန်းကျေးရွာ လမ်းဝအရောက်တွင် ဖောက်ခွဲသူတို့က တားဆီးလုယက်ပြီး ခရီးသည်များနှင့် ကားသမားကို ကားပေါ်မှ မောင်းချကာ ကားကို ကိုယ်တိုင်မောင်းနှင်သွားခဲ့ကြောင်း အထက်ပါ ခရီးသည်က ပြောသည်။

    ဖောက်ခွဲသည့်အဖွဲ့တွင် အဖွဲ့ဝင် ၆ ဦး ပါဝင်ပြီး ဖောက်ခွဲ ပစ်ခတ်မှုကြောင့် ရဲသားတဦး သေဆုံးကာ ရုံးဝန်ထမ်းအချို့ ဒဏ်ရာ ရရှိခဲ့သည်။

    ဗုံးပေါက်ကွဲမှုနှင့် ပတ်သက်ပြီး မော်တော်ကားနှင့် ကားမောင်းသမားကို ကမာဝက်ရွာ အရှေ့ဘက် ကျိုက်တမော့ တောင်ခြေအနီး အခြေစိုက် ခမရ ၂၀၉ က ယနေ့တိုင် ဖမ်းဆီးထိန်းသိမ်းထားဆဲ ဖြစ်သည်။

    ဗုံးပေါက်ကွဲရာ အနီးအနားရှိ ကျေးရွာများတွင်လည်း မွန်လက်နက်ကိုင် တပ်ဖွဲ့ဝင်များ ရွာတွင်း ဝင်ထွက်လှုပ်ရှားမှု ရှိမရှိကို ကျေးရွာအုပ်ချုပ်ရေးမှူးအား စောင့်ကြည့်စေပြီး တနေ့ ၂ ကြိမ် မြို့နယ်အာဏာပိုင်များထံ အစီရင်ခံ တင်ပြရသည်ဟု ဒေသခံရွာသားများက ပြောသည်။

    မွန်ပြည်သူ့ လွတ်မြောက်ရေး တပ်မတော်ကို ယခင်က မွန်ကာကွယ်ရေးတပ်ဖွဲ့ဟု အမည်ပေးပြီး မွန်ပြည်သစ် ပါတီဝင်ဟောင်း ဖြစ်သူ နိုင်သန်းလွင်က ၂၀၀၉ ခုနှစ်တွင် ဦးဆောင်ဖွဲ့စည်းခဲ့သည်။

    မွန်ပြည်နယ် မုဒုံမြို့နယ်၊ ကျိုက်မရောမြို့နယ်နှင့် မွန်ပြည်သစ်ပါတီ မော်လမြိုင်ခရိုင်ရှိရာ ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ်ဘက်တွင် လှုပ်ရှားလျက် ရှိပြီး မွန်ပြည်သစ်နှင့် လက်နက်ကိုင် ပဋိပက္ခ ရှိသည်။

    ယခုနှစ် ဇန်နဝါရီလ ၃၁ ရက်နေ့မှာ မွန်ပြည်သစ်ပါတီ လက်နက်ကိုင် တပ်ဖွဲ့ဝင်များနှင့် မွန်ပြည်သူ့ လွတ်မြောက်ရေး တပ်မတော်တို့ ကျိုက်မရောမြို့နယ်တွင် တိုက်ခိုက်မှု ဖြစ်ပွားခဲ့ပြီး အပြစ်မဲ့ ပြည်သူတဦး သေဆုံးကာ မွန်ပြည်သစ်ပါတီဝင် ၂ ဦး ဒဏ်ရာ ရရှိခဲ့သည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,700SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks