Friday, March 13, 2026
More
    spot_img
    Homeသတင်းမြဝတီ ဗုံးပေါက်ပြန်

    မြဝတီ ဗုံးပေါက်ပြန်

    -

    လွတ်လပ်သော မွန်သတင်း အေဂျင်စီ – ပျက်စီးမှု၊ အသေအပျောက် ထိခိုက်ဒဏ်ရာသူ မရှိဘဲ လက်သည် မပေါ်သည့် ဗုံးပေါက်ကွဲမှုတရပ် ယနေ့ မေလ ၁၉ ရက် နံနက်ပိုင်းတွင် မြဝတီမြို့၌ ဖြစ်ပွားခဲ့ကြောင်း မြို့ခံများ၏ အဆိုအရ သိရသည်။ 

    ထိုင်း-မြန်မာ ချစ်ကြည်ရေး တံတားပေါ်မှ မြဝတီမြို့ မြင်ကွင်း  ( ဓာတ်ပုံ - ဟံသာ)
    ထိုင်း-မြန်မာ ချစ်ကြည်ရေး တံတားပေါ်မှ မြဝတီမြို့ မြင်ကွင်း ( ဓာတ်ပုံ - ဟံသာ)

    ထိုင်း-မြန်မာနယ်စပ် မြဝတီမြို့လယ် ရဲစခန်း အနီးရှိ စာတိုက်နှင့် ကြေးနန်းရုံးဟောင်းတွင် နံနက် ၇ နာရီခွဲခန့်၌ ပေါက်ကွဲခဲ့ခြင်း ဖြစ်သည်။

    “အာဏာပိုင်တွေက ချိန်ကိုက်ဗုံးလို့ ယူဆနေတယ်။ ဘယ်သူ့ လက်ချက်တော့ မသိသေးဘူး” ဟု ပေါက်ကွဲမှု ဖြစ်ပွားရာအနီးရှိ မြို့ခံတဦးက ပြောသည်။

    မြဝတီမြို့တွင် အစိုးရတပ်များ၊ နယ်ခြားစောင့်တပ် လက်ခံသည့် DKBA တပ်ဖွဲ့ဝင်များ၊ KPF ဟောင်သရော ကရင်ငြိမ်းချမ်းရေး တပ်ဖွဲ့ဝင်များ အပြင် နယ်ခြားစောင့်တပ် လက်မခံဘဲ အရပ်ဝတ်ဖြင့် နေထိုင်သည့် DKBA နှင့် ကရင်အမျိုးသား အစည်းအရုံး KNU တပ်ဖွဲ့ဝင်များလည်း လှုပ်ရှားလျက် ရှိသည်။

    လွန်ခဲ့သည့် ဖေဖေါ်ဝါရီလ ၉ ရက်နေ့က ထိုင်း-မြန်မာ ချစ်ကြည်ရေးတံတား အနီး 7 Star လက်ဖက်ရည်ဆိုင်တွင်လည်းကောင်း၊ မတ်လ ၅ ရက်နေ့က ရဲစခန်းအနီး ဓာတ်ဆီဆိုင်တွင်လည်းကောင်း မြဝတီမြို့၌ အသီးသီး ပေါက်ကွဲခဲ့သေးသည်။

    ဓာတ်ဆီဆိုင် ပေါက်ကွဲမှုတွင် ထိခိုက် သေပျောက်သူ မရှိသော်လည်း လက်ဖက်ရည်ဆိုင် ပေါက်ကွဲမှုတွင် ၂ ဦး သေဆုံးကာ ၂ ဦးထက်မနည်း ဒဏ်ရာ ရရှိခဲ့ကြောင်း မြို့ခံများက ပြောသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,200SubscribersSubscribe

    Latest posts

    Enable Notifications OK No thanks