spot_img
Tuesday, September 16, 2025
More
    spot_img
    Homeသတင်းဘုရားသုံးဆူ - ချောင်းဆုံ လမ်းပိုင်း ကိုယ်ထူကိုယ်ထ ပြင်နေရ

    ဘုရားသုံးဆူ – ချောင်းဆုံ လမ်းပိုင်း ကိုယ်ထူကိုယ်ထ ပြင်နေရ

    -

    ဂျူရီချိုင်း – ပြုပြင်ခြင်း မရှိသည့် ထိုင်း – မြန်မာ နယ်စပ် ဘုရားသုံးဆူ – သံဖြူဇရပ်လမ်းမှ အလွန်ပျက်စီးနေသည့် ၉ မိုင်အရှည်ရှိ ဘုရားသုံးဆူ – ချောင်းဆုံ လမ်းပိုင်းကို ဒေသခံများက ကိုယ်ထူကိုယ်ထ ပြင်ဆင်နေကြကြောင်း ဦးဆောင်သူတဦး၏ အဆိုအရ သိရသည်။ 

    သုံးဆူ - ချောင်းဆုံ လမ်းပိုင်းအတွင်း ကျောက်ချနေသည့် မော်တော်ကား တစီး  ( ဓာတ်ပုံ - လွတ်လပ်သော မွန်သတင်းအေဂျင်ဆီ )
    သုံးဆူ - ချောင်းဆုံ လမ်းပိုင်းအတွင်း ကျောက်ချနေသည့် မော်တော်ကား တစီ(ဓာတ်ပုံ - လွတ်လပ်သော မွန်သတင်းအေဂျင်စီ )

    လမ်းပြုပြင်ရေး ကော်မတီအဖြစ် ဥက္ကဌ ဦးဖိုးထောင်၊ အတွင်းရေးမှူး ဦးညာဏ်လင်းအောင်၊ စာရင်းကိုင် ဦးအောင်စိုး အပါအဝင် ရပ်မိရပ်ဖများဖြင့် ဖွဲ့စည်းခဲ့သည်။

    မေလ ၅ ရက်နေ့မှ စ၍ ကျောက်ချခြင်းများကို စတင်ပြုလုပ်နေပြီး ပွင့်လင်းရာသီတွင် ကတ္တရာလမ်း ခင်းမည်ဟု ကော်မတီ၏ ပြောကြားချက်အရ သိရသည်။

    “အစီး ၁၀၀ ကျော် ချပြီးပြီ။ လမ်းပြင်တာတော့ မလုပ်ရသေးဘူး။ ပြည်နယ် အင်ဂျင်နီယာချူပ် ရောက်မှ လုပ်လို့ စည်ပင်က ပြောထားတော့ စောင့်နေတုန်းပဲ” ဟု ဦးအောင်စိုးက ပြောသည်။

    လမ်းခင်းကျောက်တစီးလျှင် ထိုင်းဘတ်ငွေ ၂၀၀ ဖြင့် ဝယ်ယူရပြီး မိုးဆက်တိုက် ရွာသွန်းနေခြင်းကြောင့် ကျောက်ချခြင်းကို ခေတ္တရပ်နားထားရကြောင်း သူက ပြောသည်။

    လမ်းပိုင်းအတွင်းရှိ ကျေးရွာများမှ ကျောင်းသူ ကျောင်းသားများနှင့် လူနာများ မိုးရာသီတွင် သွားလာရေး လွယ်ကူ ချောမွေ့စေရန်အတွက် ယခုကဲ့သို့ ပြုပြင်ရခြင်း ဖြစ်ကြောင်း သူက ဆက်ပြောသည်။

    လမ်းပြုပြင်ရန်အတွက် ၎င်းလမ်းတွင် ပြေးဆွဲနေသည့် မော်တော်ဆိုင်ကယ်များနှင့် မော်တော်ကားများထံမှ အလှူငွေများ ကောက်ခံလျက် ရှိပြီး အလှူငွေ ၂၄၇ ၀၀ ဘတ်ကို ကောက်ခံရရှိပြီး ဖြစ်ကြောင်းနှင့် လမ်းအားလုံး ပြီးစီးရန်အတွက် ထိုင်းဘတ်ငွေ သိန်း ၁၈၀ ခန့် ကုန်ကျလိမ့်မည် ဖြစ်ကြောင်းလည်း သူက ပြောသည်။

    မြို့နယ်စည်ပင်သာယာရေး ကော်မတီမှ လမ်းပြုပြင်ရန်အတွက် ပံ့ပိုးပေးမည်ဟု ပြောထားသော်လည်း ယခုချိန်ထိ တစုံတရာ အကြောင်းပြန်ခြင်း မရှိသေးကြောင်း လမ်းပြုပြင်ရေး ကော်မတီနှင့် နီးစပ်သူတဦးက ပြောသည်။

    ယခင်က မြေနီလမ်းအဖြစ် ရှိခဲ့သည့် အဆိုပါလမ်းကို ၁၉၉၀ ခုနှစ်က ပြည်သူ့ ဆောက်လုပ်ရေး လုပ်ငန်းမှ ကျောက်ခင်းခဲ့ပြီး ၂၀၀၆ ခုနှစ်တွင် တကြိမ်သာ ပြုပြင်ခဲ့သည်။

    နှစ်စဉ် နိုင်ငံတော်မှ လမ်းပြင်စရိတ်များ လုံလောက်စွာ ချပေးသော်လည်း မြို့နယ်အာဏာပိုင်များနှင့် ဆောက်လုပ်ရေး အင်ဂျင်နီယာတို့က မိမိတို့၏ ကိုယ်ကျိုးအတွက် အလွဲသုံးစား လုပ်ခြင်းကြောင့် ပြင်ဆင်ခြင်း မရှိကြောင်း အာဏာပိုင်နှင့် နီးစပ်သူများထံမှ သိရသည်။

    လမ်းပိုင်းတလျှောက်တွင် ရွာသစ်၊ ကျုံကွီး၊ ကျော့ဟပလု နှင့် ချောင်းဆုံရွာများ ရှိသည်။

    ဆက်စပ်သတင်း

    2 COMMENTS

    1. ဆောက်လုပ်ရေးကတော့လမ်းမပြင်ပဲစားပြီးပြန်သွားပြီး…ပြည်သူတွေပဲကိုယ်ထူကိုယ်ထလုပ်မှပဲရမှာပါ။

    2. ယခုကဲ ့သို ့အကျိုးရှိသောသတင်းမှန်များဖေါ်ပြပေးသော.လွတ်လပ်သောမွန်သတင်းအေဂျင်စီအား.ဘုရားသုံးဆူမြို ့မှ ပြည်သူလူထုများကကျေးဇူးတင်လျက်ရှိနေကြပါသည်။

    Comments are closed.

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    36,900SubscribersSubscribe
    spot_img

    Latest posts