spot_img
Saturday, February 21, 2026
More
    spot_img
    Homeသတင်းနိုင်ငံရေး အကျဉ်းသားအားလုံး လွတ်မြောက်လိမ့်မည်ဟု မွန်နိုင်ငံရေး အကျဉ်းသား မျှော်လင့်

    နိုင်ငံရေး အကျဉ်းသားအားလုံး လွတ်မြောက်လိမ့်မည်ဟု မွန်နိုင်ငံရေး အကျဉ်းသား မျှော်လင့်

    -

    နိုင်မာန် – အစိုးရသစ် ပေါ်ပေါက်ပြီးနောက်တွင် နိုင်ငံရေး အကျဉ်းသား အားလုံးကို လွတ်ငြိမ်းချမ်းသာခွင့် ပေးလိမ့်မည်ဟု မျှော်လင့်ကြောင်း မွန်နိုင်ငံရေး အကျဉ်းသား နိုင်ယက္ခက ပြောသည်။ 

    ၂၀၁၀ ရွေးကောက်ပွဲ မတိုင်မီကပင် ယခုကဲ့သို့ မျှော်လင့်ခဲ့ကြောင်းကို လွန်ခဲ့သည့် သီတင်းပတ်က ထောင်ဝင်စာတွေ့ခဲ့သည့် ဇနီးဖြစ်သူ မိချစ်ခင်အား ပြောကြားခဲ့သည်။

    နိုင်ယက္ခနှင့် ဇနီး မိချစ်ခင်
    နိုင်ယက္ခနှင့် ဇနီး မိချစ်ခင်

    “သူက အစိုးရသစ် ပေါ်ပြီးရင် နိုင်ငံရေး အကျဉ်းသားအားလုံးကို လွှတ်ပေးမယ်လို့ ယုံကြည်ထားတယ်။ ကျမအနေနဲ့လည်း အဲဒီလိုပဲ ဖြစ်စေချင်တယ်။ ရွေးကောက်ပွဲ မတိုင်ခင်ကလည်း သူလွတ်လိမ့်မယ်လို့ ကျမကို ပြောခဲ့သေးတယ်။ ကျမ သူ့ကို သွားတွေ့တိုင်းလည်း အဲဒီလိုပဲ အမြဲပြောတယ်” ဟု မိချစ်ခင် က ပြောသည်။

    လွတ်ငြိမ်းချမ်းသာခွင့် ရရှိပါက တရားဝင် နိုင်ငံရေးပါတီတွင် နိုင်ငံရေး လုပ်လိုကြောင်းလည်း နိုင်ယက္ခက ဇနီးဖြစ်သူကို ပြောဆိုခဲ့သည်။

    နိုင်ယက္ခသည် မွန်ပြည်သစ်ပါတီတွင် စည်းရုံးရေးမှူးတဦး ဖြစ်ပြီး မွန်ပြည်သစ်ပါတီနှင့် စစ်အစိုးရ အပစ်ခတ် ရပ်စဲပြီးနောက် ရဟန်းသံဃာတော်များနှင့် လူငယ်များအားနိုင်ငံရေးသင်တန်းများ ပို့ချခြင်းကြောင့် မွန်လူမျိုးများအကြား လူသိများခဲ့သည်။

    နိုင်ယက္ခ၊ နိုင်မျိုးသွေးနှင့် အပေါင်းပါ (၅) ဦးကို လမ်းပြကြယ်အဖွဲ့ ခေါင်းဆောင် ရှေ့နေ ဦးအေးမြင့်၊ Eleven အားကစားဂျာနယ် အယ်ဒီတာ ကိုဇော်သက်ထွေးနှင့်အတူ ၂၀၀၃ ခုနှစ်ဇူလိုင်လ ၁၇ ရက်နေ့တွင် အာဏာပိုင်များက ဖမ်းဆီးခဲ့သည်။

    နိုင်ငံတော် ပုန်ကန်ရန် ကြံစည်မှုဖြင့် ၂ဝဝ၃ ခုနှစ် နိုဝင်ဘာလ ၂၈ ရက်တွင် သေဒဏ်စီရင်ခြင်း ခံခဲ့ရသော်လည်း အယူခံဝင်ရာမှ ထောင်ဒဏ်တသက်တကျွန်းသို့ ပြစ်ဒဏ် လျှော့ချပေးခဲ့သည်။

    နိုင်ယက္ခကို ယခု အင်းစိန်ထောင် တိုက် (၄) အခန်း (၆) တွင် ထိန်းသိမ်းထားဆဲ ဖြစ်ပြီး၊ နိုင်မျိုးသွေးကို ၂၀၀၉ ခုနှစ်တွင် အင်းစိန်ထောင်မှ သာယာဝတီထောင်သို့ ပြောင်းရွှေ့ခဲ့သည်။

    အစိုးရသစ်အနေနှင့် အကျဉ်းသားအချို့ကို လွတ်ငြိမ်းချမ်းသာခွင့် ပေးရန်ရှိသော်လည်း နိုင်ငံရေး အကျဉ်းသား ပါမပါကို အသေးစိတ် မသိရှိကြောင်း အစိုးရအဖွဲ့ဝင် ခေါင်းဆောင်တဦးကို ကိုးကားပြီး AFP သတင်းစာမျက်နှာတွင် ဖော်ပြခဲ့သည်။

    မြန်မာနိုင်ငံတွင် နိုင်ငံရေး အကျဉ်းသား ၂၂၀၀ ကျော် ရှိကြောင်း လန်ဒန်အခြေစိုက် နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့် အဖွဲ့ကြီးက ဖော်ပြသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,900SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks