spot_img
Sunday, February 1, 2026
More
    spot_img
    Homeသတင်းခဲဆိပ်သင့်မည်ကို သုံးဆူဒေသခံများ စိုးရိမ်

    ခဲဆိပ်သင့်မည်ကို သုံးဆူဒေသခံများ စိုးရိမ်

    -

    လွတ်လပ်သောမွန်သတင်းအေဂျင်စီ – ထိုင်း-မြန်မာနယ်စပ် ဘုရားသုံးဆူမြို့ရှိ နေရာအတော်များများတွင် ခဲရိုင်းတုံးများကို စုပုံထားသည့်အတွက် ခဲဆိပ်သင့်မည့် အန္တရာယ်ကို မြို့ခံများ စိုးရိမ်နေကြသည်။

    ဘုရားသုံးဆူမြို့ တောင်ဝိုင်းရပ်ကွက်တွင် စုပုံချထားသည့် ခဲရိုင်းတုံးများ ( ဓာတ်ပုံ - လွတ်လပ်သော မွန်သတင်းအေဂျင်စီ )
    ဘုရားသုံးဆူမြို့ တောင်ဝိုင်းရပ်ကွက်တွင် စုပုံချထားသည့် ခဲရိုင်းတုံးများ ( ဓာတ်ပုံ - လွတ်လပ်သော မွန်သတင်းအေဂျင်စီ )

    သတ္တုတွင်း ကုမ္ပဏီ လီမိတက်များက ကရင်အမျိုးသား အစည်းအရုံး (ကေအင်ယူ) ထိန်းချုပ်နယ်မြေအတွင်းမှ တူးဖော်ခဲ့သည့် ထိုခဲသတ္တုရိုင်းများကို ဘုရားသုံးဆူမြို့တွင် အနည်းဆုံး ၈ နေရာခန့် စုပုံ ချထားကြောင်း မြို့ခံများက ပြောသည်။

    ကေအင်ယူနယ်မြေအတွင်းမှ ခဲသတ္တု တူးဖော်ရေး လုပ်ငန်းကို အောင်မြေကုမ္မဏီ၊ သပြုကုမ္မဏီ၊ မြသန်းကုမ္မဏီ၊ ရွှေထူးကုမ္မဏီ၊ နဝရတ်ကုမ္မဏီစသည့် ကုမ္ပဏီများက လုပ်ကိုင်လျက် ရှိပြီး ထိုင်းနိုင်ငံသို့ တင်ပို့ရန်အတွက် ဘုရားသုံးဆူမြို့၌ ချထားခြင်း ဖြစ်သည်။

    “တိုင်တစ်ရာကျောင်းအနီးမှာ ပုံထားတာ အများဆုံးပဲ။ အိတ် ငါးရာ ခြောက်ရာလောက် ရှိမယ်” ဟု ဘုရားသုံးဆူမြို့ ရပ်ကွက် ၃ မှ မြို့ခံတဦးက ပြောသည်။

    ခဲသတ္တု တူးဖော်ရေး လုပ်ငန်းကို လွန်ခဲ့သည့် ၂၀၀၃ -၂၀၀၄ ခုနှစ်တွင် သပြုသတ္တုတွင်း ကုမ္မဏီ လီမိတက်မှ စတင်လုပ်ဆောင်ခဲ့ပြီး ဘုရားသုံးဆူမြို့ တောင်ဝိုင်းရပ်ကွက် (ရပ်ကွက် ၄) တွင် ခဲသန့်စင်စက်ရုံကို ဆောက်လုပ်ခဲ့သည်။

    ၂၀၀၅ ခုနှစ်တွင် ခဲမှ စိမ့်ထွက်လာသည့် ရေကြောင့် ဒေသအတွင်းရှိ ရေတွင်း၊ ရေကန်များထဲသို့ ခဲဓါတ်များ စိမ့်ဝင်ပြီး ငါးနှင့် တိရစ္ဆာန်များ သေဆုံးခြင်း၊ လူများ ရောဂါဝေဒနာ ခံစားရခြင်းတို့ကြောင့် အာဏာပိုင်များက ခဲသန့်စင် စက်ရုံကို ပိတ်ပစ်ခဲ့သည်။

    “အဲဒီတုန်းက မြို့ပေါ်မှာပဲ လုပ်တယ်။ ဆိုတော့ အရမ်းအန္တရာယ် ကြီးတယ်၊ ငါးတွေလည်း သေတယ်၊ လူတွေဆိုလည်း ကိုယ်ယားယံတာတို့ ခေါင်းကိုက် ကိုယ်လက် ကိုက်ခဲတာတို့ ဖြစ်တယ်။ ဒါ့ကြောင့် ဆရာဝန်တွေက တောင်းဆိုလို့ အာဏာပိုင်တွေက အဲဒီခဲလုပ်ငန်းကို ရပ်စေခဲ့တယ်” ဟု အထက်ပါ မြို့ခံက ပြောသည်။

    ယခု စုပုံထားသည့် ခဲရိုင်းတုံးများမှာ ဘုရားသုံးဆူမြို့တွင် သန့်စင်မည် မဟုတ်ပဲ ထိုင်းနိုင်ငံသို့ တင်ပို့ရန်အတွက် ခေတ္တချထားခြင်းသာ ဖြစ်သော်လည်း ယခင်က ခံစားခဲ့ရသည့် ဆိုးကျိုးကြောင့် ဒေသခံများ ကြောက်လန့်နေကြခြင်း ဖြစ်ကြောင်း မြို့ခံများက ပြောသည်။

    ဆက်စပ်သတင်း

    3 COMMENTS

    1. ဖေါ်ပြထားသော သတ္ထုရိုင်းများမှာ ခဲ(Lead) မဟုတ်ပါ။ ခနောက်စိမ်(Antimony) များသာဖြစ်ပါသည်။ ဒေသအခေါ် သတ္ထုအားလုံးအား ဂဲ(ခဲ) ဟုသာခေါ်ကြပါသည်။ ထို့ကြောင့် ခဲဆိပ်သင့်မည်ဆိုသည်မှာ မဖြစ်နိုင်ပါ။

    2. ခဲသန် ့စင်စက်ရုံတည်ဆောက်ခဲ့တာမှန်ပါသည်.မက်ကသလမ်း အမှတ်(၄)ရပ်ကွက် ချဲဒိုင်ဟောင်းအနီး သက်ဆိုင်ရာကဖျက်သိမ်းခိုင်းလိုက်တာလွန်ခဲ့တဲ့၄နှစ်ခန့် ့…knuနယ်တောတောင်ထဲမှာတောင်စက်ရုံတည်ခွင့်မပေးပါ။စီးပွာရေးတခုထဲမကြည်ပဲဘေးထွက်ဆိုးကြိုးများထည့်သွင်းစဉ်းစားသင်.ပါသည်..

    3. ခဲသတ္တုတွေကားပေါ်တင်ပြီးသုံးဆူဖက်ပြန်မောင်း်လာတာ..အိပ်ငိုက်လို ့ကွမ်းယာစားမလို ့့ကွမ်းယာထုပ်ကိုဖွင့်လိုက်တော့..မဲညစ်ပြီး..အနံ့ ့ဆိုးတွေထွက်လို ့လွှင့်ပစ်လိုက်ရတယ်…နောက်တစ်ခေါက်လဲ.ဒီအတိုင်းပဲ….အဲဒါဘာကြောင့်လဲဆိုတာသိချင်တယ်…

    Comments are closed.

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,700SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks