spot_img
Saturday, February 21, 2026
More
    spot_img
    Homeသတင်းကေအင်ယူကို အစိုးရတပ် ထိုးစစ်လျှော့

    ကေအင်ယူကို အစိုးရတပ် ထိုးစစ်လျှော့

    -

    ဂျူရီချိုင်း – အစိုးရတပ်က ရှမ်းပြည်တပ်မတော် (မြောက်ပိုင်း) ကို ထိုးစစ်ဆင်နေခြင်းကြောင့် ကရင်အမျိုးသား အစည်းအရုံး (ကေအင်ယူ) သို့ ထိုးစစ်ဆင်မှု လျော့နည်းလာကြောင်း ကေအင်ယူ အသိုင်းအဝိုင်းမှာ လာသောသတင်းအရ သိရသည်။ 

    “ရှမ်းပြည်တပ်မတော် (မြောက်ပိုင်း) ဘက်ကိုပဲ တပ်တွေ သွားစုထားလို့ ကျနော်တို့ကို ထိုးစစ်ဆင်တာ မရှိသလောက် နည်းလာတယ်” ဟု ကေအင်ယူ တပ်မဟာ (၆) တပ်ရင်း (၁၆) တပ်ခွဲ (၂) မှ အရာရှိတဦးက ပြောသည်။

    ပြီးခဲ့သော ၂၀၁၀ ခုနှစ် နိုဝင်ဘာလ ဒုတိယပတ်မှ စပြီး ကေအင်ယူနှင့် အစိုးရတပ်တို့ ပျမ်းမျှ တနေ့ သုံးကြိမ် တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး  ၂၀၁၁ ခုနှစ် ဧပြီလ (၁၅) ရက် နောက်ပိုင်းတွင် ထိုးစစ်ဆင်မှု လျှော့နည်းလာသည်ဟု အထက်ပါ အရာရှိက ပြောသည်။

    ကေအင်ယူ နယ်မြေအတွင်း ပြုလုပ်သည့် အခြေခံ စစ်သင်တန်းဆင်းပွဲ (ဓါတ်ပုံ - ကေအိုင်စီ)
    ကေအင်ယူ နယ်မြေအတွင်း ပြုလုပ်သည့် အခြေခံ စစ်သင်တန်းဆင်းပွဲ (ဓါတ်ပုံ - ကေအိုင်စီ)

    အစိုးရတပ်၏ စစ်ရေး လှုပ်ရှားမှု လျော့နည်းလာခြင်းကြောင့် ကေအင်ယူကလည်း ယခင်ပိတ်ထားသည့် ဘုရားသုံးဆူ – သံဖြူဇရပ်ကားလမ်းနှင့် ဘုရားသုံးဆူ – ကြာအင်းဆိပ်ကြီးလမ်းကို ပြန်ဖွင့်ပေးခဲ့သည်။

    သို့သော်လည်း အချိန်မရွေး တိုက်ပွဲများ ဆက်လက် ဖြစ်ပွားနိုင်သည့်အတွက် ကေအင်ယူဘက်က သတိအနေအထားနှင့် ပြင်ဆင်ထားကြောင်း အထက်ပါအရာရှိက ပြောသည်။

    လွန်ခဲ့သည့် မတ်လကုန်ပိုင်းမှ စပြီး အစိုးရတပ်က ရှမ်းပြည်တပ်မတော် (မြောက်ပိုင်း) ကို စတင်ထိုးစစ်ဆင် တိုက်ခိုက်ခဲ့သည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,900SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks