spot_img
Saturday, January 31, 2026
More
    spot_img
    Homeသတင်းမဟာချိုင် ယာဉ်တိုက်မှု မွန်အလုပ်သမား အများစု သေဆုံးဒဏ်ရာရ

    မဟာချိုင် ယာဉ်တိုက်မှု မွန်အလုပ်သမား အများစု သေဆုံးဒဏ်ရာရ

    -

    ရိုင်မရော့ – ယမန်နေ့က ထိုင်းနိုင်ငံ စမုဆာခွန်ခရိုင် မဟာချိုင် ကားတိုက်မှုတွင် သေဆုံး ဒဏ်ရာရသူ မြန်မာနိုင်ငံသား အလုပ်သမားများအနက် အများစုမှာ မွန်အလုပ်သမားများ ဖြစ်ကြသည်။

    မီးသဂြုႋဟ်ခွင့်ရသည့် အလောင်းတလောင်းကို မဟာချိုင်ရှိ ဝပ်ပြပ်ကျောင်းသို့ သယ်လာစဉ် (ဓါတ်ပုံ - ရာမည အလုပ်သမား သမဂ္ဂ)
    မီးသဂြုႋဟ်ခွင့်ရသည့် အလောင်းတလောင်းကို မဟာချိုင်ရှိ ဝပ်ပြပ်ကျောင်းသို့ သယ်လာစဉ် (ဓါတ်ပုံ - ရာမည အလုပ်သမား သမဂ္ဂ)

    မွန်ရွှေ့ပြောင်းအလုပ်သမားများအပြင် ထားဝယ်နှင့် မြန်မာများလည်း အနည်းအကျဉ်း ပါဝင်ကြောင်း Rak Thai Foundation မှ နိုင်လရီမွန်က ပြောသည်။

    “သေသွားတာရော၊ ဒဏ်ရာရတဲ့ အထဲမှာရော မွန်တွေ အများဆုံးပဲ၊ ဒါပေမဲ့ စာရင်းအတိကျတော့ မသိသေးဘူး” ဟု သူက ပြောသည်။

    ဧပြီလ ၄ ရက်နေ့ နံနက် ၇ နာရီခန့်တွင် ဆယ်ဘီးကားကြီးတစီးက မဟာချိုင်မှ အလုပ်သမား ကြိုပို့ကား ၃ စီးကို ဝင်တိုက်ရာမှ အလုပ်သမား ၉ ဦးထက်မနည်း ပွဲချင်းပြီး သေဆုံးပြီး အလုပ်သမား ၁၀၈ ဦး ဒဏ်ရာရခဲ့သည်။

    ဒဏ်ရာပြင်းထန်သူ ၃၀ ဦးကို စမုဆာခွန်ဆေးရုံ၊ စီဝစ်ချိုင် ၅ ဆေးရုံနှင့် မဟာချိုင်ဆေးရုံများသို့ ပို့ထားပြီး အတွင်းလူနာအဖြစ် တက်ရောက်ကုသနေရကြောင်း သိရသည်။

    “ကား ၃ စီးမှာ ပါလာတဲ့ လူအားလုံး ဒဏ်ရာရကြတယ်၊ ခြေကျိုးတာလည်းရှိ လက်ကျိုးတာလဲရှိ၊ တချို့ဆို ဘယ်သူ ဘယ်ဝါမှန်းတောင် မသိဘူး၊ မျက်နှာတခုလုံးမှာ ဒဏ်ရာတွေနဲ့၊ နည်းနည်းထိတဲ့ လူတွေကိုတော့ ဆေးထည့် ချုပ်စရာရှိ ချုပ်ပေးပြီးတော့ အိမ်ပြန်ခိုင်းတာတွေလည်း ရှိတယ်၊ အရေးပေါ် ကုသရတဲ့ လူနာတွေ အများကြီး ရှိသေးတယ်၊ သေမလား ရှင်မလားပေါ့နော်” ဟု စမုဆာခွန် ဆေးရုံကြီးသို့ ရောက်ရှိနေသည့် မွန်အလုပ်သမားတဦးက ပြောသည်။

    (ဓါတ်ပုံ - ရာမည အလုပ်သမား သမဂ္ဂ)
    (ဓါတ်ပုံ - ရာမည အလုပ်သမား သမဂ္ဂ)

    သေဆုံးသူများကို ဘန်ကောက်ဆေးရုံသို့ ဆေးစစ်ရန်အတွက် ပို့ထားပြီး ၇ ဦးကို မီးသင်္ဂြိုဟ်ခွင့် ပေးခဲ့ကြောင်း ရာမည အလုပ်သမား သမဂ္ဂမှ ဒါရိုက်တာ နိုင်ကောင်းတလရွတ်က ပြောသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,700SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks