Homeသတင်းကေပီအက်ဖ် တပ်ဖွဲ့ဝင်တဦး မိမိကိုယ်ကို အဆုံးစီရင်

ကေပီအက်ဖ် တပ်ဖွဲ့ဝင်တဦး မိမိကိုယ်ကို အဆုံးစီရင်

-

ဂျူရီချိုင်း – အမျိုးသမီးတဦးကို ပစ်ခတ်ခဲ့သည့် ကရင်ငြိမ်းချမ်းရေးတပ်ဖွဲ့ (ကေပီအက်ဖ်) ဝင်တဦး မိမိကိုယ်ကို အဆုံးစီရင်မှုတခု လွန်ခဲ့သည့် မတ်လ ၂၆ ရက်နေ့ ည ၁၂ နာရီခန့်တွင် ထိုင်း-မြန်မာနယ်စပ် ကရင်ပြည်နယ် ဘုရားသုံးဆူမြို့၌ ဖြစ်ပွားခဲ့သည်။

ဘုရားသုံးဆူမြို့ ( ဓာတ်ပုံ-လွတ်လပ်သော မွန်သတင်းအေဂျင်စီ )
ဘုရားသုံးဆူမြို့ ( ဓာတ်ပုံ-လွတ်လပ်သော မွန်သတင်းအေဂျင်စီ )

အဆုံးစီရင်သွားသူမှာ အသက် ၃၃ နှစ်ရှိ ကျော်ဇေယျ ဖြစ်ပြီး အသက် ၂၀ ဝန်းကျင်ရှိ ဇာဝုလီ အမည်ရှိ အမျိုးသမီးကို ပစ်ခတ်ပြီးနောက် မိမိကိုယ်ကို ပြန်လည်ပစ်ခတ်ပြီး သေဆုံးခဲ့ခြင်း ဖြစ်ကြောင်း မျက်မြင်တဦးက ပြောသည်။

“အဲဒီလူက အရက်မူးနေတဲ့အချိန် မိန်းကလေးက စီးလာတဲ့ မော်တော်ဆိုင်ကယ်ကို တားတယ်။ မိန်းကလေးက မရပ်တော့ သေနတ်နဲ့ ပစ်တယ်။ မော်တော်ဆိုင်ကယ် မှောက်ပြီး အဲဒီလူကလည်း သူ့ကိုယ်သူ သေနတ်ပြောင်းဝကို ငုံပြီး ပစ်လိုက်တာ ပွဲချင်းပြီးပဲ” အထက်ပါ မျက်မြင်က ပြောသည်။

သေနတ်ဖြင့် ၄ ချက် ပစ်ခတ်ခံရပြီးနောက် အမျိုးသမီး၏ ခြေထောက်နှင့် လည်ပင်းတွင် ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း၊ ဒဏ်ရာရသူအမျိုးသမီးကို ထိုင်းနိုင်ငံ စံခလပူရီ မြို့ဆေးရုံသို့ ပို့ခဲ့ပြီးနောက် ဒဏ်ရာပြင်းထန်သဖြင့် ကန်ချပူရီ ခရိုင်ဆေးရုံသို့ ပို့ဆောင်ခဲ့ကြောင်း သူက ပြောသည်။

မိမိကိုယ်ကို အဆုံးစီရင်သွားသည့် (ကေပီအက်ဖ်) အဖွဲ့ဝင်၏ ရုပ်အလောင်းကို သုံးဆူမှ အာဏာပိုင်အဖွဲ့အစည်းနှင့် ကေပီအက်ဖ် တပ်ဖွဲ့ဝင်များက သယ်ဆောင်သွားပြီး မည်သည့်နေရက်တွင် မီးသဂြိုဟ်ခဲ့သည်ကို မသိရှိရကြောင်း သေဆုံးရာ ကရင်စု ရပ်ကွက် ၃ မှ မြို့ခံတဦးက ပြောသည်။

ကေပီအက်ဖ်သည် နယ်ခြားစောင့်တပ်ကို လက်ခံထားသည့် ကရင်ငြိမ်းချမ်းရေးအဖွဲ့တဖွဲ့ ဖြစ်သည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,900SubscribersSubscribe

Latest posts