spot_img
Friday, January 16, 2026
More
    spot_img
    Homeသတင်းမွန်အမျိုးသားနေ့အလံ ရိုက်ချိုးသူ သေဆုံးမှုကြောင့် ကျင်းပရေး ကော်မတီဝင် ၅ ဦး အဖမ်းခံရ

    မွန်အမျိုးသားနေ့အလံ ရိုက်ချိုးသူ သေဆုံးမှုကြောင့် ကျင်းပရေး ကော်မတီဝင် ၅ ဦး အဖမ်းခံရ

    -

    ကျလွန်းထော – မွန်အမျိုးသားနေ့အလံ ရိုက်ချိုးသူ သေဆုံးမှုကြောင့် မွန်ပြည်နယ် ရေးမြို့နယ်တောင်ပိုင်း ကိုးမိုင်ကျေးရွာသား မွန်အမျိုးသားနေ့ ကျင်းပရေး ကော်မတီဝင် ၅ ဦးကို အာဏာပိုင်တို့က ဖမ်းဆီးထားကြောင်း သိရသည်။

    သံဖြူဇရပ်မြို့၌ ကျင်းပသည့် ၆၄ ကြိမ်မြောက် မွန်အမျိုးသားနေ့ ဗဟို အခမ်းအနား (ဓာတ်ပုံ - လွတ်လပ်သောမွန် သတင်းအေဂျင်စီ)

    သေဆုံးသူမှာ အသက် ၃၀ ခန့် ရှိပြီး ကိုးမိုင်ရွာသား မဟုတ်ကြောင်း၊ မွန်အမျိုးသားနေ့ မတိုင်မီ တရက်အလို ဖေဖေါ်ဝါရီလ ၁၈ ရက်နေ့တွင် စိုက်ထူထားသည့်အလံ ၃ ခုကို ရိုက်ချိုးဖျက်ဆီးရာမှ အခမ်းအနား စောင့်ရှောက်သူနှင့် ရွာသားများက ဝိုင်းရိုက်ခဲ့ကြောင်း ရွာခံအမျိုးသမီးတဦးက ပြောသည်။

    “သူ (အရိုက်ခံရသူ) က သူဟာ ဒီကေဘီအေအဖွဲ့ကလို့ ပြောတယ်၊ ဒီကေဘီအေက လာကြည့်တော့ သူတို့လူ မဟုတ်ဘူးဆိုပြီး ထပ်ရိုက်တယ်” ဟု သူမက ပြောသည်။

    မွန်အမျိုးသားနေ့နှင့် နီးကပ်နေသည့်အတွက် အလံရိုက်ချိုးသူကို ထိန်းသိမ်းထားခဲ့ကြောင်း၊ အခမ်းအနား ပြီးဆုံးသည့် နောက်တနေ့ ဖေဖေါ်ဝါရီလ ၂၀ တွင် ရေးမြို့ မြို့မရဲစခန်းသို့ အပ်လိုက်ကြောင်း မွန်အမျိုးသားနေ့ ကျင်းပရေး ကော်မတီ ဒု-ဥက္ကဌ ဗဟိုမှ ဒေါက်တာမင်းစိုးလင်းက ပြောသည်။

    အရိုက်ခံရသူကို ဖေဖေါ်ဝါရီလ ၂၁ ရက်နေ့တွင် ရေး မြို့မရဲစခန်းမှ မော်လမြိုင်ဆေးရုံသို့ တင်ပို့စဉ် သံဖြူဇရပ်မြို့အနီး လမ်းတွင် သေဆုံးသွားကြောင်း၊ ဆေးမှတ်တမ်းတွင် ဆီးအိမ်ပေါက်ကွဲ၍ သေဆုံးခြင်းဟု ပါရှိကြောင်း ဒေါက်တာမင်းစိုးလင်းက ပြောသည်။

    သို့သော်လည်း ဒေါက်တာမင်းစိုးလင်းက “ကျနော် ဆရာဝန်တယောက်အနေနဲ့ ပြောရမယ်ဆိုရင် ဆီးအိမ်ပေါက် ဘေလုံးကွဲပြီး သွေးထွက်ရင် တနာရီ၊ နှစ်နာရီအတွင်းမှာ သေနိုင်တယ်၊ အခုဟာက တရက်နဲ့ တနပ်လောက်ကြာမှ သေတယ်ဆိုတော့ ရွာကရိုက်လိုက်တဲ့ လက်ချက်မဖြစ်နိုင်ဘူး” ဟု ပြောသည်။

    လူသေမှုနှင့် ပတ်သက်ပြီး ဖြစ်မြောက်ရေး ကော်မတီဝင် ၅ ဦးကို ရေးမြို့ ရဲစခန်းမှ ပုဒ်မ ၃၀၂ နှင့် ဆွဲချက်တင်ထားကြောင်း သိရသည်။

    တပို့တွဲလပြည့်ကျော် ၁ ရက်နေ့ကို မွန်အမျိုးသားနေ့အဖြစ် သတ်မှတ်ကာ နှစ်စဉ် ကျင်းပလာခဲ့ပြီး ယခုနှစ် ဖေဖေါ်ဝါရီလ ၁၉ ရက်နေ့သည် ၆၄ ကြိမ်မြောက် ဖြစ်သည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,500SubscribersSubscribe
    spot_img

    Latest posts