spot_img
Sunday, February 1, 2026
More
    spot_img
    Homeအမြင်နှင့်သုံးသပ်ချက်စစ်အာဏာရှင်၏ ပြည်နယ်လွှတ်တော်အောက်တွင် မည်မျှလောက် ဥပဒေပြုအာဏာ ချမှတ်နိုင်သလဲ

    စစ်အာဏာရှင်၏ ပြည်နယ်လွှတ်တော်အောက်တွင် မည်မျှလောက် ဥပဒေပြုအာဏာ ချမှတ်နိုင်သလဲ

    -

    မင်းကိုမွန် (ဝါခရူ) ရေးသည် – မွန်ပြည်နယ်တွင် တခါမှ မပေါ်ထွန်းခဲ့သော ပြည်နယ်လွှတ်တော်သည် ယခုနှစ်သစ်ပိုင်းတွင် ၂၀၁၀ ရွေးကောက်ပွဲ၏ ရလဒ်ကြောင့် ပေါ်ပေါက်လာခဲ့သည်။ ပြည်နယ်လွှတ်တော်တွင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များက ဥပဒေပြုအာဏာနှင့် ပြည်နယ်ရေးရာ နိုင်ငံရေး၊စီးပွားရေးမှ လူမှုရေးစသော အကြောင်းအရာများကို ဥပဒေနှင့်အညီ ဆောင်ရွက်ရန် တာဝန်ရှိကြသည်။မန်မာပြည် အသွင်းကူးပြောင်းရေးကာလတွင် ပြည်နယ်လွှတ်တော်သည် အစိတ်အပိုင်းဖြစ်ပြီး ပြည်နယ်တွင် နေထိုင်ကြသော နိုင်ငံသားများကိုယ်စား ပြည်နယ်တိုးတက်ရေး ပြည်နယ်နိုင်ငံသားများ စားဝတ်နေထိုင်သက်သာ ချောင်ချိရေးစသော တိုင်းရေးပြည်ရေး ကိစ္စတွေကို အကောင်ထည် ဖေါ်ရမည်။ ပြည်နယ်လွှတ်တော်၏ ဖွဲ့စည်းပုံနှင့် အကျိုးသက်ရောက်မှု ဥပဒေပြုမှုအာဏာနှင့် ဖွဲ့စည်းပုံအောက်တွင် တိုင်းပြုပြည်ပြု အမျိုးသားလွှတ်တော်၊ ပြည်သူ့လွှတ်တော်နှင့်ဆက်စပ်ပြီး အဘယ်မျှလောက် မွန်ပြည်နယ်လွှတ်တော် အကျိုးသက်ရောက်ရှိသလဲ ဆိုသည်ကို နိုင်ငံရေးသမားများက ဒီမိုကရေစီ တိုက်ပွဲဝင်သူတိုင်း စိတ်ဝင်စားကြသည်။ ၂၀၁၁ တွင် အဘယ်မျှလောက် မွန်ပြည်နယ်လွှတ်တော်နှင့် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်များ ထိရောက်မှုအကျိုးစီးပွား ဖော်ဆာင်မှု လုပ်ခဲ့ အကောင်အထည် ဖေါ်ခဲ့သည်ကို ဒီပြင်ကာလ နှစ်ကုန်ပိုင်းတွင် သိသိသာသာ တွေ့မြင်ရပေလိမ့်မည်။ အစဦးတွင် ပြည်နယ်လွှတ်တော်တွင် မည်သူတွေက အာဏာချုပ်ကိုင်ထားသလဲ လေ့လာသုံးသပ်ကြပါစို့။

    ပြည်နယ်လွှတ်တော်တွင် လွှတ်တော်ကိုယ်စားလှယ် ၃၁ ဦးအနက် (ကြံ့ခိုင်ဖြိုးပါတီ) ကိုယ်စားလှယ် ၁၁ ဦး၊ တပ်မတော် ကိုယ်စားလှယ် ၈ ဦးနှင့် တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ (National Unity Party – NUP) က ၃ ဦး ဖြစ်နေခြင်းကြောင့် မည်သည့်လျှို့ဝှက်မဲ အချိုးချမဲခွဲပေးစနစ် ဖြစ်စေကာမူ မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ (AMDP) အတွက် (၇) မျှသာ ကိုယ်စားမဲပြုသောကြောင့် ဥပဒေပြုအာဏာတွင် တစုံတရာ အောင်မြင်ရန် အခက်အခဲတွေရပေမည်။ မွန်သတင်းအေဂျင်စီ၏ သတင်းပို့ချက်အရ မွန်လွှတ်တော် ကိုယ်စားလှယ်က ပြည်နယ်လွှတ်တော်ဥက္ကဌနှင့် ဒုဥက္ကဌ ရာထူးကို အရွေးခံသော်လည်း မိမိတို့ပါတီမှ မဲ (၇) မဲသာရသည်။ ဤတွင် မျှော်မှန်းချက်နှင့် လက်တွေ့အရ အကောင်အထည် ဖေါ်ရာတွင် အခက်တွေ့နေသော ဒီမိုကရေစီ ကျင့်စဉ်ဖြစ်သည်။

    တပ်မတော်ဦးဆောင်သော စစ်အာဏာရှင် လွှတ်တော်တွင် တပ်မတော်ကို စိတ်နှင့်တောင် ပစ်မှားယင် အရေးယူသောကြောင့် လွှတ်တော်ကို ပုန်ကန်ဆန့်ကျင်ရန် အလျဉ်အခက်အခဲ ရှိပေလိမ့်မည်။ မွန်ပြည်နယ်တွင် မွန်အမျိုးသားအများမှ ဖြစ်သောကြောင့် မွန်အမျိုးသားတို့၏ အခွင့်အရေးကို ဥပဒေအရ ရယူရန် တိုက်ပွဲဝင်လိုသော မွန်လွှတ်တော် ကိုယ်စားလှယ် (၇) ဦသည် လက်တွေ့တွင် မိမိတို့ တင်သွင်သော ဥပဒေမူကြမ်းကို အများဆုံးမဲရရန် ကြိုးစားသော်လည်း တပ်မတော်နှင့် ကြ့ံခိုင်ရေးပါတီတို့ ထောက်ခံမှုမရှိလျှင် မရလျှင် အရာမထင်ချေ။ သို့ဆိုလျှင် ပြည်နယ်လွှတ်တော်တွင် ဥပဒေဘောင်အတွင်း ဥပဒေပြုအာဏာနှင့်အညီ မွန်အမျိုးသားတို့၏ အခွင့်အရေး၊ ကျေးလက်ဒေသ တိုးတက်ထွန်းကား၍ ပညာရေးတိုးတက်ထွန်းကားရေးနှင့် စာပေယဉ်ကျေးမှု တည့်တန့်ခိုင်မြဲရေး စသော စီမံကိန်းများကို လွှတ်တော်၏ အမှိုက်ပုံတွင် အပယ်ချခံရန်သာ ရှိနေသည်။

    ဤအခြေအနေအောက်တွင် နိုင်ငံရေးအကင်းပါးရန် အလွန်ပင်အရေးကြီးပေသည်။ လွှတ်တော် ကိုယ်စားလှယ်ဦးရေအရ လျှို့ဝှက်မဲစနစ်အရ မိမိတို့ အောင်မြင်ရန် လမ်းမပွင့်သော အခြေအနေတွင် ထွက်ရပ်ပေါ်က်ရှာရန် လိုအပ်လာသည်။ ခေတ်သစ် ဒီမိုကရေစီအောင်တွင် ပြည်သူ့ကြိုက်သော အများကြိုက်သော အများထောက်ခံနိုင်သော နိုင်ငံရေးကိစ္စ ဥပဒေပြုရေးကိစ္စတွင် မွန်လွှတ်တော် ကိုယ်စားလှယ်များ ကြိုးပမ်းရမည်။ မွန်ပြည်နယ်တွင် ခြံစိုက်သမား၊ လယ်သမားနှင့် တောင်သူများသောကြောင့် လယ်မြေကိစ္စ မြေခွန်ယာခွန်ကိစ္စ စိုက်ပျိုးရေးနှင့် ကူးသန်းရောင်းဝယ်ရေးကိစ္စ စသော လူတိုင်းလူတိုင်း လုပ်ကိုင်နေသော ကိစ္စအထွေထွေကို ဥပဒေအသစ်ပြုပြီး ပြည်နယ်အကျိုးစီးပွားထွန်းကားရန် ပြည်သူများနှင့်အတူ ဥပဒေနှင့်အညီ ကြိုးပမ်းရမည်။

    မွန်ပြည်နယ်၏ သဘာဝအချက်ချကျသော မော်လမြိုင်ဆိပ်ကမ်း ကျိုက်ထီးရိုး အပန်းပြေစခန်းနှင့် မော်လမြိုင်တောင်တန်းတွင် နိုင်ငံခြားဧည့်သည်များလာရောက် အလည်ပတ် ခရီးထွက်ပြီး အပန်းဖြေရေးအတွက် ပြည်နယ်စီးပွားရေးကို အထောက်အပံ့ပြုသောကြောင့် လွှတ်တော်တွင် ဥပဒေအသစ် တင်သွင်းပြီး လုပ်ကိုင်ခွင့်ရရန် ကြိုးပမ်းကြရမည်။

    မွန်ပြည်နယ်၏ အနာဂတ်ငြိမ်ချမ်းရေးနှင့် တိုးတက်ထွန်းကားရေးအတွက် ပြည်နယ်ပညာရေးကို ဦးစားပေးပြီး မြန်မာပြည်တွင် အတော်ဆုံးပညာရေး ပြည်နယ်အဖြစ် အောင်မြင်ရန် ပြည်နယ်လွှတ်တော်တွင် ဥပဒေပြုပြီး ပညာရေးစီမံကိန်းနှင့် ပြုပြင်မှုများကို မွန်အမတ်တော်များ ကြိုးစားပေးရန် တိုက်တွန်းပါရစေ။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,700SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks