spot_img
Thursday, February 19, 2026
More
    spot_img
    Homeသတင်းအလုပ်သမား ၅၀၀ လုပ်ခအဖြတ်ခံရ၊ စားဝတ်နေရေး အခက်အခဲဖြစ်

    အလုပ်သမား ၅၀၀ လုပ်ခအဖြတ်ခံရ၊ စားဝတ်နေရေး အခက်အခဲဖြစ်

    -

    မင်းတော်လ၀ီ – ထိုင်းနိုင်ငံ ရတ်ချာဘူရီမြို့အနီး၀န်းကျင်ရှိ ၀က်ခြံများတွင် အလုပ်လုပ်နေသော မြန်မာနိုင်ငံမှ အလုပ်သမားများသည် အလုပ်ရှင်တို့မှ လုပ်ခထက်ဝက် ဖြတ်တောက်သည့်အတွက် စားဝတ်နေရေး အကျပ်အတည်းနှင့်ရင်ဆိုင်နေရကြောင်း သိရသည်။ရတ်ချာဘူရီခရိုင် ပါထောမြို့နယ် ဘလန်ခန်ဒေသရှိ ၀က်ခြံပေါင်း ငါးဆယ်ကျော်တွင် မြန်မာ အလုပ်သမား ငါးရာကျော် အလုပ်လုပ်ကိုင်နေပြီး အလုပ်လုပ်ခွင့်လက်မှတ်မရှိသူအရေအတွက်များပြီး ၄င်းလက်မှတ်မရှိသည့်အလုပ်သမားများက လုံခြုံရေးအတွက် တာဝန်ယူထားသော အလုပ်ရှင်အား တစ်လလျှင် ဘတ် ၅၀၀ ပေးရသည်ဟု ၀က်ခြံမှှ မြန်မာအလုပ်သမား ကိုစန်းရွှေက ပြောသည်။

    “၀က်ခြံမှာ မြန်မာအလုပ်သမားများတယ်၊ နေ့စားလုပ်ခတော့ တစ်နေ့ဘတ် ၁၇၀ ရကြတယ်၊လက်မှတ်ရှိရှိ မရှိရှိ အားလုံးအတူတူပဲ။ တစ်လ အလုပ်ဆင်းခဲ့တဲ့လူကို ၁၅ ရက်အတွက် တစ်ခါပဲ လုပ်ခထုတ်ပေးတယ်။ ပျက်ရက်ကို နှုတ်တယ်” ဟု ကိုစန်းရွှေက ဆက်ပြောသည်။

    ၀က်ခြံအလုပ်သမားများသည် တစ်ပတ်တွင်တစ်ရက် ပိတ်ရက်အဖြစ် အလှည့်ကျနားခွင့်ရပြီး တစ်လလျှင် လုပ်ခအဖြစ် ဘတ် ၄၀၀၀ ကျော်ရရှိမည်ဖြစ်သော်လည်း လုပ်ခငွေရှင်းသည့်အခါ (၁၅) ရက်အတွက်လုပ်အားခကိုသာ ဘတ် ၂၀၀၀ ခန့်သာရကြသည်ဟု ၀က်ခြံအတွင်း ၂ နှစ် ကျော်လုပ်ခဲ့သည့် ကိုသန်းလွင်က ပြောသည်။ တစ်လအတွင်း နှစ်ကြိမ်ရှင်းရမည့်လုပ်အားခကို အလုပ်ရှင်မှ အပြည့်အဝမပေးဘဲ တစ်ကြိမ်ခန့်သာ ရှင်းပေးသည်။

    အလုပ်ရှင်မှ လုပ်ခအပြည့်အဝမပေးရခြင်းမှာ အလုပ်၌ အလုပ်သမားများ တာရှည်မြဲနေစေရန်နှင့် အလုပ်သမားများအပေါ် ခေါင်းပုံဖြတ်ယူထားသည့်လုပ်အားခများမှာ အလုပ်ရှင်သူဋ္ဌေးများအတွက် အရင်းအနှီး ဖြစ်စေတယ်၊ ၄င်းအပြင် တချို့အလုပ်သမားများ အလုပ်ထွက်သွားသည့်အတွက် အလုပ်ရှင်ထံတွင် ငွေကျန်နေခဲ့ပြီး အလုပ်သမားများ အများ အပြား နစ်နာသွားသည်ဟု ကိုသန်းလွင်က ဆက်ပြောသည်။

    “ဒီလိုမဖြစ်ဖို့ အလုပ်သမားတွေက အလုပ်သမားအဖွဲ့အစည်းတခုခုမှာ ၀င်ထားဖို့လိုတယ်၊အလုပ်သမားအခွင့်အရေးကူညီဆောင်ရွက်နေတဲ့ အန်ဂျီအိုအဖွဲ့အစည်းတွေရဲ့ အကူအညီကိုရယူပြီ အဖွဲ့အစည်းတွေက အလုပ်ရှင်နဲ့ညှိနှိုင်းဆောင်ရွက်ပေးနိုင်မယ်” ဟု ရာမညအလုပ်သမားသမဂ္ဂမှ ဒါရိုက်တာ နိုင်ကောင်းတလရော့ ကပြောသည်။

    ၀က်ခြံအလုပ်သမားများသည် အများအားဖြင့် ကျန်းမာရေးထိခိုက်မှုများရှိနေကြပြီး ဆေးပေးခန်းနှင့် ဆေးရုံသို့ မကြာခဏ သွားရကြောင်း အဆုတ်ပွရောဂါနှင့် ယားနာရောဂါများအဖြစ်များသည့်ဟု ဆရာ၀န်ဆေးမှတ်တမ်းအရ သိရကြောင်း ၀က်ခြံ၌ အလုပ်ကြီးကြပ်နေသည့် မြန်မာအလုပ်သမားကြီးတစ်ဦးက ပြောသည်။

    ဖျားနာချိန်၊ အလုပ်လုပ်ခွင့်လက်မှတ်ရှိသူများကို ထိုင်းအစိုးရမှ သတ်မှတ်သည့်ဆေး၀ါးခ ဘတ် ၃၀ သာခံစားရသည့်သူများရှိသလို မခံစားရသူတွေကများသည်၊ ကျန်းမာရေးကြောင့် အလုပ်လုပ်ရက် ပျက်ကွက်ပြီး ငွေကြေးမရ၍ စားစရိတ်ပင် မရှိသည့် အလုပ်သမားများလည်း ရှိသည်ဟု အလုပ်ကြီးကြပ်နေသည့် မြန်မာအလုပ်သမားကြီးက ဆက်ပြောသည်။

    ရတ်ချပူရီမြို့နှင့်ပတ်၀န်းကျင်မှာ ၀က်မွေးမြုရေးခြံ နခွန်ပထုံမြို့ အနီးအနားမှာလည်း ၀က်မွေးမြုရေးခြံများစွာရှိပြီး မြန်မာအလုပ်သမားအလုပ်သမားဦးရေ အများဆုံး အလုပ်လုပ်ကိုင်နေကြပါသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,900SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks