spot_img
Saturday, August 2, 2025
More
    spot_img
    Homeသတင်းမွန်ပြည်နယ် လွှတ်တော်သဘာပတိသစ် မြေသိမ်း

    မွန်ပြည်နယ် လွှတ်တော်သဘာပတိသစ် မြေသိမ်း

    -

    မိကျဲဂို – မွန်ပြည်နယ် မုဒုံမြို့နယ် တောင်ညိုတောင်တန်းအနောက်ဘက်ရှိ ရော်ဘာခြံများကို သိမ်းယူရာတွင် ခြံပိုင်ရှင်များကို သဘောတူကြောင်း မွန်ပြည်နယ်လွှတ်တော် သဘာပတိ ဦးအုန်းမြင့်က လက်မှတ်ထိုးခိုင်းနေသည်ဟု သိရသည်။

    တပ်မြေအတွက် အသိမ်းခံရသည့် မွန်ပြည်နယ် ရေးမြို့နယ်ရှိ ရာဘာခြံတခြံ (ဓာတ်ပုံ-လွတ်လပ်သောမွန်သတင်းအေဂျင်စီ)

    ၄င်းတောင်ညိုတောင်တန်း အနောက်ဘက်ရှိ သိမ်းယူမည့် ရော်ဘာခြံမြေနေရာတွင် ဒီဇင်ဘာလ နောက်ဆုံးပတ်မှ စ၍ အလံများ စိုက်ထူထားပြီး ထုံးများ သုတ်ထားသည်ဟု မုဒုံမြို့မှ မျက်မြင်ဒေသခံတစ်ဦးက ပြောသည်။

    “အစိုးရက ရော်ဘာခြံပိုင်ရှင်တွေကို သူတို့ သိမ်းယူတာကို သဘောတူတဲ့ လက်မှတ်ထိုးခိုင်းတယ်။ ခြံရှင်တွေက မကျေနပ်တဲ့အတွက် နေပြည်တော်ကို တိုင်ကြားမယ်” ဟု အသိမ်းခံရမည့် ခြံရှင်၏ အဒေါ်တစ်ဦးက ပြောသည်။ ၄င်းသိမ်းယူမည့် အလံစိုက်ထူထားသည့် ရော်ဘာခြံပိုင်ရှင် စုစုပေါင်း ၅၈ ဦးခန့်ရှိပြီး ဧကပေါင်း ၂၀၀၀ ခန့်ရှိသည်။

    သိမ်းယူမည့် ရော်ဘာခြံမြေများကို အိမ်ရာသစ်များ ဖော်ထုတ်ပေးခြင်း၊ ရေအားလျှပ်စစ် ထုတ်လုပ်ပေးခြင်းနှင့် တာယာစက်ရုံ တည်ဆောက်ရန် လျာထားသည်ဟု သတင်းများ ထွက်ပေါ်နေကြောင်း မုဒုံ – ကျိုက်မရောမြို့နယ် ကြားရှိ ရော်ဘာခြံပိုင်ရှင်တစ်ဦးက ပြောသည်။

    ဦးအုန်းမြင့်သည် မုဒုံမြို့နယ် ပြည်နယ်လွှတ်တော် မဲဆန္ဒနယ် အမှတ် (၁) တွင် အနိုင်ရသွားခဲ့သည့် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ကိုယ်စားလှယ်တစ်ဦး ဖြစ်သည်။

    ၄င်းမဲဆွယ် စည်းရုံးစဉ်အတွင်း ပြည်သူများအတွက် ဖွံ့ဖြိုးရေးများကို ပြုလုပ်ဆောင်ရွက်ပေးမည်ဟု ကတိပေးထားသည့်အတွက် ၄င်းဖွံ့ဖြိုးရေးလုပ်ငန်းများကို အလျင်စလို အတင်း စီစဉ်၊ ရှာဖွေ အကောင်အထည်ဖော်လျှက် ရှိသည်။

    ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီသည် ရွေးကောက်ပွဲကာလအတွင်း ပြည်သူ့အတွက် နိုင်ငံတော် တည်ငြိမ်အေးချမ်းအောင် ဆောင်ရွက်မည်၊ နိုင်ငံတော် ခေတ်မီဖွံ့ဖြိုး တိုးတက်အောင် ဆောင်ရွက်မည်၊ ရေ မီး ရရှိရေးအတွက် ကြိုးပမ်းပေးမည်ဟု ကတိပြုထားသည်။

    ၄င်းနေရာအပြင် မုဒုံမြို့နယ်အတွင်းရှိ ကန်ကြီး၊ ကွမ်လှာ-ရောင်းဒေါင်းကျေးရွာအကြားရှိ နေရာများတွင်လည်း လျှပ်စစ်ဓာတ်အားများ ထုတ်လုပ်ရန် ရှိသည်ဟု သတင်းများ ထွက်ပေါ်နေသည်ဟု ဒေသခံတို့က ပြောသည်။

    ရော်ဘာခြံများကို သိမ်းယူမည့်သတင်းများကြောင့် ရော်ဘာခြံ ဝယ်ယူမည့်သူများ ခြံမဝယ်ယူရဲသည့်အတွက် ရော်ဘာခြံစျေးနှုန်း ကျသွားခဲ့သည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    36,100SubscribersSubscribe
    spot_img

    Latest posts