Saturday, March 14, 2026
More
    spot_img
    Homeသတင်းပြည်သူ့ အသိမ်းဆည်းခံမြေများ ပြန်လည်ရရှိအောင် မွန်ပါတီ တောင်းဆိုမည်

    ပြည်သူ့ အသိမ်းဆည်းခံမြေများ ပြန်လည်ရရှိအောင် မွန်ပါတီ တောင်းဆိုမည်

    -

    လဝီဝင်၊ ဂျူရီချိုင်းပြည်သူတို့ တင်ပြလာသည့် ဆန္ဒများအနက် လယ်မြေအသိမ်းခံရမှုကို ယခုလာမည့် ဇန်နဝါရီလကုန်တွင် ခေါ်ယူမည့် လွှတ်တော်တွင် အဓိက အဆိုပြုမည် ဖြစ်ကြောင်း မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီက ပြောသည်။

    ရေးမြို့နယ်နဲ့ ကျိုက်မရောမြို့နယ်ဘက်မှာ ပြည်သူတွေရဲ့ မြေကို သိမ်းဆည်းထားတာ မနည်းဘူး” ဟု မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ ဥက္ကဌ နိုင်ငွေသိန်းက ပြောသည်။

    မြေအသိမ်းခံရသည့် လယ်ရှင် ခြံရှင်များကို မိမိဆန္ဒ မပါဘဲ လျော်ကြေးငွေ မယူရန်နှင့် လျော်ကြေးငွေ ယူပါက မြေအသိမ်းခံရမှုကိစ္စကို အရေးဆိုရန် အခက်အခဲ ရှိကြောင်း မွန်ပါတီက လယ်ရှင် ခြံရှင်များကို ရှင်းပြခဲ့ကြောင်း နိုင်ငွေသိန်းက ပြောသည်။

    လွန်ခဲ့သည့် သီတင်းပတ်တွင် ရွေးကောက်ပွဲ အနိုင်ရ မွန်ပါတီ အမတ်များက မိမိတို့ ဝင်ရောက်အရွေးခံသည့် မဲဆန္ဒနယ်များတွင် ကွင်းဆင်းကာ ပြည်သူ့ဆန္ဒကို လိုက်လံကောက်ခံခဲ့ပြီး ပြည်သူများက လယ်ယာမြေ အသိမ်းခံရမှုကို အရေးဆိုပေးရန် မွန်ပါတီသို့ တင်ပြခဲ့သည်။

    ၂၀၀၀ ခုနှစ်စပြီး ၂၀၁၀ ခုနှစ်အထိ တပ်မြေချရန်အတွက် မွန်ပြည်နယ်မှ သံဖြူဇရပ်မြို့နယ်၊ ရေးမြို့နယ်နှင့် တနသာင်္ရီတိုင်း ရေဖြူမြို့နယ်တွင် သိမ်းထားခဲ့သည့် မြေဧက အားလုံးပေါင်း ၁,၂၀၀၀ ဧကရှိကြောင်း၊ ထို့အပြင် ကျိုက်မရောမြို့နယ်တွင် ဘိလပ်မြေစက်ရုံ ဆောက်ရန်အတွက် လယ်မြေများ သိမ်းဆည်းခဲ့သည်လည်း ရှိကြောင်း မွန်လူ့အခွင့်အရေး ဖောင်ဒေးရှင်း၏ စာရင်းဇယား ပြုစုချက်အရ သိရသည်။

    ၂၀၀၄ ခုနှစ် ဗိုလ်ချုပ်ခင်ညွန့် အာဏာရှိစဉ်ကာလတွင် မွန်ပြည်သစ်ပါတီက ရေးမြို့နယ်အတွင်းရှိ တပ်တည်ရန်အတွက် မြေအသိမ်းခံရသည့် ပြည်သူများကို လျှော်ကြေးငွေ (သို့မဟုတ်) ပိုလျှံနေသည့်မြေများကို ပြန်လည်ပေးအပ်ရန် တောင်းဆိုခဲ့ကြောင်း၊ ဗိုလ်ချုပ် ခင်ညွန့် အထိန်းသိမ်းခံရပြီးနောက်တွင် လျော်ကြေးကိစ္စ ပျောက်သွားကြောင်း မွန်ပြည်သစ်ပါတီနှင့် နီးစပ်သူတဦးက ပြောသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,200SubscribersSubscribe

    Latest posts

    Enable Notifications OK No thanks