spot_img
Sunday, February 1, 2026
More
    spot_img
    Homeသတင်းမွန်အမျိုးသားနေ့မှာ တိုင်းရင်းသားခေါင်းဆောင်များ ဖိတ်ကြားမည်

    မွန်အမျိုးသားနေ့မှာ တိုင်းရင်းသားခေါင်းဆောင်များ ဖိတ်ကြားမည်

    -

    ၆၄ ကြိမ်မြောက် မွန်အမျိုးသားနေ့ ဖြစ်မြောက်ရေး ကော်မတီဝင်များ အစည်းအဝေးကျင်းပနေစဉ်

    နိုင်မာန် – ၆၄ ကြိမ်မြောက် မွန်အမျိုးသားနေ့မှာ တိုင်းရင်းသားခေါင်းဆောင်များကိုပါ ဖိတ်ကြားသွားမည်ဟု ၇ ကြိမ်မြောက် အစည်းအဝေးမှာ မွန်အမျိုးသားနေ့ဖြစ်မြောက်ရေးကော်မတီမှ ဆုံးဖြတ်ခဲ့သည်။

    နှစ်စဉ် နှစ်တိုင်း  ကျင်းပလာခဲ့သည့် မွန်အမျိုးသားနေ့တွေမှာ တိုင်းရင်းသားခေါင်ဆောင် စုံစုံညီညီ ဖိတ်ကြားလာခဲ့ခြင်းမရှိပဲ၊ အထူးသဖြင့် ရွေးကောက်ပြီးသွားပြီးနောက်ပိုင်းကာလ မွန်အမျိုးသားနေ့ဖြစ်မြောက်ရေးကော်မတီတို့က တိုင်းရင်းသားခေါင်းဆောင်အားလုံး ဖိတ်ကြားရန် ဆုံးဖြတ်ခဲ့သည်။

    “မနှစ်က ကျနော်တို့ ကရင်ခေါင်းဆောင်တွေကိုပဲ ဖိတ်တယ်၊ သူတို့က ကျနော်တို့နဲ့ နီးစပ်ပြီးသားလည်းဖြစ်တယ် ခါတိုင်းလည်း တက်ဖြစ်တဲ့လူတွေလည်းဖြစ်တယ်၊ ဒီနှစ်မှာတော့ တိုင်းရင်းသားခေါင်းဆောင်အားလုံး တက်ရောက်ဖို့ ဖိတ်ခေါ်မှာဖြစ်တယ်” ဟု မွန်အမျိုးသားနေ့ ဖြစ်မြောက်ရေး ကော်မတီအတွင်းရေးမှူးက ပြောသည်။

    တိုင်းရင်းသားခေါင်းဆောင်များကို ဖိတ်ကြားရာမှာ မြန်မာ့အလင်းသတင်းစာမှတဆင့် ကြေငြာသွားမှာဖြစ်ကြောင်းလည်း ၄င်းက ပြောသည်။

    မွန်အမျိုးသားနေ့ကျင်းပမည့်ရက်မှာလည်း မွန်တို့၏ ရိုးရာ ခရုသင်းမှုတ်ခြင်းဖြင့် ဖွင့်ပွဲအခမ်းအနားကို စတင်မည်ဖြစ်ကြောင်းလည်း သိရသည်။

    ဖေဖော်ဝါရီလ ၁၉ ရက်နေ့မှာ ကျရောက်သည့် မွန်အမျိုးသားနေ့ မြေစိုက်ပိုစတာကို ကလျာဏီသိမ်နှင့် ခေတ်အဆက်ဆက်က ဖျက်ဆီးခံထားရသည့် ကလျာဏီကျောက်စာပုံများဖြင့် သရုပ်ဖော်သွားမည်ဖြစ်သည်။

    ကလျာဏီသိမ်နှင့် ကလျာဏီကျောက်စာကို ၁၅ ရာစုတွင် ဟံသာဝတီနေပြည်တော်ကို စိုးစံသည့် မွန်ဘုရင် ဓမ္မစေတီမင်းတရားကြီးက ဆောက်လုပ် လှုဒါန်း ရေးထိုးခဲ့သည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,700SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks