Monday, March 16, 2026
More
    spot_img
    Homeသတင်းပြည်နယ်လွှတ်တော်ရုံးအတွက် ပယကရုံးနေရာတွင် ပြင်ဆင်

    ပြည်နယ်လွှတ်တော်ရုံးအတွက် ပယကရုံးနေရာတွင် ပြင်ဆင်

    -

    မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီနှင့် မွန်ပြည်သူများ တွေ့ဆုံဆွေးနွေးစဉ်

    ရိုင်မရော့ – မွန်ပြည်နယ်အတွက် ပြည်နယ်လွှတ်တော်ရုံးကို မော်လမြိုင်မြို့ရှိ ပြည်နယ်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ (ပယက) ရုံနေရာမှာ ထားရှိမည်ဟု သိရပါသည်။

    “ပြည်နယ်လွှတ်တော်ရုံးကို  အခုပယကရုံနေရာမှာ ထားမယ်လို့ ပြောတယ်၊ အခုတောင် အဲဒီပယကရုံးကို ပြန်လည်ပြုပြင်တည်ဆောက်မှုတွေ လုပ်နေတယ်” ဟု မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ ဥက္ကဌ နိုင်ငွေသိန်းက ပြောသည်။

    ယခုလက်ရှိအခြေအနေတွင် လွှတ်တော်ရုံးအတွက် အဆောက်အဦးမရှိသေးသောကြောင့် ပယကရုံးကို ယခုလို ပြည်နယ်လွှတ်တော်ရုံးအဖြစ်ထားရှိရန် ပြုပြင်ဆာင်ရွက်နေကြသည်ဟု နိုင်ငွေသိန်းက ပြောသည်။

    ပထမအကြိမ် ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော်အစည်းအဝေးများကို နေပြည်တော်ရှိ ပြည်သူ့လွှတ်တော်အစည်းအဝေးခန်းမနှင့် အမျိုးသားလွှတ်တော်အစည်းအဝေးခန်းမတို့၌ လာမည့် ဇန်နဝါရီလ ၃၁ ရက်နေ့တွင် စတင်ကျင်းပရန် နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီက ဖိတ်စာပို့ပေးပြီး   ခေါ်ယူအကြောင်းကြားထားသည်။

    တဆက်တည်းမှာပင် ယခုကျင်းပမည့် ပထမအကြိမ် ပြည်သူ့လွှတ်တော်၊ ပြည်နယ်လွှတ်တော်၊ တိုင်းဒေသကြီး (သို့မဟုတ်) အမျိုးသားလွှတ်တော်အတွက် ဥပဒေ၊ နည်းဥပဒေစာအုပ် (၁၇) မျိုးကိုလည်း ထုတ်ဝေလိုက်သည်။

    “လွှတ်တော်ခေါ်ဖို့တော့ ကြေငြာပြီးသွားပြီ ဒါပေမယ့် ကျနော်တို့လို ပါတီတွေကိုတော့ အကြောင်းမကြားရသေးဘူး၊ ဘယ်လိုလုပ်မလဲ ဘယ်လိုအစီအစဉ်တွေရှိလဲဆိုတာတော့ မသိသေးဘူး” ဟု ဥက္ကဌနိုင်ငွေသိန်းက ပြောသည်။

    မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီအနေနှင့် လွှတ်တော်ဝင်မည့် ကိုယ်စားလှယ်များ ဆွေးနွေးတင်ပြရန်အတွက် ပြင်ဆင်မှုများ လုပ်ထားပြီး မွန်လူမျိုးတို့၏ ပညာရေး သင်ကြားခွင့်ကို အဓိကအချက်တစ်ခုအနေဖြင့် တင်ပြဆွေးနွေးရန်ရှိသည်။

    နိုဝင်ဘာလ ၇ ရက်နေ့မှာ ကျင်းပခဲ့သည့် ရွေးကောက်ပွဲမှာ မွန်ပြည်နယ်အတွင်းတွင် မွန်တမျိုးသားလုံးကို ကိုယ်စားပြုသည့် မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီနှင့် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၊ ဖလုံ-စဝေါ်ဒီမိုကရက်တစ်ပါတီ၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ၊ ဒီမိုကရက်တစ်ပါတီ (မြန်မာ) တို့ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြသည်။

    မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီသည် မွန်ပြည်နယ်အတွင်းတွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၏ အဓိက ပြိုင်ဘက်ပါတီတစ်ပါတီဖြစ်သည်။

    မွန်ပြည်နယ်အတွင်း ဝင်ပြိုင်သည့်ပါတီများအနက် မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီသည် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၏ အဓိက ပြိုင်ဘက်ပါတီ တစ်ပါတီဖြစ်သည်။

    မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီသည် ရွေးကောက်ပွဲမှာ ကိုယ်စားလှယ်လောင်း ၃၄ နေရာ ပါဝင်ယှဉ်ပြိုင်ခဲ့ပြီး၊ ၁၆ နေရာ အနိုင်ရရှိခဲ့သည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,200SubscribersSubscribe

    Latest posts

    Enable Notifications OK No thanks