spot_img
Sunday, February 1, 2026
More
    spot_img
    Homeသတင်းငါးထောင်တန် ငွေစက္ကူအတုကြောင့် ပြည်သူများ ၄င်းငွေစက္ကူ မကိုင်လို

    ငါးထောင်တန် ငွေစက္ကူအတုကြောင့် ပြည်သူများ ၄င်းငွေစက္ကူ မကိုင်လို

    -

    ဂျူရီချိုင်း – မွန်ပြည်နယ်နှင့် ထိုင်းမြန်မာနယ်စပ်ဒေသတွင် မြန်မာငွေစက္ကူကျပ် ၅၀၀၀ တန်အတု ထွက်ပေါ်နေသည့်သတင်းကြောင့် ၄င်း ၅၀၀၀ ကျပ်တန် ကိုင်ဆောင်အသုံးပြုရန် ထိတ်လန့်နေကြသည်။

    အဆိုပါ ကျပ် ငါးထောင်တန် ငွေစက္ကူအတုများကို ငွေလွှဲသောအိမ်များမှတဆင့် လက်ခံရရှိကာ ယခုကဲ့သို့ ပြန့်နေရခြင်းဖြစ်ပြီး ငွေလွှဲဆိုင်များသည်လည်း ၄င်းပိုက်ဆံများကို ဘဏ်မှထုတ်လာရာတွင် ယခုကဲ့သို့သော ငွေစက္ကူအတုများလည်း ပါလာသည်ဟု ငွေလွှဲဆိုင်များက ပြောဆိုကြသည်။

    “အဲဒီလို ပိုက်ဆံအတုတွေပါလာရင် ဖုန်းကဒ်တို့ ဒါမမဟုတ် ပစ္စည်းတစ်ခုခုကို အဲဒီပိုက်ဆံနဲ့ မြန်မြန် ပြန်ဝယ်လိုက်တယ်။ ငွေလာယူတဲ့သူတွေကို ပေးလိုက်တာလည်းရှိတယ် ကိုယ်လက်ကနေ မြန်မြန်ကျွတ်အောင်လို့လေ။ တချို့ကြတော့ ပြန်လာလဲတာရှိတယ်။ မသိတဲ့လူတွေတော့ လက်ခံပြီး ယူသွားကြတယ်” ဟု မော်လမြိုင်မြို့မှ ငွေလွှဲသူတစ်ဦးက ပြောသည်။

    လွန်ခဲ့သည့် ရက်သတ္တပတ်တွင် မွန်ပြည်နယ် ရေးမြို့နယ်မြောက်ပိုင်း အင်ဒင်ကျေးရွာ၌ ငါးထောင်ကျပ်တန်များထဲ၌ ငါးထောင်တန်ငွေစက္ကူအတု သုံးလေးရွက်ကို ငွေလွှဲအိမ်မှ ကြားညှပ်ထည့်ပေးခဲ့သည့်အတွက်  ရရှိလာခဲ့ကြောင်း အင်ဒင်ရွာသူတစ်ဦးက ပြောသည်။

    “ပိုက်ဆံအများထဲမှာ ငါးထောင်တန်အတုတွေပါလာခဲ့တယ်၊ ကိုင်ကြည့်ဒါနဲ့ သိတယ် အစစ်နဲ့မတူဘူး” ဟု ၎င်းက ပြောသည်။ ငါးထောင်ကျပ်တန်ငွေစက္ကူအတုများ ပြန့်နှံ့နေသည့်သတင်းကြောင့် ၎င်းငွေစက္ကူကို ပြည်သူများ ကိုင်ဆောင်အသုံးပြုနေသော်လည်း သတိထားပြီးသုံးနေကြကြောင်း သိရသည်။

    ၎င်းငါးထောင်တန်ငွေစက္ကူအတုကို လက်ခံရရှိထားသောသူများက မိမိထံမှငွေစက္ကူအတု လက်ဝယ်ကိုင်ဆောင်သည့်သတင်း မပေါက်ကြားအောင် သိမ်းဆည်းပြီး ဖျက်ဆီးလိုက်သူလည်းရှိကြောင်း သိရသည်။

    ဒီဇင်ဘာလ ပထမပတ်ခန့်မှ ငါးထောင်တန် ငွေစက္ကူအတု  ပြန့်နှံ့မှုနှင့်ပတ်သက်သည့် သတင်းကြားနေရသော်လည်း တရားခံအဖြစ်ဖမ်းဆီးခြင်းမရှိသည့်အတွက် ယခုနောက်ပိုင်းတွင် နေရာတော်တော်များများ၌ ၎င်း ငွေစက္ကူအတု တွေ့ရှိနေသည့်ကိုကြားနေရကြောင်း လမိုင်းမြို့ခံက ဆက်ပြောသည်။

    ထိုနည်းတူ မွန်ပြည်နယ်တောင်ပိုင်း လမိုင်းမြို့နယ်ခွဲတွင် ငွေစက္ကူအတုသတင်းကြောင့်  ငါးထောင်ကျပ်တန်အစစ် ရရှိထားသူများလည်း ၄င်းကို မိမိတို့လက်ဝယ် မကျန်ရှိအောင်အသုံးပြုနေရကြောင်း သိရသည်။

    အများအားဖြင့် ကျပ် တစ်ထောင်တန်ကိုသာ ပြည်သူများ ယုံကြည်မှုအပြည့်နှင့် သုံးနေကြကြောင်း လမိုင်းမြို့ခံတစ်ဦးက ပြောသည်။

    ၂၀၁၀ ဒီဇင်ဘာလ ၂၇ ရက်နေ့တွင် ထိုင်း-မြန်မာနယ်စပ် မယ်လဒုက္ခသည်စခန်း၌ မြန်မာနိုင်ငံသား ကရင်လူမျိုးတစ်ဦးထံတွင် ငါးထောင်ကျပ်တန်ငွေစက္ကူအတု ကျပ် သိန်း ၃၀ ခန့်ကို ထိုင်းအာဏာပိုင်တို့က ဖမ်းဆီးလိုက်ခဲ့ကြောင်း မြဝတီမြို့ခံတစ်ဦးက ပြောသည်။

    အဆိုပါ ငါးထောင်တန်ငွေစက္ကူအတု ဖမ်းဆီးမှုနှင့်ပတ်သက်ပြီး ယခုတွင် မြဝတီမြို့ရှိ ပြည်သူများ ငါးထောင်တန်ကို မသုံးချင်ကြကြောင်း အများအားဖြင့် ကျပ် ၁၀၀၀ တန်ကိုသာ အဓိက သုံးနေ ကြကြောင်း ငွေလဲလှယ်သည့်ဆိုင်များမှ ပေးသောငွေများကိုလည်း မယူချင်ကြဟု ၎င်းမြို့ခံက ဆက်ပြောသည်။

    ၂၀၁၀ ခုနှစ် သြဂုတ်လ ၂၂ ရက်နေ့တွင် ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ် အနန်းကွင်းကျေးရွာဂိတ်၌ မြန်မာငွေအတု ကျပ် ၂၂ သိန်းခန့်နှင့်အတူ လူ ၃ ဦးအား အနန်းကွင်းကျေးရွာ အခြေစိုက် ဗျူဟာမှူး (၁) မှ ဖမ်းဆီးရခဲ့ကြောင်း အဖမ်းခံရသူနှင့် နီးစပ်သူတစ်ဦးက ပြောသည်။ ဖမ်းဆီးခံထားရသည့် ကျပ် ၂၂ သိန်းတန်ဖို့ရှိ မြန်မာငွေစက္ကူအတုများမှာ ကျပ် ထောင်တန်များဖြစ်ကြောင်း ဖမ်းမိထားသူ ၃ ဦးကို ဗျူဟာမှူး (၁) မှ အရှေ့တောင်တိုင်းစစ်ဌာနချုပ်သို့ ပို့လိုက်ကြောင်း ၎င်းက ဆက်ပြောသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,700SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks