spot_img
Wednesday, September 17, 2025
More
    spot_img
    Homeသတင်းစစ်အစိုးရနှင့် မွန်ပြည်သစ်တို့၏ လက်ရှိအခြေအနေ

    စစ်အစိုးရနှင့် မွန်ပြည်သစ်တို့၏ လက်ရှိအခြေအနေ

    -

    နိုင်မာန် – စစ်အစိုးရဘက်မှ နောက်ဆုံးဖိအားပေးမှုအပေါ် မွန်ပြည်သစ်ပါတီအနေနှင့် လက်မခံကြောင်း ငြင်းဆိုပြီးနောက်ပိုင်း နောက်ထပ် ဖိအားတစုံတရာ ပေးလာခြင်းမရှိမှုအပေါ် သံတယဖြစ်စရာဖြစ်ကြောင်း ပါတီဝင်တွေက ပြောသည်။

    “ကျနော်တို့ ပါတီဝင်တွေအပေါ် ဘာဖိအားမှ ပေးလာတာမရှိဘူး၊ ကျနော်တို့က အဖွဲ့ငယ်တွေဖြစ်လို့ အေးဆေးတဲ့သဘောနဲ့ လွှတ်ထားတာလား ဒါမှမဟုတ် မွန်ပြည်သစ်ပါတီနဲ့ သေနတ်သံကြားရင် ပြည်တွင်းကိုပါ ကူးသွားမှာကိုဆိုးလို့လား ကျနော်တို့လည်း အကဲခတ်လို့မရဘူးဖြစ်နေတယ်၊ ကျနော်တို့အပေါ် နောက်ထပ် ဖိအားမပေးလာတာက ထူးတော့ ထူးဆန်းနေတယ်” ဟု မွန်ပြည်သစ်ပါတီ ဗဟိုကော်မတီဝင်တစ်ဦးက ပြောသည်။

    စစ်အစိုးရဘက်မှ အကယ်၍ မွန်ပြည်သစ်ပါတီအနေနှင့် နယ်ခြားစောင့်တပ် ပြည်သူ့စစ်ပုံစံနှင့် လက်နက်အပ်နှံရမည်ဆိုသည့် ကမ်းလှမ်းချက်ကို လက်မခံပါက စက်တင်ဘာလနောက်ပိုင်းမှာ မွန်ပြည်သစ်ပါတီကို ယခင် အပစ်မရပ်စဲခင်ကာလမျိုး ပြန်လည်သဘောထားမည်ဟု စစ်အစိုရးဘက်မှ ဖိအားပေးထားသည်။

    မွန်ပြည်သစ်ပါတီအနေနှင့်လည်း စစ်အစိုးရဘက်မှ ဖိအားပေးလာပြီးနောက်ပိုင်း ပြည်တွင်းရှိ ပါတီဝင်များကို ပါတီဗဟိုဝန်းကျင်ဒေသသို့ ပြန်လည်ပြောင်းရွေ့လာကြရန် ညွှန်ကြားထားသည်။
    ထိုစဉ်က ပြည်တွင်းရှိ ပါတီရုံးများ စစ်ဆေးခြင်း၊ ပါတီရုံးဆိုင်းဘုတ်ဖြုတ်ခိုင်းခြင်း၊ ကျေးရွာတွေမှာ ပါတီဝင်စာရင်းများ လိုက်လံကောက်ခြင်း အစရှိသည့် လုပ်ရပ်များရှိခဲ့သော်လည်း ယခုနောက်ပိုင်းမှာ တိတ်ဆိတ်ငြိမ်သက်နေသည်။

    “ကျနော်တို့ ပါတီဝင်တွေ စစ်သားတွေ သွားလာနေတာ ပြေပြေလည်လည်ပဲ ဘာမှလည်း နှောင့်ယှက်မှုမရှိဘူး၊ သူတို့ဘက်ကလည်း ကျနော်တို့ကို ပြောလာတာရှိတယ်၊ အရင်လိုပဲ ဆက်ဆံကြရအောင် သွားလာရင်လည်း ဘာမှမစိုးရိမ်ပါနဲ့” ဟု ဝေဇင်မှာ တာဝန်ကျနေသည့် မွန်ပြည်သစ်ပါတီ တာဝန်ခံတစ်ဦးက ပြောသည်။

    မွန်ပြည်သစ်ပါတီနှင့် စစ်အစိုးရအကြား ရွေးကောက်ပွဲပြီးသွားလျှင် ပြန်လည်ပစ်ခတ်နိုင်ဖွယ်ရှိသည်ဟု သုံးသပ်နေကြသော်လည်း ရွေးကောက်ပွဲပြီးဆုံးသွားပြီးနောက်ပိုင်းမှာလည်း စစ်အစိုရးဘက်မှ မွန်ပြည်သစ်ပါတီအပေါ် တစုံတရာပြုလုပ်လာခြင်းမရှိကြောင်း သုံးသပ်သူတွေက ပြောနေကြသည်။

    “ရေးမြို့က တံထားဖြူကို ဖြတ်မယ်ဆိုရင် လက်နက်ပါလား မပါလား အဲလောက်ပဲ မေးပြီးတော့ ဖြတ်ခွင့်ပေးတာပဲ” ဟု ပါတီဝင်တစ်ဦးက ပြောသည်။

    နယ်စပ်ဒေသဘုရားသုံးဆူမြို့မှာ နိုဝင်ဘာလ ၈ ရက်နေ့က ဖြစ်ပွားခဲ့သည့် စစ်အစိုရးနှင့် ကရင်ဗုဒ္စဘာသာတပ်မတော် (ဒီကေဘီအေ) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့သော်လည်း စစ်အစိုးရနှင့် မွန်ပြည်သစ်ပါတီတို့ဘက်မှ လှုပ်ရှားမှုတစုံတရာမရှိခဲ့ပေ။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    36,900SubscribersSubscribe
    spot_img

    Latest posts