spot_img
Saturday, December 21, 2024
More
    spot_img
    Homeသတင်းပါတီ၏ ရှေ့ဆက်လုပ်ငန်းစဉ်းအတွက် အင်အားဖြည့်

    ပါတီ၏ ရှေ့ဆက်လုပ်ငန်းစဉ်းအတွက် အင်အားဖြည့်

    -

    လွတ်လပ်သောမွန်သတင်းအေဂျင်စီ – ၂၀၁၀ နိုဝင်ဘာလတွင် ကျင်းပခဲ့သည့်ရွေးကောက်ပွဲ၌ ကိုယ်စာလှယ်လောင်း ၁၆ နေရာအနိုင်ရရှိခဲ့သည့် မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီက ပါတီရှေ့ရေးလုပ်ငန်းစဉ် ပိုမိုခိုင်မာလာအောင် ချမှတ်လုပ်ဆောင်နေသည်။

    “မြို့နယ်အလိုက် ဘယ်သူက ဘာတာဝန်၊ ဘာလုပ်၊ လုပ်ငန်းတွေ ပိုမိုပြီးတော့ သေသေချာချာဖြစ်လာအောင် လုပ်ဆောင်ထားပြီးဖြစ်တယ်” ဟု မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီဥက္ကဌ နိုင်ငွေသိန်းက ပြောသည်။

    ပါတီ၏ ရှေ့ဆက်လုပ်ငန်းစဉ်များ အခိုင်အမာလုပ်ဆောင်ရန် ပထမအကြိမ်အစည်းအဝေးမှာ ချမှတ်ထားပြီး ဒီဇင်ဘာ ၂၇၊ ၂၈ ရက်နေ့မှာ ကျင်းပသည့် ဒုတိယအကြိမ်အစည်းအဝေးမှာ လွှတ်တော်အတွက် ပြင်ဆင်မှုများ ချမှတ်သွားမည်ဟုလည်း နိုင်ငွေသိန်းက ပြောသည်။

    ပြည်သူလူထုက တင်မြှောက်ရွေးချယ်ထားသည့် ကိုယ်စားလှယ်လောင်းများလည်း လွှတ်တော်မှာ ပါတီ၏ မူဝါဒနှင့် ရပိုင်ခွင့်၊ ပြည်သူလူထုတို့၏ လိုအပ်ချက်၊ ရသင့် ရထိုက်သည့် အခွင့်အရေးတွေကို သတ္တိရှိရှိ တင်ပြ တောင်းဆိုနိုင်ရန်အတွက်လည်း ပြင်ဆင်ဆောင်ရွက်နေသည်ဟုလည်း ၄င်းက ပြောသည်။

    လွှတ်တော်ဝင်မည့် ကိုယ်စားလှယ်လောင်းများနေရာမှာလည်း နောက်ထပ်ကိုယ်စားလှယ်များ ပြန်လည်ဖြည့်စွတ်နိုင်အောင်လည်း ပါတီအနေနှင့် စီစဉ်လျှက်ရှိသည်။

    တဘက်မှာလည်း ပါတီ၏ ရေရှည်တည်တံ့နိုင်ဖို့အတွက် စီးပွားရေးလုပ်ငန်းများ လုပ်ဆောင်သွားနိုင်ရန်လည်း စီစဉ်လျှက်ရှိကြောင်း သိရသည်။

    နိုဝင်ဘာလ (၇) ရက်နေ့ ရွေးကောက်ပွဲတွင် မွန်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် တနင်္သာရီတိုင်း လွှတ်တော် သုံးရပ်၌ ကိုယ်စားလှယ်လောင်း (၃၄) ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည့် မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီမှ ကိုယ်စားလှယ် (၁၆) ဦး အနိုင်ရရှိခဲ့ကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်၏ ထုတ်ပြန်ကြေညာချက်များအရ သိရသည်။

    (၁၆) ဦးတွင် ပြည်သူ့လွှတ်တော် (၃) ဦး၊ အမျိုးသားလွှတ်တော် (၄) ဦးနှင့် ပြည်နယ်လွှတ်တော် (၉) ဦး ဖြစ်သည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    31,300SubscribersSubscribe
    spot_img

    Latest posts