spot_img
Sunday, February 22, 2026
More
    spot_img
    Homeသတင်းတပ်ရင်းမှူးမှ ပြည်သူ့ဆိုင်ကယ် ဖျက်ဆီး

    တပ်ရင်းမှူးမှ ပြည်သူ့ဆိုင်ကယ် ဖျက်ဆီး

    -

    ထိုင်း-မြန်မာ နယ်စပ် ဘုရားသုံးဆူဂိတ်

    လွတ်လပ်သောမွန်သတင်းအေဂျင်စီ – ထိုင်း မြန်မာနယ်စပ် ဘုရားသုံးဆူမြို့ အခြေစိုက် မြန်မာတပ်ရင်းမှူးမှ မော်တော်ဆိုင်ကယ်ထား သည့်နေရာ၌ ပြည်သူတို့၏ ဆိုင်ကယ်ကို သံပိုက်လုံးဖြင့် ရိုက်ချိုးဖျက်ဆီးခဲ့သည့်အတွက် ပြည်သူများနှင့် အစိုးရဝန်ထမ်းအချို့တို့က မကျေမနပ်ဖြစ်နေကြသည်။

    သုံးဆူမြို့မှ အစိုးရဝန်ထမ်းတို့က သုံးဆူရှိ ခလရ ၂၈၃ တပ်ရင်းမှူး ဒုဗိုလ်မှူးကြီး မြတ်ထွန်းအေးမှ ပြည်သူများအပေါ် ယခုကဲ့သို့ အနိုင်ကျင့်ခြင်းကို လက်မခံနိုင်ကြောင်း၊ ဒုဗိုလ်မှူးကြီး၏လုပ်ရပ်အတွက် အထက်သို့ အစီရင်ခံ တင်ပြထားပြီးဖြစ်သည်ဟု အစိုးရဝန်ထမ်းနှင့် နီးစပ်သူတို့က ပြောသည်။

    ဒုဗိုလ်မှူးကြီး မြတ်ထွန်းအေးသည် နိုဝင်ဘာလ ၅ ရက်နေ့ ညနေ ၇ နာရီခန့်တွင် ထိုင်း မြန်မာနယ်စပ်ဖြတ်ဂိတ်ရှိ မြန်မာဘက်ကမ်းတွင် ရပ်နားထားသည့် ဆိုင်ကယ် ၂၇ စီးခန့် ရိုက်ချိုးဖျက်ဆီးခဲ့သည်မှာ “လူ့အခွင့်အရေး ချိုးဖောက်ခြင်းဖြစ်သည်” ဟု ဝန်ထမ်းအသိုင်းအဝိုင်းတို့က ပြောဆိုနေကြသည်။

    ဒီဇင်ဘာလ ၄ ရက်နေ့မှာ သုံးဆူမြို့ရှိ ထိုင်းဘက်ကမ်းတွင် ထိုင်းဘုရင်မွေးနေ့အထိမ်းအမှတ် စျေးပွဲတော်ကျင်းပခဲ့သည့်အတွက် သုံးဆူမှ ပြည်သူများသည် မြန်မာအစိုးရတို့မှ ပိတ်ထားသည့် နယ်စပ်ဖြတ်ဂိတ်တွင် ၄င်းတို့မော်တော်ဆိုင်ကယ်အား ရပ်နားထားပြီး စျေးပွဲတော်သို့ သွားရောက်လှည့်လည် ကြသည်။

    ဒီဇင်ဘာလ ၅ ရက်နေ့တွင် ရပ်နားထားသည့် ဆိုင်ကယ်များလှသည့်အတွက် ဒုဗိုလ်မှူးကြီးက သံပိုက်လုံးဖြင့် ဆိုင်ကယ်များကို ရိုက်ချိုးခဲ့သည်။ ဆိုင်ကယ်အချို့မှာ ဦးခေါင်းပိုင်း ကြေမွသွားပြီး အချို့မှာ ပြန်လည်ပြင်ဆင်ခ ၃၀၀၀- ၄၀၀၀ ခန့် ကုန်ကျမည်ဟု ခန့်မှန်းနေကြသည်။

    အဖွဲ့အစည်းတို့နှင့် နီးစပ်မှုမရှိသည့် ပြည်သူများသည် မြန်မာစစ်တပ် တပ်ရင်းမှူး၏လုပ်ရပ်ကို မကျေနပ်ကြောင်းကို မပြောရဲသော်လည်း အာဏာပိုင်တို့နှင့် နီးစပ်သူတို့က သက်ဆိုင်ရာသို့ တင်ပြထားသည်။

    ပြည်သူများမှာ ခါတိုင်းရက်များတွင် ထိုကဲ့သို့ ရပ်နားထားသော်လည်း အာဏာပိုင်တို့မှ တစ်စုံတစ်ရာ ပြောကြားခြင်းမရှိသည့်အတွက် ယခင်ထားမြဲနေရာတွင် ရပ်နားထားခဲ့သည်။ သို့သော် ဒုဗိုလ်မှူးကြီး မြတ်ထွန်းအေးမှ ဆိုင်ကယ်များကို သံလုံးဖြင့် ရိုက်ပြီးနောက်ပိုင်းတွင် နယ်စပ်ဖြတ်သည့်အဓိကဂိတ်တွင် ဆိုင်ကယ်ရပ်နားရန် မဝံ့သည့်အပြင် ဖြတ်သန်းမသွားလာရဲပါ။

    သို့သော် ဒီဇင်ဘာလ ၅ ရက်နေ့တွင်ကျင်းပသည့် ထိုင်းဘုရင် ဘူမိဘော အဒူယာဒက်၏မွေးနေ့အတွက် ပြည်သူများ ဖြတ်သန်းသွားလာရန်အတွက် နယ်စပ်ဖြတ်သည့်အဓိကဂိတ်အား ဖွင့်ရန် ထိုင်းအာဏာပိုင်တို့က တောင်းဆိုပြီးနောက် မြန်မာအာဏာပိုင်တို့က ယနေ့ တရက်တာ ပြည်သူများ လည်ပတ်ရန် ခွင့်ပြုပေးခဲ့သည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,900SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks