spot_img
Wednesday, November 19, 2025
More
    spot_img
    Homeသတင်းကြံ့ဖွံ့အမတ်လောင်း မဲရနည်းသည့်အတွက် မွန်ဒေသတိုးတက်ရေး ထိခိုက်နိုင်ဟု ဦးအုန်းမြင့်ပြော

    ကြံ့ဖွံ့အမတ်လောင်း မဲရနည်းသည့်အတွက် မွန်ဒေသတိုးတက်ရေး ထိခိုက်နိုင်ဟု ဦးအုန်းမြင့်ပြော

    -

    ကြံ့ဖွံ့ကိုယ်စားလှယ်များ

    လွတ်လပ်သောမွန်သတင်းအေဂျင်စီ – မွန်ပြည်နယ်အတွင်း၌ မဲဆန္ဒနယ်မြေ ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည့် ကြံ့ဖွံ့ပါတီ ကိုယ်စားလှယ်များ အရွေးခံရခြင်း နည်းသည့်အတွက် မွန်ဒေသဖွံ့ဖြိုးတိုးတက်ရေးကို ထိခိုက်နိုင်သည်ဟု ဦးအုန်းမြင့်က ပြောသည်။

    “မွန်လူမျိုးမှာ မွန်ခေါင်းဆောင်တာကို မလိုလားဘူးလား၊ မွန်လူမျိုးအချို့က အယူအဆလွဲပြီး မွန်ဒေသဇာတိသားဖြစ်တဲ့ ကောင်းတဲ့လူကို မရွေးခဲ့တာ မွန်ဒေသတိုးတက်အောင် ဆောင်ရွက်ဖို့ အနည်းငယ်ထိခိုက်မှာမို့ စိတ်မကောင်းမိပါ” ဟု မွန်ပြည်နယ် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဥက္ကဌ ဦးအုန်းမြင့်က မွန်ပြည်သူတွေကို ပြောကြားထားသည်။

    ယခုကဲ့သို့ ဦးအုန်းမြင့်၏ ပန်ကြားချက်အပေါ် ဒေသခံမွန်ပြည်သူများက အကယ်၍ မွန်ပြည်သူတွေအတွက်သာ ရည်ရွယ်ပြီး ယှဉ်ပြိုင်ပါက မွန်တမျိုးသားလုံးကို ကိုယ်စာပြုသည့် မွန်ပါတီလည်းရှိနေကြောင်း ကြံ့ဖွံ့ပါတီဝင်စရာမလိုကြောင်း ကမာဝက်ဒေသခံတစ်ဦးက ပြောသည်။

    “အကယ်၍ မွန်လူမျိုးအတွက် လုပ်မယ်ဆိုရင် ဘာဖြစ်လို့ ကြံ့ဖွံ့မှာ ဝင်ပြိုင်တာလဲ၊ မွန်ပါတီလည်း ရှိတာပဲ မွန်ပါတီမှာ ဝင်ပြိုင်ပေါ့” ၄င်းက ပြောသည်။

    မြန်မာစစ်အစိုးရ၏ ကျောထောက်နောက်ခံပါတီဖြစ်သော ကြံ့ဖွံ့ပါတီက ရွေးကောက်ပွဲမှာ အတိုက်ခံပါတီများ ဝင်ပြိုင်သလို ၄င်းတို့ကလည်း ကိုယ်ပိုင်အိတ်စိုက်ဝင်သွားလျှင် ထင်သလောက် မဲအနိုင်ရမှာမဟုတ်ဘူးလို့လည်း မုဒုံမြို့ မွန်လူငယ်တစ်ဦးက လွတ်လပ်သောမွန်သတင်းအေဂျင်စီကို ပြောသည်။

    “ကြံ့ဖွံ့ပါတီက အတိုက်ခံပါတီ ဝင်ပြိုင်သလိုမျိုး သူတို့ ပိုက်ဆံနဲ့ သူတို့ ဝင်ပြိုင်မယ် အခွင့်အရေးတွေလည်း တခြားပါတီတွေလိုပဲ ရပြီးတော့မှ ဝင်ပြိုင်မယ်ဆိုရင် သူတို့က မဲအနိုင်ရမှာ မဟုတ်ဘူး၊ အစိုးရ ငွေကို အလွဲသုံးစားလုပ်ပြီး သူတို့လုပ်ချင်တာ လုပ်နေတာ” ဟု ၄င်းက ပြောသည်။

    ကြံ့ဖွံ့ပါတီသည် မွန်လူမျိုးများနေထိုင်သော ကမာဝက်ကျေးရွာ လဝီမာန်ထောဘုန်းကြီးကျောင်းမှ ဆရာတော်ကို ချဉ်းကပ်ပြီး  တစ်ဖက်တစ်လှမ်းမှ မွန်ပါတီကို ထောက်ခံအားပေးနေသည့် သံဃာတော်များကို ဖိအားပေးခဲ့သည်။

    လဝီမာန်ထောကျောင်းမှ ကျောင်းထိုင်ဆရာတော်သည် မွန်လူမျိုးများအကြားနှင့် မွန်သံဃာတော်တွေအကြား ကြည်ညိုလေးစားရသည့်ဆရာတော်တစ်ပါးဖြစ်ပြီး မွန်စာပေနှင့် ယဉ်ကျေးမှုကော်မတီမှာလည်း ဥက္ကဌဖြစ်သည်။

    ရွေးကောက်ပွဲမတိုင်ခင်မှာလည်း ဦးအုန်းမြင့်၏ ဖိအားပေးမှုကြောင့် မွန်စာပေနှင့် ယဉ်ကျေးမှုကော်မတီမှ ပါတီဝင်တချို့က မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီမှာ ပါတီဝင်အဖြစ် ပါဝင်သူများကို ပါတီမှ နှုတ်ထွက်ခိုင်းသည်လည်း ရှိခဲ့ဖူးသည်။

    ကြံ့ဖွံ့ပါတီသည် ကရင်ပြည်နယ် မဲဆန္ဒနယ်မြေမှာ အနိုင်ရခဲ့သည့် ဖလုံ-စဝေါ်ဒီမိုကတစ်ပါတီ ကိုယ်စားလှယ်လောင်း ၈ ဦးနှင့် အခြားသောအတိုက်ခံပါတီများကိုလည်း ၄င်းတို့နှင့် ပူးပေါင်းလုပ်ဆောင်သွားရန် လိုက်လံ ညှိနှုုိင်းဆွေးနွေးေနေသည်ဟု သိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,000SubscribersSubscribe
    spot_img

    Latest posts