spot_img
Sunday, November 23, 2025
More
    spot_img
    Homeသတင်းစာသင်ကျောင်းအတွင်း ဝင်ရောက်လိုသူများ မှတ်ပုံတင် ပြသနိုင်မှ ဝင်ခွင့်ရ

    စာသင်ကျောင်းအတွင်း ဝင်ရောက်လိုသူများ မှတ်ပုံတင် ပြသနိုင်မှ ဝင်ခွင့်ရ

    -

    အထက (၁)၊ သံဖြူဇရပ်မြို့

    ဂျူရီချိုင်း – မွန်ပြည်နယ်အတွင်းရှိ အစိုးရအခြေခံပညာစာသင်ကျောင်းများတွင် ကျောင်းအတွင်းသို့ အပြင်လူများ ဝင်ရောက်လိုပါက နိုင်ငံသားစိစစ်ရေးကဒ် (မှတ်ပုံတင်) ပြသနိုင်မှသာ ဝင်ခွင့်ပြုကြောင်း ဒေသခံကျောင်းသားမိဘများက ပြောသည်။

    အဆိုပါစစ်ဆေးခြင်းမှာ မော်လမြိုင်မြို့ရှိ အမှတ် (၉) အထက်တန်းကျောင်း၏ ကျောင်းဝင်ဂိတ်အတွင်း ကျောင်း၏လုံခြုံရေးကို တာဝန်ကျသည့် ဆရာ/မများက အပြင်လူများ သို့မဟုတ် ကျောင်းသားမိဘများက ကျောင်းဝင်းအတွင်းသို့ ဝင်ရောက်လိုပါက မှတ်ပုံတင်ပြသပြီးမှ သာ ဝင်ခွင့်ပြုကြောင်း သိရသည်။

    အကယ်၍ မှတ်ပုံတင်ပြသနိုင်ခြင်းမရှိပါက အခြားအထောက်အထားတစ်ခုခု ပြနိုင်မှသာ ဝင်ခွင့်ပြု ကြောင်း အခြားအထောက်အထားတစ်ခုခု မပြသနိုင်ပါက ကျောင်းအတွင်း လုံးဝဝင်ခွင့်မပြုဟု စစ်ဆေးခံရသည့် ကျောင်းသားမိဘတစ်ဦးက ပြောသည်။

    “အခု စာသင်ကျောင်းအားလုံးကို စစ်ဆေးရေးပြုလုပ်နေတယ်၊ အထက်တန်းကျောင်းဆို ပိုစစ်ဆေးတယ်” ဟု ၄င်းက ပြောသည်။ ကျောင်းသူ/သားများ၏လုံခြုံရေးအတွက်နှင့် ကျောင်းလုံခြုံရေးအတွက လွန်ခဲ့သည့်ရက်သတ္တပတ်မှစ၍ စစ်ဆေးခြင်းဖြစ်ကြောင်း သိရသည်။

    ယခင်က ကျောင်းဝင်းအတွင်း ဝင်ရောက်လိုသူများသည် ကျောင်းလုံခြုံရေးတို့၏ စစ်ဆေး မေးမြန်းခြင်းမရှိဘဲ လွတ်လွတ်လပ်လပ်ဝင် ထွက်သွားလာနိုင်သော်လည်း ယခုတွင် အထူးစစ်ဆေးနေသည်ဟု ကျောင်းသားမိဘက ဆက်ပြောသည်။

    ကရင်ပြည်နယ် မြဝတီမြို့တွင် မြန်မာစစ်အစိုးရတပ်ဖွဲ့နှင့် ဒီကေဘီအေတပ်ဖွဲ့တို့ တိုက်ပွဲဖြစ်ပွားပြီးနောက်ပိုင်း မြိုတွင်းရှိ အခြေခံပညာမူတန်းကျောင်းများတွင် ကျောင်းလုံခြုံရေးများ ချထားလျှက်ရှိကြောင်း မြို့ခံတစ်ဦးက ပြောသည်။

    ကျောင်းအတွင်းအပြင်လူ ဝင်နှောက်ယှက်မည်အတွက်ကြောင့် ဆရာ/ဆရာမတို့က ယခုလို ပြုလုပ်ခြင်းဖြစ်ကြောင်း သိရသည်။

    “အရင်က ခလေးကျောင်းကြိုတာ ဘာမှမမေးဘူး၊ အခုတော့ ကျောင်းသားမိဘများလား ဆိုပြီးတော့ လက်မှတ်ပေးထိုးခိုင်းတယ် ပြီးမှဝင်ခွင့်ပေးတယ်” ဟု ၎င်းက ပြောသည်။

    အခြေခံပညာစာသင်ကျောင်းတိုင်းတွင်း ကျောင်းသားမိဘများက ကျောင်းသို့သွားပို့သည်ဖြစ်စေ၊ ကျောင်ကြိုသည်ဖြစ်စေ ကျောင်းဝင်းအတွင်းဝင်ပါက စစ်ဆေးမေးမြန်းပြီးမှ ဝင်ခွင့်ရကြောင်း ဘာမှမသက်ဆိုင်သည့်အပြင်လူများ ကျောင်းအတွင်း ဝင်လိုပါက ကျောင်းလုံခြုံရေးတို့က လုံးဝဝင်ခွင့်မပြုဟု ၎င်းက ဆက်ပြောသည်။

    ယခုလိုပြုလုပြ်ခင်းသည် ပညာရေးမှူးကနေတဆင့် ကျောင်းတိုင်းရှိ ကျောင်းအုပ်ကြီးများထံသို့ အကြောင်းကြားထားခြင်းဖြစ်နိုင်ကြောင်း ကျောင်းသားမိဘတို့က ပြောနေကြသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,000SubscribersSubscribe
    spot_img

    Latest posts