spot_img
Saturday, January 24, 2026
More
    spot_img
    Homeသတင်းတိုက်ပွဲအရှိန်ကြောင့် ကျောင်းသားများ ကျောင်းမတက်ရဲ

    တိုက်ပွဲအရှိန်ကြောင့် ကျောင်းသားများ ကျောင်းမတက်ရဲ

    -

    ဘုရားသုံးဆူ ထိုင်း-မြန်မာနယ်စပ် တစ်နေရာ

    ကျလွန်းထော – ထိုင်း-မြန်မာနယ်စပ် ဘုရားသုံးဆူမြို့တွင် ဖြစ်ပွားခဲ့သည့် တိုက်ပွဲအရှိန်ကြောင့်နှင့် တိုက်ပွဲဆက်လက်ဖြစ်ပွားမည့် ကောလဟလသတင်းကြောင့် မိဘများမှ ၄င်းတို့ သားသမီးများကို ကျောင်းသို့မလွှတ်ရဲပဲ ဖြစ်နေကြပါသည်။

    ကျောင်းဆရာ/မများမှ ကျောင်းသို့လာရန် ပြောထားသော်လည်း ကျောင်းတက်ချိန်တွင် တိုက်ပွဲပြန်ဖြစ်မည်ကို စိုးရိမ်သောကြောင့် ကျောင်းသားမိဘများက ၄င်းတို့ သားသမီးများကို ကျောင်းမတက်ခိုင်းဟု သုံးဆူမြို့ခံတစ်ဦးက ပြောသည်။

    “ကျောင်းသားမိဘက စိတ်ပူလို့ ကျောင်းမပေးသွားဘူး၊ တချို့သွားတဲ့ခလေးတွေတော့ရှိတယ်၊ နည်းတယ်၊ လမ်းပေါ်မှာလည်း စစ်တပ်က လုံးခြုံရေးအပြည့်ချထားတယ်” ဟု ၄င်းဒေသခံက ပြောသည်။

    ဘုရားသုံးဆူမြို့ပေါ်တွင် တိုက်ပွဲများ ထပ်ဖြစ်ပွားမည့်အနေအထားရှိနိုင်သည်ဟု ကောလဟလသတင်းတွေ ထွက်ပေါ်နေသည့်အတွက် စစ်တပ်မှ လုံခြုံရေးပိုချထားသည်လည်းရှိသည်။

    “တိုက်ပွဲဖြစ်ပွားမယ်လို့ ကောလဟလတွေ ထွက်နေတယ်၊ ယုံရမလိုလို မယုံရမလိုလိုပဲ။ ဒါပေမယ့် သတိနဲ့တော့ နေနေရတာပေါ့၊ လူတွေတော့ ပုံမှန်အတိုင်းသွားလာနေကြတာပဲ” ဟု နောက်ထပ် ဘုရားသုံးဆူမြို့ရှိ ဒေသခံတစ်ဦးက ပြောသည်။

    အလားတူ ဘုရားသုံးဆူမြို့အနီးတဝိုက် မွန်ပြည်သစ်ပါတီထိန်းချုပ်နယ်မြေအတွင်းရှိ ကျေးရွာတွေမှာလည်း တိုက်ပွဲထပ်ဖြစ်မည့် ကောလဟလ သတင်းများကြောင့် ၄င်းတို့ သားသမီးများကို ကျောင်းသို့ မသွားစေဘဲ အိမ်မှာသာ နေခိုင်းထားသည်ဟု ဂျပန်ရေတွင်းမှ ရွာသားတစ်ဦးက ပြောသည်။

    ရွေးကောက်ပွဲပြီးနောက် ဘုရားသုံးဆူမြို့တွင် ဒီကေဘီအေတပ်နှင့် မြန်မာစစ်တပ်တို့ ၂ ရက်တိုင်တိုင် တိုက်ပွဲဖြစ်ပွားခဲ့သည့်အတွက် ဒေသခံများ ကြောက်ရွံ့နေကြကာ ယခုချိန်မှာ ပုံမှန်အတိုင်းရှိသည်ဟုဆိုသော်လည်း စိုးရိမ်စိတ် မကင်းကြသေးကြောင်း သိရသည်။

    ၄င်းနောက် ၃၈ ရက်တာကာလအတွင်း ဒီကေဘီအေခေါင်းဆောင် ဗိုလ်မှုးချုပ် စောလဘွယ် (ခေါ်) နှုတ်ခမ်းမွေးတပ်မှ နယ်ခြားစောင့်တပ်အသွင်မပြောင်း၊ လက်နက်မချပါက တပ်ရင်း ၅ ရင်းနှင့် ထိုးစစ်ဆင်မည်ဟု ကာကွယ်ရေးဝန်ကြီးဌာန စစ်ဆင်ရေးအထူးအဖွဲ့ (၄) မှူး ဗိုလ်ချုပ်သက်နိုင်ဝင်းက နိုဝင်ဘာလ ၂၂ ရက်နေ့တွင် ဆက်သွယ် ပြောကြားထားကြောင်း ဒီဗွ႘ဘီသတင်းဌာနတွင် ဖော်ပြထားသည်။

    ဒီကေဘီအေတပ်သည် ကေအဲန်ယူမှ ၁၉၉၅ ခုနှစ်တွင် ခွဲထွက်ပြီးနောက် စစ်အစိုးရနှင့် အပစ်အခတ်ရပ်စဲရေးယူထားသော်လည်း ရွေးကောက်ပွဲကို လက်မခံသည့်အတွက် လက်နက်ကိုင်ကာ စစ်အစိုးရကို စတင်တိုက်ပွဲဝင်ခဲ့သည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,600SubscribersSubscribe
    spot_img

    Latest posts