spot_img
Monday, February 16, 2026
More
    spot_img
    Homeအယ်ဒီတာ့အာဘော်စည်းကမ်းပြည့်ဝသည့် ဒီမိုကရေစီစနစ်အောက်တွင်

    စည်းကမ်းပြည့်ဝသည့် ဒီမိုကရေစီစနစ်အောက်တွင်

    -

    စစ်အစိုးရအနေဖြင့် လာမည့်နိုဝင်ဘာလ (၇) ရက်နေ့တွင် ရွေးကောက် ပွဲကျင်းပရန် ပြင်ဆင်လျှက်ရှိပေသည်။ ယခုရွေးကောက်ပွဲတွင် ပါတီအများအပြား ဝင်ရောက်ယှဉ်ပြိုင်ရန် ပြင်ဆင်နေကြသော်လည်း၊ ရွေးကောက်ပွဲနေ့တွင် မည်သည့်ပါတီက အနိုင်ရမည်၊ မည်သူက အစိုးရဖွဲ့စည်းမည်ဆိုသည့် သိသာထင်ရှားစွာ ပေါ်လွင်နေပေသည်။

    လာမည့်နိုဝင်ဘာလ (၇) ရက်နေ့တွင် အပြတ်အသတ်နိုင်ရရှိမည်ပါတီအား ”ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ” ပင်ဖြစ်ပေသည်။ ဤပါတီကပင် အစိုးရဖွဲ့စည်းမည် ဖြစ်ပေသည်။ ထို့ကြောင့် မြန်မာနိုင်ငံအတွင်း ပြည်ထောင်စုလွတ်တော်တွင်ဖြစ်စေ၊ ပြည်နယ်နှင့် တိုင်းဒေသကြီးလွတ်တော်တွင် ဖြစ်စေ၊ ကြံ့ခိုင်ရေးပါတီမှ ဦးဆောင်ကာ အစိုးရဖွဲ့စည်းမည် ဖြစ်ပေသည်။
    ပြည်ထောင်စုလွတ်တော်နှင့် ပြည်နယ်/တိုင်းဒေသကြီးများတွင် ကြံ့ခိုင်ရေးပါတီမှ တပ်မတော်ကိုယ်စားလှယ်များနှင့်အတူ ထိန်းချုပ်ပြီးသည့်နောက်ပိုင်းတွင် အစိုးရအသစ်မှ ”စည်းကမ်းပြည့်ဝသည့် ဒီမိုကရေစီစနစ်” တရပ်ကို ချမှတ်မည်ဖြစ်ပေသည်။

    စည်းကမ်းပြည့်ဝသည့် ဒီမိုကရေစီစနစ်ကား ဘယ်နည်း။ စစ်အစိုးရမှ အသစ်တီထွင်လိုက်သည့် ဒီမိုကရေစီစနစ်သည် မြန်မာနိုင်ငံ ပြည်သူများအတွက် မည်သည့်အကျိုးဖြစ်ထွန်းသည်။ စည်းကမ်းပြည့်ဝသည့် ဒီမိုကရေစီစနစ်အောက်တွင် နိုင်ငံရေးပါတီများ နိုင်ငံရေးလှုပ်ရှားဆောင်ရွက်သူများ၊ အသင်းအဝင်အဖွဲ့အစည်းများ၊ သာမန်ပြည်သူလူထုများ မည်သို့နေထိုင်ရပါသနည်း။ စသည့် မေးခွန်းများမှာ စိတ်ဝင်စားဖွယ် ဖြစ်ပေသည်။

    စင်စစ်အားဖြင့် ”စည်းကမ်း” ကို စစ်အစိုးရမှ တပ်မတော်များမှ အမိန့်နာခံတတ်စေရန် အသုံးပြုသည့်ကိရိယာတန်ဆာပလာ ဖြစ်ပေသည်။ တပ်မတော်သားများ စည်းကမ်းရှိရမည်။ စည်းကမ်းသေဝပ်ရမည်။ အမိန့်နာခံတတ်ရမည်ဆိုသည့်အပေါ် စည်းကမ်းချမှတ်ခြင်း ဖြစ်သည်။

    ဒီမိုကရေစီဆိုသည့်ကား တိုင်းနိုင်ငံတခုအတွင်း မှီတင်းနေထိုင်ကြသည့် ပြည်သူလူထုတို့၏ ဆန္ဒပင်ဖြစ်ပေသည်။ ပြည်သူတို့၏ လိုလားချက် ဖြစ်ပေသည်။ ပြည်သူတို့၏ လွတ်လပ်မှုများကို ဆိုလိုပေသည်။ စည်းကမ်းဆိုသည့် စကားလုံးအား လွတ်လပ်မှုကို ကန့်သတ်သည့်အဓိပ္ပာယ်ကို ဖော်ဆောင် သည်။ စည်းကမ်းနှင့် ဒီမိုကရေစီစနစ်အား တိုက်ရိုက်ဆန့်ကျင်သည့် အဓိပ္ပာယ်ကို ဖော်ဆောင်နေပေသည်။
    စစ်မှန်သော ဒီမိုကရေစီစနစ်အောက်တွင် လွတ်လပ်စွာ ဆန္ဒဖော်ထုတ်ခွင့်၊ လွတ်လပ်စွာစည်းရုံးခွင့်၊ လွတ်လပ်စွာ သွားလာလှုပ်ရှားခွင့်တို့ ရှိနေပေသည်။ ထိုသို့သော လွတ်လပ်ခွင့်များကို ၂၀၁၀ နိုဝင်ဘာလ (၇) ရက်မှ တက်လာမည့် ကြံ့ခိုင်ရေးပါတီအစိုးရမှ စည်းကမ်းအများအပြားနှင့် ကန့်သတ်မည်ဖြစ်ပေသည်။ဒီမိုကရေစီစနစ်ဆိုသော်လည်း ပြည်သူလူထုတို့၏ အခြေအနေကား နှစ်ပေါင်း (၅၀) နီးပါး စစ်အစိုးရလက်အောက် နေထိုင်ရသည့် အခြေအနေနှင့် အထူးကွာခြားမည်မဟုတ်ပေ။ မိမိတို့သဘောဆန္ဒအလျှောက် ဆန္ဒပြပိုင်ခွင့်လည်းရှိမည်မဟုတ်ပေ။ စာနယ်ဇင်းများမှာလည်း စစ်အစိုးရ၏ အကောင်းသတင်းများကို ရေးသားနိုင်မည် ဖြစ်ပေသည်။ အစိုးရကို ဝေဖန်ထောက်ပြသည့်သတင်း၊ ဆောင်းပါးများကို ရေးသားနိုင်မည်မဟုတ်ပေ။

    အသစ်တက်လာမည့် အစိုးရကား တိုင်းရင်းသားလက်နက်ကိုင်အင် အားစုများအား စစ်ရေးအရ ဆက်လက်ထိုးစစ်ဆင်နေမည် ဖြစ်ပေသည်။ ဗမာတပ်မတော်မှ လူ့အခွင့်အရေးချိုးဖောက်မှုများကို ကြံ့ခိုင်ရေးပါတီအစိုးရမှ ဆက်လက်အခွင့်ပြုနေမည် ဖြစ်ပေသည်။ တိုင်းရင်းသားဒေသများတွင် လွတ်လပ်စွာ သွားလာလှုပ်ရှားခွင့်များကို ပိတ်ပင်မည် ဖြစ်ပေသည်။

    ထို့ကြောင့် စည်းကမ်းပြည့်ဝသည့် ဒီမိုကရေစီစနစ်အောက် နေထိုင်ကြရမည့် ပြည်သူတို့၏ဘဝကား နိုဝင်ဘာလ (၇) ရက်မတိုင်မီ အခြေအနေနှင့် မည်သို့မျှ ကွာခြားမည်မဟုတ်ကြောင်း တင်ပြလိုက်ရပေသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,800SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks