spot_img
Sunday, February 15, 2026
More
    spot_img
    Homeသတင်းမွန်ပါတီ ကိုယ်စားလှယ် (၁၆) ဦး အနိုင်ရ

    မွန်ပါတီ ကိုယ်စားလှယ် (၁၆) ဦး အနိုင်ရ

    -

    အနိုင်ရခဲ့တဲ့ မွန်ပါတီ ကိုယ်စားလှယ်များ

    အာကာ – နိုဝင်ဘာလ (၇) ရက်နေ့ ရွေးကောက်ပွဲတွင် မွန်ပြည်နယ်၊ ကရင်ပြည်နယ် နှင့် တနင်္သာရီတိုင်း လွှတ်တော် သုံးရပ်၌ ကိုယ်စားလှယ်လောင်း (၃၄) ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည့် မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီမှ ကိုယ်စားလှယ် (၁၆) ဦး အနိုင်ရရှိခဲ့ကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်၏ ထုတ်ပြန်ကြေညာချက်များအရ သိရသည်။

    (၁၆) ဦးတွင် ပြည်သူ့လွှတ်တော် (၃) ဦး၊ အမျိုးသားလွှတ်တော် (၄) ဦးနှင့် ပြည်နယ်လွှတ်တော် (၉) ဦး ဖြစ်သည်။

    ပြည်သူ့လွှတ်တော် (၃) ဦးမှာ

    မွန်ပြည်နယ် ချောင်းဆုံမြို့နယ်မှ နိုင်လှမောင်၊
    မွန်ပြည်နယ် သံဖြူဇရပ်မြို့နယ်မှ နိုင်သိန်းအောင်နှင့်
    မွန်ပြည်နယ် ရေးမြို့နယ်မှ မိမြင့်သန်းတို့ ဖြစ်ကြသည်။

    အမျိုးသားလွှတ်တော် (၄) ဦးမှာ

    မွန်ပြည်နယ် မဲဆန္ဒနယ် အမှတ် (၄) ချောင်းဆုံမြို့နယ်မှ နိုင်ကျော်သိန်း၊
    မွန်ပြည်နယ် မဲဆန္ဒနယ် အမှတ် (၅) သံဖြူဇရပ်မြို့နယ်မှ နိုင်ထွန်းအုံး၊
    မွန်ပြည်နယ် မဲဆန္ဒနယ် အမှတ် (၇) ရေးမြို့နယ်မှ ဒေါက်တာဗညားအောင်မိုးနှင့်
    ကရင်ပြည်နယ် မဲဆန္ဒနယ် အမှတ် (၁၀) ကော့ကရိတ်မြို့နယ်မှ နိုင်မျိုးတင့်လွင်တို့ ဖြစ်ကြသည်။

    ပြည်နယ်လွှတ်တော် (၉) ဦးမှာ

    မွန်ပြည်နယ် ကျိုက်မရောမြို့နယ် မဲဆန္ဒနယ် အမှတ် (၂) မှ နိုင်စံတင်၊
    မွန်ပြည်နယ် ချောင်းဆုံမြို့နယ် မဲဆန္ဒနယ် အမှတ် (၁) မှ နိုင်အောင်နိုင်ဦး၊
    မွန်ပြည်နယ် သံဖြူဇရပ်မြို့နယ် မဲဆန္ဒနယ် အမှတ် (၂) မှ နိုင်နိုင်ဦး (ခ) နိုင်တလချမ်း၊
    မွန်ပြည်နယ် မုဒုံမြို့နယ် မဲဆန္ဒနယ် အမှတ် (၂) မှ ဒေါက်တာမင်းနွယ်စိုး၊
    မွန်ပြည်နယ် ရေးမြို့နယ် မဲဆန္ဒနယ် အမှတ် (၁) မှ နိုင်လဝီအောင် (ခ) နိုင်မြင့်ဆွေ နှင့် မဲဆန္ဒနယ် အမှတ် (၂) မှ နိုင်သိန်းဟန်၊

    မွန်ပြည်နယ် ပေါင်မြို့နယ် မဲဆန္ဒနယ် အမှတ် (၂) မှ နိုင်ချမ်းမြင့် နှင့်
    ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ် မဲဆန္ဒနယ် အမှတ် (၂) မှ နိုင်စိုးသိန်း
    ကရင်ပြည်နယ်လွှတ်တော် မွန်တိုင်းရင်းသားရေးရာ- နိုင်ချစ်ဦး တို့ ဖြစ်ကြသည်။

    ပါတီဥက္ကဌ နိုင်ငွေသိန်းကမူ “ကြံ့ဖွံ့တွေ မညစ်ပတ်ဘူး ဆိုရင် အနည်းဆုံး (၂၂) နေရာလောက် ကျနော်တို့ အနိုင်ရလိမ့်မယ်” ဟု ပြောသည်။

    ရွေးကောက်ပွဲနေ့တွင် ရရှိခဲ့သော မဲအရေအတွက်အရ မွန်ပြည်နယ် ကျိုက်မရောမြို့နယ် ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်တွင် မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီ ပါတီမှ ဝင်ရောက်ယှဉ်ပြိုင်သည့် နိုင်ငွေသိန်း က ပြည်ခိုင်ဖြိုးပါတီမှ ဝင်ရောက်ယှဉ်ပြိုင်သူ မိယဉ်ချမ်း ကို (၃၅၇) မဲအသာဖြင့် အနိုင်ရရှိခဲ့သော်လည်း ကြိုတင်မဲများအရ နိုင်ငွေသိန်းက ရှုံးနိမ့်ခဲ့ရကြောင်း မွန်ပြည်နယ် ရွေးကောက်ပွဲကော်မရှင် မှတ်တမ်းအရ သိရသည်။

    မွန်ပြည်နယ် ရွေးကောက်ပွဲ ကော်မရှင်၏ ကြိုတင်မဲ မှတ်တမ်းတွင် နိုင်ငွေသိန်း (၉၁၈) မဲနှင့် မိယဉ်ချမ်း (၂၉၉၈) မဲ ရရှိထားသည်ဟု ဖေါ်ပြထားသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,800SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks