Homeသတင်းလျှို့ဝှက်မဲပေးခန်း လုံခြုံမှု မရှိ

လျှို့ဝှက်မဲပေးခန်း လုံခြုံမှု မရှိ

-

လွတ်လပ်သော မွန်သတင်းအေဂျင်စီ – မွန်ပြည်နယ်ရှိ အချို့မြို့နယ်များတွင် မဲဆန္ဒရှင်များ လျှို့ဝှက်မဲ ပေးရမည့် မဲပေးခန်းများ လုံခြုံမှု မရှိကြောင်း မဲပေးသူများက ပြောသည်။

မွန်ပြည်နယ် မုဒုံမြို့နယ် ရောင်းဒေါင်းကျေးရွာ မဲရုံရှိ လျှို့ဝှက်မဲပေးခန်းများ လုံခြုံမှု မရှိကြောင်း မဲထည့်ခဲ့သည့် ရွာသားတစ်ဦးက ပြောသည်။

“မဲခြစ်ဖို့နေရာ သုံးနေရာပေါ့နော်။ အဲဒီမှာ ခုံသုံးလုံး ထားထားတယ်။ ဘောပင် ၃ ချောင်း ထားထားပေးတယ်၊ မဲပုံးထားတဲ့ နေရာမှာရော အဲဒီလိုပဲ ဘာမှ ကာထားတာမရှိဘူး။ ပြောင်ပဲ ထားထားတယ်၊ အခန်းနဲ့တော့ မဟုတ်ဘူး၊ တယောက်နဲ့ တယောက်လည်း သိပ်မဝေးဘူး။ ကြည့်ရင် မြင်နိုင်တယ်၊ မဲပုံးတွေကတော့ မြင်နေရတယ်လေ။ ပုံးအကြည်ကို ဒီအတိုင်းပဲ ပိတ်ထားတယ်၊ အသေပိတ်တာတို့ သော့ခတ်တာတို့တော့ မတွေ့မိပါဘူး၊ ဖွင့်ရင်တော့ ဖွင့်လို့ရတာပေါ့” ဟု သူက ပြောသည်။

အလားတူ မော်လမြိုင်မြို့နယ်တွင်လည်း လျှို့ဝှက် မဲပေးခန်းမှာ ကာဆီးထားခြင်း မရှိ၍ လုံခြုံမှု မရှိကြောင်း မော်လမြိုင်မြို့မှ မဲဆန္ဒရှင် မွန်အမျိုးသမီးတစ်ဦးက ပြောသည်။

“ကျမတို့က အမှတ် (၆) စာသင်ကျောင်းမှာ မဲထည့်ရတယ်။ လျှို့ဝှက်မဲ ပေးတဲ့အခန်းက အရင်လို လုံလုံခြုံခြုံတော့ မဟုတ်ဘူး။ ဒါပေမယ့် ကျမတို့ကတော့ မွန်ပါတီကိုပဲ မဲပေးခဲ့တယ်” ဟု သူမက ပြောသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,800SubscribersSubscribe

Latest posts