spot_img
Wednesday, October 22, 2025
More
    spot_img
    Homeသတင်းကြံ့ဖွံ့ပါတီမှ ကြိုတင်မဲကောက်ပြီး ကိုယ်တိုင်မဲပေး

    ကြံ့ဖွံ့ပါတီမှ ကြိုတင်မဲကောက်ပြီး ကိုယ်တိုင်မဲပေး

    -

    လွတ်လပ်သောမွန်သတင်းအေဂျင်စီ – မွန်ပြည်နယ် မုဒုံမြို့နယ်နှင့် သံဖြူဇရပ်မြို့နယ်ရှိ ကျေးရွာများတွင် လူနာများနှင့် အသက်ကြီးရွယ်သူများထံ ကြိုတင်မဲလိုက်လံကောက်ခံချိန်တွင် ကြံ့ဖွံ့ပါတီများမှ ကိုယ်တိုင်မဲခြစ်ပေးသည်ဟု ဒေသခံများက ပြောသည်။

    နိုဝင်ဘာ ၇ ရက်နေ့ ကျင်းပမည့်ရွေးကောက်ပွဲတွင် မဲအရေအတွက်မဆုံးရှုံးစေရန်နှင့် အချိန်မမှီမှာကို စိုးရိမ်သည့်အတွက်ကြောင့် မဲကော်မရှင်တို့က လာရောက်ကြိုတင် ကောက်ခံထားခြင်းဖြစ်ကြောင်း မုဒုံမြို့နယ်ရှိ ကြိုတင်မဲအပေးခံထားသူတစ်ဦးက ပြောသည်။

    “ကြံ့ဖွံ့ပါတီကိုယ်တိုင် လာကောက်တယ် ကြိုတင်မဲကို။ ပြီးတော့ မဲဆန္ဒရှင်ကိုယ်စား သူတို့ပဲ မဲပေးတယ်။ သူတို့ပါတီကိုပဲ မဲထည့်တယ်” ဟု ကမာဝက်ကျေးရွားမှ ကိုယ်တိုင်မြင်တွေ့သူတစ်ဦးက ပြောသည်။

    ၄င်းကြိုတင်မဲမှာ အမဲရောင်ဖြစ်ပြီး ပါးလွှာကာ ပေါက်ပြဲလွယ်သည်။ ထိုကြောင့် ၄င်းတို့ပါတီမှ မဲခြစ်ပေးသည်ဟု ကြံ့ခိုင်ရေးပါတီမှ ပြောသည်ဟု ၄င်းမျက်မြင်က ပြောသည်။

    “ဒီနေ့မနက်မှာ လာကောက်တယ်၊ နက်ဖြန်သွားထည့်မယ့်အချိန်ကို လူများအကြား တိုးမနိုင်မှာစိုးတဲ့အတွက် ကြိုတင်လာကောက်လိုက်တာပြောတယ်” ဟု ကြိုတင်မဲပေးသည့်ကမာဝက်ရွာသားက ပြောသည်။

    သို့ဖြစ်၍ မုဒုံမြို့နယ် ကမာဝက်ကျေးရွာမှာလည်း ရွေးကောက်ပွဲ မဲပေးမည့်အတွက်ကို မဲကော်မရှင်တို့က စာရင်းအတိုင်း ပါဝင်သူများအရ အပြီးသတ် အမှတ်စဉ်များ ကြိုတင်လိုက်လံပေးဝေထားကြောင်း အမှတ်စဉ်မရရှိသောသူများကို မဲပေးခွင့်မရှိကြောင်း မဲကော်မရှင်တို့က ပြောကြားထားသည်ဟု ကမာဝက် ရွာသားတစ်ဦးက ပြောသည်။

    ၎င်းအမှတ်စဉ်လိုက်လံဝေခြင်းသည် မဲသွားပေးမည့်ကာလတွင် အချိန်မနှောင်းစေရန်အတွက်သာ ဖြစ်သည်ဟု သိရသည်။

    “ဒီနေ့လယ်တော့ အမှတ်စဉ်မရရှိတဲ့သူတွေနှင့် မဲကော်မရှင်နဲ့ ပြသာနာများဖြစ်ခဲ့တယ်” ဟု ၎င်းက ပြောသည်။

    အမှတ်စဉ်မရရှိသောသူအများက မဲပေးခွင့်ကိုအဆုံးရှုံမခံနိုင်သည့်အတွက်ကြောင့် မဲကော်မရှင်တို့ထံ လာရောက်မေးမြန်းပြောကြားပြီး မဲကော်မရှင်က ယခုအချိန်တွင် အမှတ်စဉ်ပြန်လုပ်ပေးဖို့အတွက်ကို အချိန်မရတော့ကြောင်း အမှတ်စဉ်မရရှိပါက မဲပေးရန်နောက်ဆုတ်ပါဟု ပြောကြားခဲ့ကြောင်း ကမာဝက်ရွာသားက ဆက်ပြောသည်။

    အမှတ်စဉ်မရရှိသောသူများ မပြုလုပ်ပေးခြင်းသည် မွန်ပါတီကို မဲသွားပေးမည်အတွက်ကြောင့် ယခုလို အချိန်မှီမဲပေးနိုင်အောင် မပြုလုပ်ပေးခြင်းဖြစ်နိုင်ကြောင်း မုဒုံမြို့ခံတစ်ဦးက ပြောသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    37,600SubscribersSubscribe
    spot_img

    Latest posts