spot_img
Monday, February 2, 2026
More
    spot_img
    Homeသတင်းသံဖြူဇရပ်မြို့နယ်တွင် မဲပေးသူ အလွန်နည်း

    သံဖြူဇရပ်မြို့နယ်တွင် မဲပေးသူ အလွန်နည်း

    -

    လွတ်လပ်သောမွန်သတင်းအေဂျင်စီ – သံဖြူဇရပ်မြို့နယ်ရှိ ဆန္ဒမဲပေးသူမှာ အလွန်နည်းပါးကြောင်း လွတ်လပ်သော မွန်သတင်းအေဂျင်စီမှ ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာသူများက ပြောသည်။

    သံဖြူဇရပ်မြို့နယ်ရှိ မဲရုံများတွင် လုံခြုံရေး တင်းတင်းကျပ်ကျပ် ချထားခြင်း မရှိဘဲ လွတ်လပ်စွာ မဲပေးခွင့်ရသော်လည်း မဲထည့်သူ မရှိသလောက် နည်းပါးပြီး မွန်းတည့်ချိန်ထိ ရာဂဏန်းမျှသာ လာရောက် မဲထည့်ကြသည်ဟု သူတို့က ပြောသည်။

    “မနက် ၆ နာရီ ကတည်းက ဖွင့်တာ ၉ နာရီလောက်မှ လူနည်းနည်း ရှိတယ်။ လူမများဘူး လူမထပ်ဘူး၊ အေးအေးဆေးဆေးပဲ” ဟု မြို့ခံတစ်ဦးက ပြောသည်။

    သံဖြူဇရပ်မြို့နယ်ရှိ မွန်အများစုမှာ မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီ ပါတီကို မဲပေးကြပြီး ဗမာလူမျိုးအများစုမှာ ကြ့ံဖွံ့ပါတီနှင့် တစညပါတီတို့ကို မဲမပေးခြင်းကြောင့် မဲရုံသို့ လာရောက်မဲပေးသူ နည်းခြင်း ဖြစ်နိုင်ကြောင်း သူတို့က ပြောသည်။

    သံဖြူဇရပ်မြို့နယ်ရှိ ကြိုတင်မဲ အများစုကို ဝန်ထမ်းများ၊ ၄င်းတို့မိသားစုဝင်များ၊ နိုင်ငံရေးပါတီများနှင့် နီးစပ်မှု မရှိသော သက်ကြီးရွယ်အိုများထံမှ ကြံ့ဖွံ့ပါတီက နည်းအမျိုးမျိုး ရယူခဲ့ကြသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,700SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks