Saturday, March 14, 2026
More
    spot_img
    Homeသတင်းသုံးဆူတွင် လူမျိုးစု ကိုယ်စားလှယ် မဲပေးခွင့် မရှိသူ များပြား

    သုံးဆူတွင် လူမျိုးစု ကိုယ်စားလှယ် မဲပေးခွင့် မရှိသူ များပြား

    -

    မြန်ပန်းကျောင်းမှာထားသည့်မဲရုံ (ဘုရားသုံးဆူမြို့)

    လွတ်လပ်သော မွန်သတင်း အေဂျင်စီ – ထိုင်းမြန်မာနယ်စပ် ဘုရားသုံးဆူမြို့ရှိ မဲဆန္ဒရှင်များ၏ မဲအမှတ်စဉ်တွင် မျိုးနွယ်စုအမည် ဖော်ပြပေးထားခြင်း မရှိသည့်အတွက် လူမျိုးစုလွှတ်တော် ကိုယ်စားလှယ် ရွေးချယ်ခွင့် မရှိကြောင်း မဲဆန္ဒရှင်များက ပြောသည်။

    “ကျနော့် မဲအမှတ်စဉ် ကဒ်ပြားမှာ လူမျိုးနာမည် သူတို့ ထည့်မထားဘူး” ကျွန်တော်က လူမျိုးစု လွှတ်တော် ကိုယ်စားလှယ်ကို ရွေးဖို့ မဲရုံ တာဝန်ကျတဲ့ သူတွေကို ပြောတော့ ကျနော်နဲ့ အချင်းများကြတယ်” ဟု မဲဆန္ဒရှင်တစ်ဦးက ပြောသည်။

    မဲဆန္ဒရှင်များသည် မိမိတို့၏ မျိုးနွယ်စုအမည်များ မပါရှိပါက ၂၆/၁၀/၂၀၁၀ နောက်ဆုံးထား၍ မဲကော်မရှင်သို့ အကြောင်းကြားရမည်ဟု မဲရုံမှုးက မဲဆန္ဒရှင်များ လိုက်နာရမည့် စည်းကမ်းပါ စာကို မိမိအား ထုတ်ပြခဲ့သည်ဟု အထက်ပါ မဲဆန္ဒရှင်က ပြောသည်။

    မဲဆန္ဒပေးပိုင်ခွင့် ရှိသူ စာရင်းကို ရပ်ကွက် ရယကရုံးများတွင် ကပ်ထားသော်လည်း အမည်သာ ပါရှိပြီီး မျိုးနွယ်စုအမည် မပါရှိကြောင်း၊ မဲဆန္ဒရှင်များ၏  မဲအမှတ်စဉ် ကဒ်ပြားကို ယမန်နေ့တွင်သာ ထုတ်ပေးသည့်အတွက် မဲကော်မရှင်ကို ပြန်လည်အကြောင်းမကြားနိုင်ကြောင်း သူက ဆက်ပြောသည်။

    ကြားအင်းဆိပ်ကြီးမြို့နယ် ဘုရားသုံးဆူမြို့တွင် အမျိုးသား လွှတ်တော်၌ ကြံ့ဖွံ့တစ်ပါတီသာ ယှဉ်ပြိုင်သည့်အတွက် အမျိုးသား လွှတ်တော်အတွက် မဲပေးစရာ မလိုကြောင်း အခြားမဲဆန္ဒရှင်တစ်ဦးက ပြောသည်။

    ပြည်သူ့ လွှတ်တော်တွင် တစညပါတီနှင့် ကြံ့ဖွံ့ပါတီ ၂ ပါတီ၊ ပြည်နယ် လွှတ်တော်တွင် ကြံ့ဖွံ့ပါတီနှင့် ဖလုံစဝေါ် ဒီမိုကရက်တစ်ပါတီ ၂ ပါတီ၊ လူမျိုးစု လွှတ်တော်တွင် မွန်၊ ဗမာ၊ ပအိုဝ့် လူမျိုးစု (၃) ခု အတွက် ကြံ့ဖွံ့ပါတီ၊ တစညပါတီ၊ မွန်ပါတီနှင့် ကရင်ပါတီတို့ ဝင်ရောက်ယှဉ်ပြိုင်ကြသည်။

    လူမျိုးစုလွှတ်တော်အတွက် မဲမပေးရသူ အများအပြားရှိကြောင်း မဲဆန္ဒရှင်များက ခန့်မှန်းကြသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,200SubscribersSubscribe

    Latest posts

    Enable Notifications OK No thanks