Homeသတင်းမဲဆန္ဒရှင်တွေကို မဲထည့်ခွင့်မပေး

မဲဆန္ဒရှင်တွေကို မဲထည့်ခွင့်မပေး

-

လွတ်လပ်သော မွန်သတင်းအေဂျင်စီ –  မွန်ပြည်နယ် အထူးသဖြင့် မုဒုံမြို့နယ်အတွင်းမှာရှိတဲ့ ကမာဝက်ကျေးရွာတရွာလုံးမှာ မဲပေးပိုင်ခွင့်ရှိသူ ၂၅၀၀ ကျော်ရှိသည့်အနက် တစ်ထောင်ကျော်သာ မဲထည့်ခွင့်ပေးကြောင်း ရွာခံတွေက ပြောသည်။

ကျန်ရှိနေသည့် မဲဆန္ဒရှင်တွေအတွက် ရွေးကောက်ပွဲကော်မရှင်မှ သူတို့ဟာ သူတို့နည်းဖြင့် ကြံ့ဖွံ့ပါတီအတွက် ခြစ်ပေးပြီး ထည့်ပေးလိုက်သည်။

ထိုနည်းတူ မုဒုံမြို့နယ် ကြုံဖိုက်ကျေးရွာမှာလည်း ကြံ့ဖွံ့အဖွဲ့ဝင်  အယောက် ၅၀ လောက်က တန်းစီပြီး မဲလာထည့်သူတွေရဲ့ မဲပြားကို ကြံ့ဖွံ့ပါတီအတွက် ခြစ်ပေးနေသည်ကို မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီက မဲကော်မရှင်ထံ သွားတိုင်ကြားသည်ကို မဲကော်မရှင်မှ “အချင်းချင်းတွေပဲ ညှိကြလို့သာ ပြောတယ်” ဟု ဒေသခံတွေက ပြောသည်။

ထိုနည်းလည်းကောင်းပဲ မော်လမြိုင်မြို့ပေါ်ရှိ မွန်လူမျိုးတွေ အများဆုံးနေထိုင်သည့် စာရေးကြီးကုန်းရပ်ကွက်နှင့် မြိုင်သာယာရပ်ကွက်က ရပ်ကွက်သားတွေ မဲစာရင်းရှိကြပေမယ့်လည်း မဲပေးပိုင်ခွင့်မရှိကြောင်း လူ ၆ ယောက်ရှိသည့်အိမ်တစ်အိမ်မှာ လူ ၂ ယောက်သာ မဲထည့်ခွင့်ပေးသည်။
ထိုအဖြစ်အပျက်တွေကို သက်ဆိုင်ရာ မဲကော်မရှင်ထံ တိုင်ကြားသော်လည်း မဲကော်မရှင်မှ တစုံတရာ အရေးယူခြင်းမရှိကြောင်း သိရသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
40,000SubscribersSubscribe

Latest posts