spot_img
Saturday, January 31, 2026
More
    spot_img
    Homeသတင်းရွေးကောက်ပွဲ အကြို ရေးမြို့နယ်တွင် ဗုံးဆက်တိုက် ပေါက်ကွဲ

    ရွေးကောက်ပွဲ အကြို ရေးမြို့နယ်တွင် ဗုံးဆက်တိုက် ပေါက်ကွဲ

    -

    အာကာ – ရွေးကောက်ပွဲ အကြို နိုဝင်ဘာလ (၂) ရက်နေ့မှ (၄) ရက်နေ့အတွင်း မွန်ပြည်နယ် ရေးမြို့နယ်တွင် ဗုံး (၃) နေရာထက်မနည်း ပေါက်ကွဲခဲ့သည်။

    နိုဝင်ဘာလ (၂) ရက် နံနက် (၁၂း၄၅) မိနစ် အချိန်တွင် ရေးမြို့ အရှေ့ဖက် (၁၂) မိုင်အကွာ ကျောင်းရွာကျေးရွာ၌ လည်းကောင်း။ ၎င်းရက် ည (၇) နာရီခွဲခန့် အချိန်တွင် ရေးမြို့ မြောက်ဖက် (၂၅) မိုင်အကွာ လမိုင်းမြို့နယ်ခွဲ လိမ္မော်ခြံ ရွာအနီးတွင် လည်းကောင်း၊ နိုဝင်ဘာလ (၄) ရက် ည (၁၀) နာရီ အချိန်တွင် ရေးမြို့ ပြည်သူ့ရဲစခန်း ရှေ့တွင် လည်းကောင်း အသီးသီး ပေါက်ကွဲခဲ့ကြသည်။

    လိမ္မော်ခြံရွာ ဗုံးပေါက်ကွဲမှုတွင် (၂) ဦး ဒဏ်ရာ အပြင်းအထန် ရရှိခဲ့ပြီး ကျန်နေရာ ပေါက်ကွဲမှုများတွင် ဒဏ်ရာရရှိခြင်း မရှိကြောင်း ဒေသခံအသီးအသီးတို့က ပြောကြသည်။

    အောက်တိုဘာ လကုန်ပိုင်းတွင် ရေးမြို့နယ်၌ ရွေးကောက်ပွဲ ဆန့်ကျင်သည် ဆန္ဒပြမှုများ နှစ်ကြိမ်တိုင် ဖြစ်ပွားခဲ့ပြီး ဗုံးဆက်တိုက်ပေါက်ကွဲမှုများကြောင့် ရေးမြို့နယ်ရှိ ရေး-မော်လမြိုင် ကားလမ်းတလျှောက်တွင် လုံခြုံရေးအများအပြား ချထားခဲ့ကြောင်း ခရီးသွားတစ်ဦးက ပြောသည်။

    ယခုနိုဝင်ဘာလ (၄) ရက်နေ့တွင် ရေးမြို့နယ် မြောက်ဖက် (၉) မိုင်အကွာ အာယုတောင်ကျေးရွာ လမ်းဝတွင် အခြေချထားသည့် ခမရ (၃၄၃) မှ ရေးမြို့နယ် ရေး-မော်လမြိုင် ကားလမ်းအရှေ့ဘက်ရှိ ကျေးရွာဥက္ကဌများကို ဆင့်ခေါ်ခဲ့ပြီး ရွေးကောက်ပွဲ နှောင့်ယှက်ဖျက်ဆီးခြင်းနှင့် သက်ဆိုင်သည့် သတင်းများကို ပေးပို့ရန် ညွှန်ကြားထားကြောင်း အစည်းအဝေး တက်ရောက်ခဲ့သည့် ကျေးရွာဥက္ကဌတစ်ဦးက ပြောသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,700SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks