spot_img
Sunday, February 1, 2026
More
    spot_img
    Homeသတင်းမွတ်ဆလင် လူမျိုးများ မွန်ပါတီကို မဲပေးကြမည်

    မွတ်ဆလင် လူမျိုးများ မွန်ပါတီကို မဲပေးကြမည်

    -

    မင်းတောလဝီ – မနက်ဖြန်တွင် ကျင်းပမည့် ရွေးကောက်ပွဲတွင် မွန်ပါတီကို မဲပေးရန်အတွက် ရေးမြို့နယ်၊ မော်လမြိုင်မြို့နယ်နှင့် ကျိုက်မရောမြို့နယ် အတွင်းရှိ မွတ်ဆလင်လူမျိုးများက မိမိလူမျိုးများကြားတွင် လိုက်လံဆော်သြနေကြသည်။

    ရေးမြို့နယ်အတွင်းတွင် မွန်ပါတီကို မဲထည့်ပေးလိုသည့် မွတ်ဆလင်လူမျိုးများက မွန်တိုင်းရင်းသား ဝတ်စုံများဖြင့် မွန်ပါတီကို မဲထည့်ရန်အတွက် လက်ကမ်းစာစောင်များကို လိုက်လံဝေငှလျက် ရှိကြောင်း မျက်မြင်ကြုံတွေ့ခဲ့သည့် ရေးမြို့ အောင်မင်္ဂလာရပ်ကွက်မှ အမျိုးသမီးကြီးတစ်ဦးက ပြောသည်။

    “ရေးနယ်ဘက်က ရှိတဲ့ မွတ်ဆလင်လူမျိုးတွေဟာ ရှေးကတည်းက မွန်လူမျိုးတွေနဲ့ အတူတူ နေလာကြတော့ သူ့အရေးလည်း ကိုယ့်အရေးပဲ။ မွန်ပါတီကို မဲထည့်ပေးကြဖို့ကိုတောင် ကျနော်တို့ လိုက်စည်းရုံးပေးသေးတယ်” ဟု ရေးမြို့ပေါ်ရှိ မွတ်ဆလင်အ မျိုးသားတစ်ဦးက ပြောသည်။

    မွန်ပြည်နယ် မော်လမြိုင်မြို့နယ် နှင့် ကျိုက္မရောမြို့နယ်အတွင်းရှိ မူဆလင်လူမျိုးများသည် ဒေသခံ တိုင်းရင်းသား အထူးသဖြင့် မွန်လူမျိုးနှင့် အတူတကွ နေထိုင်ခဲ့ကြသည့် သံယောဇဉ်ကြောင့် မွန်ပါတီကို မဲထည့်ရန် ဆုံးဖြတ်ခဲ့ကြခြင်း ဖြစ်ကြောင်း ကလိုင်းကနိုင်ကျေးရွာမှ မွတ်ဆလင် လယ်သမားတစ်ဦးက ပြောသည်။

    မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ အနိုင်ရရှိမှ သာလျှင် မွန်ပြည်နယ်အရေးကို မွန်လူမျိုးများ ဆုံးဖြတ်ခွင့် ရရှိရန်မည် ဖြစ်သည့်အတွက် မွန်ပါတီကို မွတ်ဆလင်လူမျိုးများ မဲပေးကြမည် ဖြစ်ကြောင်း” မော်လမြိုင် စျေးကြီးအနီးရှိ ဆောက်လုပ်ရေး အရောင်းဆိုင် ပိုင်ရှင် မွတ်ဆလင် အမျိုးသားတစ်ဦးက ပြောသည်။

    “၁၉၉ဝ ခုနှစ် ရွေးကောက်ပွဲတုန်းက မွတ်ဆလင်လူမျိုး အများစုဟာ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ကို ထောက်ခံမဲ ထည့်ခဲ့တယ်၊ ဒီရွေးကောက်ပွဲမှာတော့ ကျမတို့ မွတ်ဆလင်တွေက မွန်ပါတီကို မဲပေးဖို့ ဆုံးဖြတ်ထားကြပါတယ်” ဟု မော်လမြိုင်မြို့ စျေးသစ်တွင် ကုန်စုံဆိုင် ရောင်းချနေသည့် မွတ်ဆလင်အမျိုးသမီးတစ်ဦးက ပြောသည်။

    မော်လမြိုင်မြို့နယ်နှင့် ကျိုက်မရောမြို့နယ်ကြားရှိ ငန်းတေးရွာမှ ကျိုက္မရောမြို့စက်ကုန်းရပ် ကလိုင်းကနိုင်ရွာအထိ မွတ်ဆလင် ရွာပေါင်း (၁ဝ) ရွာကျော်နှင့် ပတ်ဝန်းကျင်ကျေးရွာများတွင် မွတ်ဆလင် လူဦးရေ တစ်သိန်းခန့် နေထိုင်လျက် ရှိပြီး ထက်ဝက်ခန့်မှာ မဲပေးခွင့် ရှိသူများ ဖြစ်ကြောင်း သူမက ပြောသည်။

    မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ၏ နိုင်ငံရေး မူဝါဒ သဘောထားမှာ ပြည်သူတရပ်လုံး ဒီမိုကရေစီနှင့် လူ့အခွင့်အရေး အပြည့်အဝ ရရှိရန်၊ တန်းတူရေးနှင့် ကိုယ်ပိုင်ပြန့်ဌာန်းခွင့်အပေါ် အခြေခံသည့် တိုင်းရင်းသား စည်းလုံးညီညွတ်ရေးကို တည်ဆောက်ရန်၊ စစ်မှန်သော ဒီမိုကရေစီစနစ် ဖြစ်ထွန်းပေါ်ပေါက်လာစေရန်၊ စစ်မှန်သော ပြည်ထောင်စု ပေါ်ထွန်းတည်တံ့ခိုင်မြဲရန်၊ အဂတိလိုက်စားမှုနှင့် အကျင့်ပျက်ခြစားမှုများကို တိုက်ဖျက်သွားရန်၊ လူမှုဖွံ့ဖြိုးတိုးတက်ရေးကို ဆောင်ရွက်သွားရန်၊ ငြိမ်းချမ်းသော ကမ္ဘာ့လူနေမှုစနစ် ထွန်းကားလာရေး ဆောင်ရွက်သွားရန်တို့ ဖြစ်သည်။

    မွန်ပြည်နယ်တွင် မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ၊ ဖလုံစဝေါ် ဒီမိုကရက်တစ်ပါတီ၊ ကရင်ပြည်သူ့ပါတီ၊ တိုင်းရင်းသား စည်းလုံးညီညွတ်ရေး ပါတီ၊ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၊ ဒီမိုကရက်တစ်ပါတီ (မြန်မာ) နှင့် အမျိုးသား ဒီမိုကရေစီ အင်အားစု ပါတီတို့ ဝင်ရောက်အရွေးခံကြမည် ဖြစ်သည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,700SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks