spot_img
Sunday, February 22, 2026
More
    spot_img
    Homeသတင်းရွေးကောက်ရက် လုံခြုံရေးပိုချထား

    ရွေးကောက်ရက် လုံခြုံရေးပိုချထား

    -

    လွတ်လပ်သောမွန်သတင်းအေဂျင်စီ – မွန်ပြည်နယ်၊ မုဒုံမြို့နယ်အတွင်းရှိ ကျေးရွာတွေမှာ ယခုရက်ပိုင်းအတွင်း စစ်တပ်မှ နေ့ရော ညပါ လုံခြုံရေး ပိုမိုချထားသည်။

    “ညပိုင်းဆို စစ်တပ်တွေ ၆ ယောက်၊ ၇ ယောက်လောက်နဲ့ ရွာလှည့်ပြီးတော့ သွားနေတယ်၊ တပတ်လောက်တော့ရှိနေပြီး ဒီလိုမျိုး လှည့်နေတာ ဒါပေမဲ့ ဘာကြောင့်လဲတော့ မသိဘူးပေါ့နော်၊ အရင်ကတော့ မရှိပါဘူး” ဟု မုဒုံမြို့နယ်အတွင်းရှိ ရွာဒေသခံတစ်ဦးက ပြောသည်။

    လုံခြုံရေးယူရန် ကျေးရွာအတွင်းရောက်ရှိနေသည့် စစ်တပ်တွေက ရွာရှိ ရယကရုံတွေမှာ အခြေချနေပြီး နေ့ခင်းပိုင်းမှာ ထိုရုံတွင်သာ နေနေကြပြီး ညပိုင်းရောက်မှသာလျှင် ရွာလှည့်ပြီး ကင်းစောင့်တဲ့သဘောဖြင့် ရှိနေသည်ဟု ၄င်ရွာခံက ပြောသည်။

    ယခုလို ရွေးကောက်ကျင်းပဖို့အတွက် တရက်သာလိုတော့သည့်အချိန်မှာ ကျေးရွာတွေအတွင်း လုံခြုံရေးအတွက် စစ်တပ်တွေရောက်ရှိနေတာရှိသလို တချို့နေရာဒေသတွေမှာ စစ်ဆေးမေးမြန်းတဲ့အနေဖြင့် လုံခြုံရေး တင်းကြပ်မှုတွေ ပြုလုပ်လာနေသည်လည်း ရှိနေသည်။

    စစ်တပ်မှ ယခုလို ညပိုင်းအချိန်တွင် ရွာလှည့်ပြီး သွားလာနေခြင်းအပေါ် ဒေသခံတွေက ညပိုင်းတွင် အပြင်မထွက်ရဲကြကြောင်း၊ စစ်တပ်မှ တစုံတရာ လုပ်ဆောင်လာမှုမရှိသေးသော်လည်း အခမသင့်၍ စစ်တပ်နှင့် ဆုံမိပါက စစ်ဆေးမေးမြန်းရမည်ကို ကြောက်ရွံ့ခြင်းကြောင့် ညပိုင်းအချိန်တွင် လူသွား လူလာနည်းပြီး တိတ်ဆိတ်နေကြောင်း ဒေသခံတွေက ပြောသည်။

    “ရွေးကောက်ပွဲကြောင့်လို့တော့ ထင်တာပဲလေ၊ ဘာလို့လဲဆိုတော့ ခါတိုင်းဘာလို့မရှိတာလဲ ဒီလိုမျိုး၊ ရွေးကောက်ပွဲရက်နီးလာမှ ရွာတွေမှာ စစ်တပ်ချလာတို့ ပြီးတော့ ညပိုင်းဆိုရင်လည်း လှည့်နေတယ်ဆိုတော့ ရွေးကောက်ပွဲကို လုံခြုံရေးပေးတဲ့သဘောပဲလို့ ထင်တာပဲ” ဟု မုဒုံမြို့ခံတစ်ဦးက ပြောသည်။

    ရွေးကောက်ပွဲရက်နီးလာသည့်အချိန်မှာ စစ်တပ်မှ လုံခြုံရေးချထားမှုတွေဟာ ရွေးကောက်ပွဲရက်မှာ မဲထည့်မည့် မဲဆန္ဒရှင်တွေအတွက် နှောင့်ယှက်မှုဖြစ်စေနိုင်တယ်လို့ ရွေးကောက်ပွဲအပေါ် လေ့လာသုံးသပ်သူတွေက ပြောသည်။

    ထိုနည်းအတူ နယ်စပ်ဒေသဘက်မှာလည်း ရွေးကောက်ပွဲရက်နီးလာလေ လုံခြုံရေးပိုမိုတင်းကြပ်လာလေဖြစ်သည်။

    ထိုင်း-မြန်မာနယ်စပ် ဘုရားသုံးဆူဘက်နှင့် မြဝတီနယ်စပ်ဘက်တွေမှာလည်း စစ်တပ်၊ ပြည်သူ့စစ်နှင့် ရယကအဖွဲ့ အစရှိသည့် အာဏာပိုင် အဖွဲ့အစည်းတွေက ရွေးကောက်ပွဲကို နှောင့်ယှက်ဖျက်စီးမှု မပြုလုပ်နိုင်ဖို့အတွက် လုံခြုံရေး အတင်းအကြပ်ပြုလုပ်လာနေသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,900SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks