spot_img
Wednesday, November 19, 2025
More
    spot_img
    Homeသတင်းရွေးကောက်ပွဲကာလ ဖုန်းလိုင်းဖြတ်မည်

    ရွေးကောက်ပွဲကာလ ဖုန်းလိုင်းဖြတ်မည်

    -

    ကျလွန်းထော၊ ဂျူရီချိုင်း – မွန်ပြည်နယ်ရှိ မြို့နယ်များတွင် ယနေ့ နိုဝင်ဘာလ ၆ ရက် ညနေ ၃ နာရီမှ စ၍ ဖုန်းလိုင်းများအားလုံး ဖြတ်တောက််ထားရမည်ဟု စရဖ (စစ်ဖက်ရေးရာ လုံခြုံရေးအဖွဲ့) မှ ညွှန်ကြားထားသည်ဟု သိရသည်။

    ရွေးကောက်ပွဲနှင့် ပတ်သက်သည့် သတင်းများ ပြည်ပသတင်းဌာနများသို့ ပျံ့နှံ့မသွားစေရန်အတွက် ပြည်တွင်းဖုန်းလိုင်းများနှင့် ထိုင်းကောလက် ဖုန်းများအားလုံးကို ပိတ်ထားခြင်း ဖြစ်သည်ဟု မုဒုံမြို့နယ်ရှိ ထိုင်းကောလက်ဖုန်းပိုင်ရှင်တစ်ဦးက ပြောသည်။

    (စရဖ) မှ ထိုင်းဖုန်းချိတ်ထားသည့် တောင်ပေါ်လိုင်းများအား ညွှန်ကြားထားပြီး ထိုမှ တစ်ဆင့် ထိုင်းဖုန်းချိတ်ထားသည့် နေအိမ်များသို့  ပြန်လည် အသိပေး အကြောင်းကြားထားသည်ဟု သူမက ပြောသည်။

    “ခဏနေကျရင် ပိတ်တော့မယ်၊ ရွေးကောက်ပွဲပြီးလို့ နောက်နေ့မှ ပေးဖွင့်မယ်လို့ ပြောတယ်၊ ရွေးကောက်ပွဲရက်မှာ စကားမပေးပြောချင်လို့လေ” ဟု သူမက ပြောသည်။

    အချို့မြို့နယ်များတွင် ရွေးကောက်ပွဲရက် တစ်ရက်တည်းသာ ဖုန်းလိုင်း ပိတ်ရမည်ဟု မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်က ညွန်ကြားထားသည်ဟု ရေးမြို့နယ် လမိုင်းမြို့နယ်ခွဲရှိ ဖုန်းပိုင်ရှင်တစ်ဦးက ပြောသည်။

    “မနက်ဖြန်မှာ ဖုန်းလည်း ပိတ်ရမယ်၊ လမိုင်းမြို့က စျေးကြီးလည်း ပိတ်ရမယ်” ဟု ဖုန်းပိုင်ရှင်က ပြောသည်။

    ရေးမြို့နယ် အနောက်ပိုင်းနှင့် မြောက်ပိုင်းကျေးရွာများ၌ ယနေ့မှ စ၍ ခရီးသွားခွင့်၊ လယ်ယာခြံမြေသို့ သွားလာခွင့်နှင့် ခရီးသည်ပို့ဆောင်မည် ကားလိုင်းများကို ပိတ်ထားခဲ့ပြီဟု ဒေသခံရွာသားများက ပြောသည်။

    “ဒီနေ့နဲ့ မနက်ဖြန် ၂ ရက် ဘယ်မှ မသွားရဘူးလို့ ရွေးကောက်ပွဲ ကော်မရှင်က ပြောထားတယ်၊ ရွေးကောက်ပွဲပြီးမှ သွားလားခွင့် ပြုမယ်လို့ ပြောတယ်” ဟု ဒေသခံ တစ်ဦးက ပြောသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,000SubscribersSubscribe
    spot_img

    Latest posts