spot_img
Sunday, February 1, 2026
More
    spot_img
    Homeသတင်းရယကမှ မဲဆန္ဒရှင်အတွက် နာမည်နဲ့ နံပါတ်ပြား လိုက်ဝေ

    ရယကမှ မဲဆန္ဒရှင်အတွက် နာမည်နဲ့ နံပါတ်ပြား လိုက်ဝေ

    -

    လွတ်လပ်သောမွန်သတင်းအေဂျင်စီ – မွန်ပြည်နယ်၊ မုဒုံမြို့နယ်အတွင်းရှိ ကျေးရွာတွေမှာ မနက်ဖြန် မဲထည့်ရန်အတွက် ရယကအဖွဲ့မှ နာမည်နဲ့ နံပါတ်တွဲပါ စာရွတ်တွေကို ဝေပေးနေသည်။

    အမည်၊ မိမိမဲထည့်ရမည့်မဲရုံအမှတ်နှင့် မိမိအမှတ်စဉ်နံပါတ်စာရွက်များကို ရယကအဖွဲ့မှ အိမ်အရောက်လိုက်လံ ပေးဝေပြီ အိမ်ထောင်စုစာရင်းရှိ ပြည်ပမှာရောက်နေသူများကိုလည်း ရယကမှ ပေးသွားကြောင်း မုဒုံမြို့မှ ၄င်းစာရွက်ရသည့် အမျိုးသမီးတစ်ဦးက ပြောသည်။

    မုဒုံမြို့နယ်အတွင်းရှိ ရောင်းဒေါင်းကျေးရွာမှာ နံပါတ်ပြားစုစုပေါင်း နှစ်ထောင်ကျော် ဝေးနေသည့်အထဲတွင် မဲထည့်နိုင်သည့် မဲဆန္ဒရှင် တစ်ထောင်နီးပါးသာရှိပြီး ကျန်ရှိသူတွေက ပြည်ပရောက် မဲမထည့်နိုင်သူများဖြစ်နေသည်။

    ကိုယ့်နာမည်နဲ့ နံပါတ်တွဲထားတဲ့ စာရွက်ပေါ့နော် ဝေပေးနေတယ်၊ ဥပမာဆို မဲထည့်လို့ရတဲ့ လူ ၄ ယောက်ရှိရင် အဲဒီ စာရွက် ၄ ရွက်ရတာပေါ့၊ တချို့အိမ်မှာဆို မဲထည့်လို့ရတဲ့ လူ ၅ ယောက်ရှိနေရင် ၅ ရွက်ရတယ် ဒါပေမဲ့ တကယ့် အိမ်မှာ ရှိနေတာက ၂ ယောက်ပဲ ကျန်တာတွေက ပြည်ပမှာ ဒါပေမဲ့ ၅ ယောက်စာတော့ စာရွက်က ရထားတယ်၊ မရှိတဲ့ လူတွေအတွက်တော့ ဘယ်လို လုပ်မလဲတော့ ဘာမှမပြောဘူး” ဟု မုဒုံမြို့နယ်အတွင်းရှိ ရွာခံတစ်ဦးက ပြောသည်။

    မဲသွားထည့်သည့်အခါမှာလည်း ထိုနံပါတ်ပြားနှင့်တကွ မှတ်ပုံတင်ပါ ယူဆောင်သွားဖို့ ရယကမှ လိုက်လံ နှိုးဆော်နေသည်။

    ကျေးရွာအတွင်းမှာဆိုရင် နံပါတ်နှင့် နာမည်တွဲပါသည့် ကပ်ပြားပုံစံဖြင့် ဖြန့်ဝေနေပြီး မြို့ပေါ်တွင် နာမည်နှင့် သွားထည့်ရမည့် မဲရုံအမည်ဖြင့် ဖြန့်ဝေနေသည်။

    မုဒုံမြို့ပေါ်မှာဆို နံပါတ်နဲ့ မဲရုံရဲ့နာမည်တွေပါတယ်လေ အဲဒီစာရွက်မှာ၊ မြို့ပေါ်မှာတော့ မဲရုံတွေများတယ်လေ အဲဒါကြောင့် ကိုယ်သွားထည့်ရမယ့်မဲရုံကိုပါ ရေးထည့်ထားပေးတယ်” ဟု မုဒုံမြို့ခံတစ်ဦးက ပြောသည်။

    ယခုလို မဲဆန္ဒရှင်တွေအတွက် နာမည်နှင့် နံပါတ်ပြားတွဲပါသည့် စာရွက်ကို လိုက်ဝေပေးရတာဟာ မဲထည့်ရက်မှာ အချိန်တိုတိုနှင့် လူတွေ မဲထည့်နိုင်ရန်အတွက် ဖြစ်ကြောင်း ရယကအဖွဲ့တွေက ပြောသည်။

    တချို့ဒေသတွေမှာ မဲဆန္ဒရှင်အရေအတွက် ထောင်ချီရှိပြီး မဲရုံတစ်ရုံတစ်ရုံသာရှိသည့်အတွက် မဲထည့်မည့်ရက်မှာ အချိန်မလောက်မှုဖြစ်မည်ကိုလည်း နိုင်ငံရေးပါတီတွေက စိုးရိမ်နေကြသည်။

    ထိုနာမည်နဲ့ နံပါတ်တွဲပါတဲ့ စာရွက်တွေကို ကျေးရွာ ရယကအဖွဲ့အစည်းတွေက ယမန်နေ့က စတင်ဖြန့်ဝေနေတာဖြစ်ပါသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,700SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks