spot_img
Sunday, February 1, 2026
More
    spot_img
    Homeသတင်းတိုင်းရင်းသား လက်နက်ကိုင်များ ဖက်ဒရယ် ပြည်ထောင်စု ဖေါ်ထုတ်ရန် မဟာမိတ်ဖွဲ့

    တိုင်းရင်းသား လက်နက်ကိုင်များ ဖက်ဒရယ် ပြည်ထောင်စု ဖေါ်ထုတ်ရန် မဟာမိတ်ဖွဲ့

    -

    အာကာ – တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ (၆) ဖွဲ့ ပူးပေါင်းပြီး စစ်ရေး၊ နိုင်ငံရေးတို့ဖြင့် ဖက်ဒရယ် ပြည်ထောင်စုကို ဖေါ်ထုတ်ရန် ယမန်နေ့ (နိုဝင်ဘာလ ၄ ရက်) တွင် ထိုင်း-မြန်မာနယ်စပ် တစ်နေရာ၌ ကော်မတီတရပ်ကို ဖွဲ့စည်းခဲ့သည်။

    “တိုင်းရင်းသား လူမျိုးစုတွေရဲ့ မွေးရာပါ အခွင့်အရေး ဖြစ်တဲ့ တန်းတူခွင့်၊ ကိုယ့်ကြမ္မာ ကိုယ်ဖန်တီးနိုင်ခွင့် ရရှိဖို့ (၁၉၄၇) ပင်လုံစာချုပ်မှာ ပြောထားတဲ့အတိုင်း ဒီအခွင့်အရေးတွေ ပေါ်ပေါက်လာဖို့ ဦးတည်ပြီး ဒီကော်မတီကို ဖွဲ့စည်းရတာပါ” ဟု ကော်မတီ ပြောခွင့်ရ နိုင်ဟံသာက ပြောသည်။

    ကော်မတီကို ဖက်ဒရယ် ပြည်ထောင်စု ဖေါ်ထုတ်ရေး ကော်မတီ ဟု အမည်ပေးထားပြီး နိုင်ငံရေး စစ်ရေး ပူးပေါင်း ဆောင်ရွက်ခြင်းအပြင် ဖက်ဒရယ် ပြည်ထောင်စု ပေါ်ထွန်းရေးအတွက် တဆင့်ချင်း ချီတက်သွားနိုင်မည့် နည်းလမ်းများကိုလည်း ဆွေးနွေးခဲ့ကြသည်ဟု နိုင်ဟံသာ က ပြောသည်။

    စစ်ရေး နိုင်ငံရေး ပူးပေါင်းဆောင်ရွက်ရန် ယေဘုယျ သဘောတူညီချက် ရပြီးထားပြီး စစ်ရေး သဘောတူညီချက် အသေးစိတ်ကို ယနေ့တွင် စစ်ကော်မတီများ ဆက်လက်ဆွေးနွေးနေကြဆဲ ဖြစ်သည်။

    ထိုကော်မတီကို တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ (၆) ဖွဲ့မှ ခေါင်းဆောင်များဖြင့် ဖွဲ့စည်းခဲ့ပြီး ဥက္ကဋ္ဌအဖြစ် ကေအိုင်အို ဒု-ဥက္ကဋ္ဌ ဗိုလ်ချုပ် အင်ဘန်လ ၊ ဒု-ဥက္ကဋ္ဌအဖြစ် ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် စစ်ဦးစီးချုပ် ဗိုလ်ချုပ် မူတူး၊ အတွင်းရေးမှူးအဖြစ် မွန်ပြည်သစ်ပါတီ အထွေထွေ အတွင်းရေးမှူး နိုင်ဟံသာ၊ တွဲဖက် အတွင်းရေးမှူးအဖြစ် ကေအန်ပီပီ မှ ဦးရွှေမျိုးသန့် တို့ ပါဝင်ကြသည်။

    ထိုကော်မတီ ဖွဲ့စည်းနိုင်ရန်အတွက် နိုဝင်ဘာလ (၂) ရက်နေ့မှ ယနေ့တိုင် ဆွေးနွေးလျက် ရှိသည့် လက်နက်ကိုင် အဖွဲ့ (၆) ဖွဲ့မှာ ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO)၊ ကရင်အမျိုးသား အစည်းအရုံး (KNU)၊မွန်ပြည်သစ်ပါတီ (NMSP)၊ ကရင်နီ တိုင်းရင်းသား တိုးတက်ရေးပါတီ (KNPP)၊ရှမ်းပြည်မြောက်ပိုင်း တပ်မတော် (SSA)၊ ချင်းအမျိုးသား တပ်ဦး (CNF) တို့ ဖြစ်ကြသည်။

    ထိုလက်နက်အဖွဲ့ (၆) ဖွဲ့သည် ထိုင်း-မြန်မာနယ်စပ်၊ တရုတ်-မြန်မာနယ်စပ်၊ အိန္ဒိယ-မြန်မာနယ်စပ်တွင် ရှိကြသည့်အတွက် ပထဝီအနေအထားအရ အလှမ်းဝေးသော်လည်း စစ်ရေးမဟာမိတ်ပြုရာတွင် အခက်အခဲ မရှိနိုင်ကြောင်း နိုင်ဟံသာ က ပြောသည်။

    “စစ်ဖြစ်တဲ့ နေရာမှာ အားလုံးသွားပြီး တိုက်စရာ မလိုဘူး။ စစ်လက်နက်ပစ္စည်းတွေနဲ့လည်း အကူအညီ ပေးလို့ရတယ်။ နည်းပညာတွေနဲ့လည်း အကူအညီ ပေးလို့ရတယ်။ သတင်းဖလှယ်ပြီးတော့လည်း အကူအညီ ပေးလို့ရတယ်။ ပရိယာယ်တစ်နည်းတစ်ဖုံနဲ့ လှုပ်ရှားပြီးတော့လည်း အကူအညီ ပေးလို့ရတယ် ဆိုတော့ ကျနော်တို့ မဟာမိတ်တွေအတွက် စစ်အစိုးရက စစ်ရေးနဲ့ တိုက်ခိုက်လာရင်လည်း ပူးပေါင်းဆောင်ရွက်ဖို့ဆိုတာ အခက်အခဲ မရှိပါဘူး” ဟု သူက ပြောသည်။

    ရွေးကောက်ပွဲ ရလာဒ်မှ တက်လာမည့် အစိုးရသစ်သည်လည်း စစ်တပ်မှ ကြိုးကိုင်ထားမည် ဖြစ်သည့်အတွက် နိုင်ငံရေး အပြောင်းအလဲ ဖြစ်ပေါ်လာမည် မဟုတ်ကြောင်း၊ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များအပေါ် ထားရှိသည့် သဘောထားလည်း ပြောင်းလဲလာနိုင်မည် မဟုတ်ကြောင်း အဖွဲ့ (၆) ဖွဲ့မှ ကိုယ်စားလှယ်များ လက်ခံထားကြသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,700SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks