spot_img
Thursday, July 31, 2025
More
    spot_img
    Homeသတင်းတံထားသစ်အတွက် လူထုထံ ငွေကောက်ခံပြီး ပြည်ခိုင်ဖြိုးအမည်ခံ

    တံထားသစ်အတွက် လူထုထံ ငွေကောက်ခံပြီး ပြည်ခိုင်ဖြိုးအမည်ခံ

    -

    တော်လဝီ – မွန်ပြည်နယ် သံဖြူဇရပ်မြို့နယ် ကရုပ္ပိတံတားသစ်ကို ဒေသအာဏာပိုင်တွေက မူးရင်အမည်ကိုု ဖျောက်ဖျက်ပြီး ပြည်ခိုင်ဖြိုးနာမည်ဖြင့် ဆိုင်းဘုတ်တင်ချင်သည့်အတွက် ဒေသခံများက မကျေမနပ် ဖြစ်နေကြသည်။

    ကရုပ္ပိကျေးရွာရှိ ယခင်တံတားဟောင်းကို ဒေသခံပြင်သူများက ကရုပ္ပိတံတားဟု ခေါ်ဝေါ်သုံးစွဲခဲ့သော်လည်း ဒေသအာဏာပိုင်တွေက ပြည်ခိုင်ဖြိုးနာမည်ဖြင့် တင်ချင်သည်ဟု အသက် ၇၅ နှစ်အရွယ် ကရုပ္ပိရွာခံတစ်ဦးက ပြောသည်။

    “ကရုပ္ပိရွာကို ရယကနဲ့ မြို့နယ်အာဏာပိုင်တွေ အရင်က ပြည်ခိုင်ဖြိုးရွာဆိုပြီး ဆိုင်းဘုတ်တင်ခဲ့တယ်။ အခုလည်း ဒီတံတားကို ပြည်ခိုင်ဖြိုးဆိုပြီး လုပ်ချင်တယ်။ ဒါပေမယ့် ဒေသခံ လူထုက သဘောမကျဘူး” ဟု ၄င်းကရုပ္ပိရွာသားက ပြောသည်။

    ထိုကရုပ္ပိတံတားသစ်ကို အောက်တိုဘာလ ၂၇ ရက်နေ့က ဖွင့်လှစ်ခဲ့ပြီး ၎င်းတံတားဖွင့်ပွဲအခမ်းအနား ကုန်ကျစရိတ်အားလုံးကို ကရုပ္ပိကျးရွာနှင့် အနီးအနာရှိ ကျေးရွာများမှ အိမ်ထောင်စုငယ်ကို ကျပ် ၁၀၀၀ နှင့် အိမ်ထောင်စုကြီးများကို ကျပ် ၂၀၀၀ ကောက်ခံခဲ့သည်ဟု ဝဲကလောင်ရွာခံတစ်ဦးက ပြောသည်။

    တံတားသည် ကရုပ္ပိချောင်းကို ဖြတ်ပြီးတည်ဆောက်ကာ ပငရွာဆားကွင်းမှ ကရုပ္ပိရွာကို ဆက်သွယ်ထားသည်။ ဖွင့်ပွဲအခမ်းအနားကို ကစထမှူး ဗိုလ်ချုပ်သက်နိုင်ဝင်းနှင့် အရှေ့တောင်တိုင်းစစ်ဌာနချုပ်မှ တိုင်းမှူး ဗိုလ်မှူးချုပ် ထွန်းနေလင်းတို့ တက်ရောက်ဖွင့်လှစ်ခဲ့သည်။

    ကရုပ္ပိကျေးရွာ ရယကဥက္ကဌ ဦးကာတွန်း (ခေါ်) ဦးမောင်စိန်နှင့် မော်လမြိုင်မြို့မှ လုပ်ငန်းရှင်တစ်ဦးဖြစ်သူ နိုင်သောင်းတို့ ပူးပေါင်းပြီး ကန်ထရိုက်စနစ်ဖြင့် တံထားတည်ဆောက်ရေးကို တာဝန်ယူထားသည်ဟု ကရုပ္ပိရွာမှ ရယက အဖွဲ့ဝင်ဟောင်းတစ်ဦးက ပြောသည်။

    “ရယက ဥက္ကဌဦးကာတွန်းနဲ့ နိုင်သောင်းတို့အဖွဲ့က တံတားဖြတ်ကျော်ခကို နှစ်ပေါင်း (၃၀) အထိသူတို့ ကောက်ခံသွားမယ်” ဟု ရယက အဖွဲ့ဝင်ဟောင်းက ဆက်ပြောသည်။

    ကရုပ္ပိတံတားတည်ဆာက်မှုမှာ နှစ်နှစ်ကျော်ကြာပြီး နည်းပညာနှင့် ပစ္စည်းတွေကို ဆောက်လုပ်ရေးဝန်ကြီးဌာနက ပံံ့ပိုးပေးထားပြီး ကုန်ကျစရိတ်ကျပ်သိန်းပေါင်း (၃၀၀၀) ကျော် ကုန်ကျသည်ဟု တံတားတည်ဆောက်ရေးမှာ အလုပ်ကြီးကြပ်နေသည့် ကရုပ္ပိရွာခံတစ်ဦးက ပြောသည်။

    “တံထားပြီးသွားတာကို ကျနော်တို့အနေနဲ့ ဝမ်းသာပါတယ်၊ ဖွင့်ပွဲကျတော့အစိုးရနဲ့့ သက်ဆိုင်တယ်ဆိုပြီး ကန်ထရိုက်တွေက တာဝန်မယူဘူး။ ရွာကကောက်ခံတဲ့ငွေနဲ့့ ဖွင့်ပွဲလုပ်တော့ ရွာကလူတွေ သိပ်မကျေနပ်ကြဘူး” ဟု သံဖြူဇရပ်မြို့နယ် ပငရွာခံတစ်ဦးက ပြောသည်။

    တံထားသည် ပင၊ ကရုပ္ပိ၊ ဝဲကလောင်း၊ အံခဲ၊ ကော့လေး၊ ထင်းရူး၊ အနင်း၊ မော့ကနင်၊ လမိုင်း၊ ရေးမြို့များ ဆက်သွယ်ရာမှာ မော်တော်ယာဉ်၊ ဆိုင်ကယ်၊ နွားလှည်း ခရီးသွားလူများ သံဖြူဇရပ်အထိ အသုံးပြုရသည့် အတွင်းလမ်းပိုင်းဖြစ်သည်။

    ယခင်ကရုပ္ပိ တံတားဟောင်းသည် မီးရထားလမ်းနှင့် ကားလမ်းနှစ်မျိုးလုံး အသုံးပြုနေပြီး လွတ်လပ်ရေးရနောက်ပိုင်းတွင် တည်ဆောက်ခဲ့ပါသည်။ မီးရထားလမ်းနှင့် ကားလမ်းပေါင်းပြီး အသုံးပြုနေခြင်းကြောင့် အန္တရာယ်များပြီး ယခုကဲ့သို့ မော်တော်ယာဉ်သက်သက် သွားရန်အတွက် တံထားအသစ်တစ်စင်းကို တည်ဆောက်ရခြင်းဖြစ်သည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    36,100SubscribersSubscribe
    spot_img

    Latest posts