spot_img
Thursday, February 12, 2026
More
    spot_img
    Homeသတင်းရွေးကောက်ပွဲနီး၍ နယ်စပ်တွင် လုံခြုံရေး တင်းကျပ်

    ရွေးကောက်ပွဲနီး၍ နယ်စပ်တွင် လုံခြုံရေး တင်းကျပ်

    -

    ဂျူရီချိုင်း – ရွေးကောက်ပွဲကျင်းပရန် ရက်ပိုင်းသာ ကျန်ရှိနေသည့် ယခုအချိန်တွင် ထိုင်း-မြန်မာနယ်စပ် ဘုရားသုံးဆူမြို့နှင့် မြဝတီမြို့များတွင် လုံခြုံရေး တင်းကျပ်ထားကြောင်း ဒေသခံများက ပြောသည်။

    ဘုရားသုံးဆူမြို့ လုံခြုံရေးတွင် စစ်သားများ၊ ပြည်သူ့စစ်များ၊ ရယကအဖွဲ့ဝင်များနှင့် အခြားသော အာဏာပိုင် အဖွဲ့အစည်းများလည်း ပါဝင်ကြောင်း သိရသည်။

    ရွေးကောက်ပွဲကို နှောက်ယှက်ဖျက်စီးခြင်း မပြုနိုင်ရန်အတွက် ယခုကဲ့သို့ လုံခြုံရေး တင်းကျပ် ချထားခြင်းဖြစ်ကြောင်း အာဏာပိုင် အဖွဲ့အစည်းနှင့် နီးစပ်သူတစ်ဦးက ပြောသည်။

    “အခုလုံခြုံရေး တော်တော်တင်းလာတာ တွေ့ရတယ်၊ စောင့်ဂိတ်တစ်နေရာမှာ ထပ်ခါထပ်ခါ ဖြတ်သွားတဲ့ လူတွေကို တွေ့ရင် မသင်္ကာလို့ ခေါ်စစ်တာ ရှိတယ်” ဟု ၄င်းက ပြောသည်။

    (၁၀) နာရီနောက်ပိုင်း လမ်းထွက်သွားလာသူများကို တွေ့ရှိပါက နေရပ်၊ အိမ်အမှတ်၊ ရပ်ကွက်နှင့် ရပ်ကွက်လူကြီးအမည်များကို မေးမြန်းစစ်ဆေးပြီးမှ သွားခွင့်ပြုကြောင်း မေးမြန်းစစ်ဆေးခြင်းကို မဖြေနိုင်ပါက အရေးယူသွားမည် ဖြစ်ကြောင်း ၄င်းက ဆက်ပြောသည်။

    ကရင်ပြည်နယ် မြဝတီမြို့တွင် နိိုဝင်ဘာလ (၁) ရက်နေ့မှ စပြီး ယခင်ကထက် လုံခြုံရေး တင်းကျပ်ချထားကြောင်း ညပိုင်းတွင် သေနတ်သံများ ကြားနေရပြီး အာဏာပိုင်အဖွဲ့အစည်း (သို့) ဒီကေဘီအေအဖွဲ့၏ ပစ်ခတ်မှု ဖြစ်နိုင်ကြောင်း မြဝတီမြို့သား တစ်ဦးက ပြောသည်။

    “ည ၁၂ နာရီ ကျော်သွားရင် သေနတ်ပစ်ဖောက်သံ သုံးလေးချက်လောက် ညတိုင်းကြားနေရတယ်” ဟု ၄င်းက ပြောသည်။

    ပြီးခဲ့သည့် အောက်တိုဘာလ (၂၆) ရက်နေ့တွင် သုံးဆူမြို့၌ ည (၉) နာရီနောက်ပိုင်း လမ်းထွက်သွားလာသူ (၅၀) ကျော်ကို အာဏာပိုင် အဖွဲ့အစည်းတို့က ဖမ်းဆီးထိန်းသိမ်းစစ်မေးခဲ့ပြီး (၁၀) နာရီခွဲခန့်တွင်  ပြန်လွှတ်ပေးခဲ့ကြောင်း  အဖမ်းခံရသူတစ်ဦးက ပြောသည်။

    ၄င်းပြင် ရွေးကောက်ပွဲရက်တွင် သုံးဆူမြို့အတွင်းရှိ စက်ရုံ၊ အလုပ်ရုံများ အားလုံးကို တစ်ရက်တာ ပိတ်ထားမည် ဖြစ်ကြောင်း စက်ရုံအလုပ်သမတစ်ဦးက ပြောသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,800SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks