spot_img
Tuesday, October 14, 2025
More
    spot_img
    Homeသတင်းမွန်ပါတီအား ကူညီသူ ရွာသားတစ်ဦး အရိုက်ခံရ

    မွန်ပါတီအား ကူညီသူ ရွာသားတစ်ဦး အရိုက်ခံရ

    -

    မင်းအဲ – မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ ရေးမြို့နယ်တောင်ပိုင်း မဲဆွယ်စည်းရုံးရေး ခရီးစဉ်တွင် ပါဝင်ကူညီခဲ့သူ ဒေသခံ ရွာသားတစ်ဦး ရယကဥက္ကဌ၏ ရိုက်နှက်ခြင်းကို ခံရပြီး ရေးမြို့ ပြည်သူ့ဆေးရုံသို့ အတွင်းလူနာအဖြစ် တက်ရောက်ကုသခံနေရကြောင်း ဆွေမျိုးသားချင်းတစ်ဦးက ပြောသည်။

    အရိုက်ခံရသူမှာ အသက် (၄၈) နှစ် အရွယ်ရှိ ယင်းဒိန်ရွာသား နိုင်ဘရှင် ဖြစ်ပြီး အောက်တိုဘာလ (၂၆) ရက် ည (၁၂) နာရီခန့်တွင် ကျေးရွာ ရယကဥက္ကဌ နိုင်ဘညွန့် နှင့် ကျေးရွာပြည်သူ့စစ်တို့၏ ရိုက်နှက်ခြင်းကို ခံရကြောင်း ရွာသားများက ပြောသည်။

    နိုင်ဘရှင်သည် ယခုခုနှစ် ကျေးရွာပြည်သူ့စစ် လုပ်ရန် မဲနှိုက်ရွေးချယ်စဉ်က မဲပေါက်ခဲ့ပြီး ပြည်သူ့စစ် မလုပ်လိုပဲ မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီအား လိုက်လံကူညီ ဆောင်ရွက်ပေးနေသည့်အတွက် ယခုကဲ့သို့ ရိုက်နှက်ခံရခြင်း ဖြစ်ကြောင်း ရွာသားများက ပြောသည်။

    အရိုက်ခံရခြင်းကြောင့် နိုင်ဘရှင်မှာ သတိလစ်မေ့မျောခဲ့ပြီး မိမိ၏ ရောဂါကြောင့် သတိလစ်မေ့မျောခြင်းသာ ဖြစ်ကြောင်း ၎င်း၏ဇနီး မိဝင်းတင်အား ရယက ဥက္ကဌ က လက်မှတ်ရေးထိုးစေခဲ့သည်ဟု မျက်မြင်များက ပြောသည်။

    “နိုင်ဘရှင် အရိုက်ခံရလို့ မေ့သွားတဲ့အခါ သူ့မိန်းမကို ဥက္ကဌက အခေါ်လွှတ်လိုက်တယ်၊ သူ့မိန်းမကလည်း လင်ယောကျာ်းကို မြင်ပြီး ၁၅ မိနစ်လောက် မေ့သွားတယ်၊ သူ့မှာ နှလုံးရောဂါ ရှိတယ်။ သတိရတဲ့အချိန်မှာ ဥက္ကဌက လက်မှတ်ထိုးခိုင်းတယ်၊ ကျမယောကျာ်းဟာ သူ့ရောဂါနဲ့ သူမေ့လဲသွားတယ်ဆိုရင် ကျမလက်မှတ်ထိုးစရာ မလိုဘူးလို့ သူ့မိန်းမက ပြောတယ်။ ဒါပေမဲ့ ဥက္ကဌက အကျပ်ကိုင်ပြီး အတင်း လက်မှတ်ထိုးခိုင်းတော့ ထိုးလိုက်ရတယ်” ဟု အဖြစ်အပျက်ကို တွေ့မြင်သူတစ်ဦးက ပြောသည်။

    အရိုက်ခံရခြင်းကြောင့် အတွင်းဒဏ်ရာများ ခံစားခဲ့ရပြီး အောက်တိုဘာလကုန်ခန့်မှ ယနေ့တိုင် ရေးမြို့ပြည်သူ့ဆေးရုံသို့ အတွင်းလူနာအဖြစ် တက်ရောက်ကုသမှု ခံယူနေရဆဲ ဖြစ်သည်။

    ယင်းဒိန်ရွာသည် ရေးမြို့နယ်တောင်ပိုင်း ခေါဇာမြို့နယ်ခွဲတွင် တည်ရှိပြီး ရေးမြို့မှ (၁၂) မိုင်ခန့် ကွာဝေးသည်။ ရေးမြို့နယ်တောင်ပိုင်းသည် မွန်ပြည်သစ်ပါတီမှ ခွဲထွက်အဖွဲ့များ၊ စစ်အစိုးရတပ်များ လှုပ်ရှားရာ ဒေသဖြစ်ပြီး မွန်ပြည်နယ်တွင် လူ့အခွင့်အရေး အချိုးဖောက်ခံရဆုံးဒေသ ဖြစ်သည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    37,400SubscribersSubscribe
    spot_img

    Latest posts