spot_img
Wednesday, February 25, 2026
More
    spot_img
    Homeသတင်းမွန်ခွဲထွက်အဖွဲ့ ရွာသား ၃ ဦးကို ပြန်ပေးဆွဲ

    မွန်ခွဲထွက်အဖွဲ့ ရွာသား ၃ ဦးကို ပြန်ပေးဆွဲ

    -

    ကျလွန်းထော – မွန်ပြည်နယ် ရေးမြို့နယ်အနောက်ပိုင်း အဘော်ကျေးရွာနှင့် ရေးမြို့နယ်တောင်ပိုင်း ကော့လှိုင်ကျေးရွာမှ ရွာသား (၃) ဦးကို နိုင်ချမ်းဒိန်း ဦးစီးသည့် မွဲခွဲထွက်အဖွဲ့က ပြန်ပေးဆွဲ ခေါ်ဆောင်သွားကြောင်း သိရသည်။

    ပြီးခဲ့သည့် အောက်တိုဘာ (၃၁) ရက် ည (၁၀) နာရီတွင် အဘော်ကျေးရွာမှ ရွာသားတစ်ဦးနှင့် ကော့လှိုင်ရွာမှ ရွာသား (၂) ဦး ရေးချောင်းအလယ်ရှိ စုန်းမကျွန်း လယ်ကွင်းတွင် အလုပ်လုပ်နေစဉ် မွဲခွဲထွက်အဖွဲ့ ၃ ဦးတို့က ပြန်ပေးဆွဲ ခေါ်ဆောင်သွားပြီး တစ်ဦးလျှင် ငွေကျပ် ၄ သိန်းဖြင့် ပြန်ပေးဆွဲခဲ့သည်ဟု အဆွဲခံရသည့် အဘော်ရွာသား၏ ညီဖြစ်သူက ပြောသည်။

    “သူတို့ လူလွှတ်ပြီးတော့ အိမ်မှာ လာပြောတယ်၊ ကျနော့်အကိုက သူတို့ကို အသနားခံ တောင်းပန်လိုက်တော့ (၁) သိန်းခွဲ ပေးလိုက်ရတယ်၊ ကျန်တဲ့ ကော့လှိုင်ရွာက ဘယ်လောက် ပေးရလည်းဆိုတာ ကျနော်မသိဘူး” ဟု သူက ပြောသည်။

    ပြန်ပေးဆွဲခံရသည့် ကျေးရွာသားများ ငွေပေးပြီးနောက် အားလုံးကို ပြန်လွှတ်ပေးခဲ့ပြီး ယမန်နေ့ (နိုဝင်ဘာလ ၂ ရက်နေ့) တွင် နေအိမ်သို့ အသီးသီး ပြန်လည်ရောက်ရှိလာကြသည်။

    ပြန်ပေးဆွဲခံရသည့် ရွာသားများမှာ မရှိဆင်းရဲသား သူရင်းငှားများ ဖြစ်ကြသည့်အတွက် ပေးရမည့် ငွေများကို ထိုင်းနိုင်ငံတွင် အလုပ်လုပ်နေသည့် ဆွေမျိုးသားချင်းများထံမှ အကူအညီတောင်းကာ မှာယူခဲ့ရသည်ဟု အဖမ်းခံရသူ၏ ဆွေမျိုးသားချင်းတစ်ဦးက ပြောသည်။

    “သူတို့က မွန်လူမျိုးအကျိုးအတွက် လုပ်နေတာလို့ ပြောတယ်၊ အဲဒီလို လုပ်မယ်ဆိုရင် ပြန်ပေးဆွဲပြီး ငွေညှစ်စရာ မလိုဘူး၊ ဒီလိုလုပ်တာဟာ ပြန်ပေးဆွဲတာပဲ” ဟု ညီဖြစ်သူက ပြောသည်။

    နိုင်ချမ်းဒိန်း ဦးဆောင်သည့် မွဲခွဲထွက်အဖွဲ့သည် (၁၉၉၇) ခုနှစ်တွင် မွန်ပြည်သစ်ပါတီမှ ခွဲထွက်ပြီး တနင်္သာရီတိုင်း ရေဖြူမြို့နယ် ကျေးရွာများအကြားတွင် လှုပ်ရှားနေသည်။ ရွာသားများအား မကြာခဏ ပြန်ပေးဆွဲ ငွေကြေးတောင်းလေ့ ရှိပြီး တခါတရံ ရိုက်နှက်ညှင်းပန်းမှုများလည်း ရှိကြောင်း ဒေသခံများက ပြောသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,900SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks