Friday, March 13, 2026
More
    spot_img
    Homeသတင်းမွန်ပြည်သစ်ပါတီမှ မဲမထည့်ဖို့ ဒေသခံတွေကို ရှင်းလင်းပွဲလုပ်

    မွန်ပြည်သစ်ပါတီမှ မဲမထည့်ဖို့ ဒေသခံတွေကို ရှင်းလင်းပွဲလုပ်

    -

    မွန်ပြည်သစ်ပါတီ ဥက္ကဋ္ဌ နိုင်ထောမွန် ရွှေရတုပွဲကို ချီတက်လာစဉ်

    လွတ်လပ်သောမွန်သတင်းအေဂျင်စီ – မော်လမြိုင်ခရိုင်ရှိ မွန်ပြည်သစ်ပါတီအရာရှိတွေက ဒေသခံမွန်ပြည်သူတွေနှင့် မွန်အဖွဲ့အစည်းတွေကို မုဒုံမြို့နယ်ရှိ ဒေသဖွံ့ဖြိုးရေးနှင့် တွေ့ဆုံပွဲပြုလုပ်ပြီး ရွေးကောက်ပွဲနှင့် ဆက်စပ်တဲ့ ရှင်းလင်းမှု ပြုလုပ်ခဲ့သည်။

    ပြီးခဲ့သည့် အောက်တိုဗါလ (၁၇) ရက်နေ့တွင် မော်လမြိုင်ခရိုင် အရာရှိတို့ ရှင်းလင်းပြောကြားချက်ကို ရှင်းလင်းပွဲတွင်တက်ရောက်သူတစ်ဦး၏ ပြောပြချက်အရ “ဒီရွေးကောက်ပွဲတွင် ကိုယ်မကြိုက်လို့ မဲသွားမထည့်လည်း နေလို့ရတယ်၊ တကယ်လို့ မထည့်မနေရ အတင်းသွားထည့်မယ်ဆိုရင်လည်း (ကြက်ခြေခက်) ခြစ်လိုက်ပါ” ဟု ပြောသည်။

    ရွေးကောက်ပွဲဆန့်ကျင််တာနဲ့ဆက်စပ်ပြီး ပြီးခဲ့သည့် စက်တင်ဘာလ (၃၀) ရက်နေ့ကလည်း ဗဟိုကော်မတီ မွန်အမျိုးသားရေးပေါင်းစုံအဖွဲ့အစည်းများက နယ်စပ်တစ်နေရာတွင် အစည်း အဝေးပြုလုပ်ပြီး ဝေစာဖြန့်ဝေ ပြည်သူလူထုကိုတိုက်တွန်းနှိုးဆော်၍ ရွေးကောက်ပွဲကိို ဆန့်ကျင်သွားရန် မဲရုံးကိုလည်းမသွားဖြစ်အောင်ဆိုပြီး် မွန်အမျိုးသားရေစုပေါင်း အဖွဲ့အစည်းတို့က ဖြန့်ဝေထားတာရှိသည်။

    အန်အယ်ဒီ ပါတီတို့ကလည်း အောက်တိုဘာလဆန်းပိုင်းတွင် ရွေးကောက်ပွဲဆန့်ကျင်ရေး ဖြန့်ဝေစာသုံးခေါက်ထုတ်ထားကြောင်း ၎င်းစာထဲတွင် ရွေးကောက်ပွဲကိုမကြိုက်လိုပါက မဲသွားမထည့်လည်းနေရသည့်အခွင့်အရေးရှိကြောင်းဖော်ပြထားပြီး ရွေးကောက်ပွဲဥပဒေကိုလည်းဖော်ပြထားသည်ဟု မော်လမြိုင်မြို့ သားတစ်ဦးက ပြောသည်။

    ဆန့်ကျင်သည့်အဖွဲ့အစည်းများတို့ အမြင်ကို နိုဝင်ဘာလ (၇) ရက်နေ့တွင်ကျင်းပသော ရွေးကောက်ပွဲတွင် မတရားသောရွေးကောက်ဖြစ်ပြီး တိုင်းပြည်အုပ်ချုပ်ရေး စစ်အာဏာရှင်တို့အတွက် တရားဝင်ဖြစ်ပြီး လမ်းခရီးဆွဲဆောင်ထားကြောင်း အာဏာပိုင်တို့ အကဲခတ်ထားကြသည်။

    ပထမဆုံးအကြိမ် ရွေးကောက်ပွဲနှင့်ဆန့်ကျင်သပိတ်မှောက်ခဲ့သည်မှာ ၁၉၉၀ ခုနှစ်မှာလည်း ဒီမိုကရေဇီပါတီ အမာတ် (၅) နေရာ အနိုင်ရရှိပြီး တစ်ချို့ကမ္မတီတာဝန်ရှိတို့ မဲမပေးရန်ပြည်သူလူထုများထံ စည်းရုံးရေးဆင်းခဲ့ပြီး မဲရုံသွားခဲ့ပါက မဲစာရွက်ထဲမှာကြက်ခြေခြစ်ပေးပါကြောင်း သူတို့က ပြည်သူလူထုထံ တိတ်ဆိတ်သည့်နည်းနှင့် ရှင်းပြခဲ့ကြောင်း ဖြစ်သည်။

    မွန်အမျိုးသားရေး အဖွဲ့အစည်းပေါင်းစုံတို့က သတင်းဌာနမှာထုတ်ပြန်ထားသည်မှာ ရွေးကောက်ပွဲဆန့်ရေးနှင့်ပက်သက်၍ ရွေးကောက်ပွဲဝင်ပြိုင်မည့်မွန်ပါတီ မွန်ဒေသလုံးဆိုင်ရာဒီမိုကရေပါတီခေါင်းဆောင်များက စိတ်မကောင်းဖြစ်ကြကုန်သည်။

    “တို့ပါတီတွေ နောက်ဆုတ်လို့မရဘူးလေ ဘယ်လိုနည်းနှင့်ဖြစ်ဖြစ်ဆက်သွားရမှာပဲ တစ်ကယ်လို့ ပြည်သူလူထုထံ ရွေးကောက်ပွဲသပိတ်မှောက်သွားရန်နှိုးဆော်ထားပါက ပြည်သူလူထုရဲ့အခွင့်အရေးတစ်ရပ်ဆုံးရှုံးသွားတာနှင့်အတူပဲ” ဟု မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေဇီပါတီခေါင်းဆောင် ဆရာစနူမွန်က အပြင်သတင်းဌာနတိုင်း ရှင်းပြခဲ့သည်။

    ပြည်သူလူထု တစ်ချို့က (NLD) ပါတီထံသတင်းရရှိခြင်းမှာ ရွေးကောက်ပွဲဆန့်ကျင်ရေးနှင့် မွန်အဖွဲ့အစည်းပေါင်းစုံတို့ ဆန့်ကျင်ခဲ့သည်ကိုလည်းကောင်း မဲသွားပေးသံ မဲရုံသွားဖို့ကို စိတ်ပေါ့ပါးလာပြီး ရွေးကောက်ပွဲနှင့်စိတ်မဝင်စားသည့်အဖြစ်နဲ့ အရှိန်အဟုန်များပြန်လည်ရရှိလာကြောင်း ပြည်သူလူထု အကဲခတ်တို့က ပြောသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,200SubscribersSubscribe

    Latest posts

    Enable Notifications OK No thanks