Tuesday, March 10, 2026
More
    spot_img
    Homeသတင်းခမရ (၁၀၃) မှ ခြံမြေများကို အဓမ္မသိမ်းယူနေ

    ခမရ (၁၀၃) မှ ခြံမြေများကို အဓမ္မသိမ်းယူနေ

    -

    ခမရ (၁၀၃) မှ အဓမ္မသိမ်းထားသည့်ခြံမြေများ

    ခတ္တာနန်း– တနသာင်္ရီတိုင်း ကလိန်အောင်မြို့နယ်ခွဲ အလယ်စခန်းကျေရွာ အခြေစိုက် (ခမရ) ၁၀၃၊ ကျေးရွာဥက္ကဌနှင့် ပြည်သူ့စစ်တို့ပူပေါင်းပြီး ခြံမြေဧကပေါင်း (၁၂၅) ဧကကို  ပြီးခဲ့သည့် စက်တင်ဘာလက အဓမ္မ သိမ်းယူလိုက်သည်။

    လက်ရှိမှာ ခြံမှထွက်သော အသီးအနှံများကို (ခမရ) ၁၀၃၊ ကျေးရွာဥက္ကဌနှင့် ပြည်သူ့စစ်တို့ ပူပေါင်းပြီး မျှဝေယူနေကြကြောင်း၊ အသီးအနှံများကို ခြံရှင်အား လုံးဝ ခူးယူပိုင်ခွင့်မရှိကြောင်း၊ ခြံကိုလည်း သွားခွင့်မရှိကြောင်း ခြံအသိမ်းခံရသည့် ပိုင်ရှင် နိုင်ဖာဒွတ်က ပြောသည်။

    “ကျနော့်ခြံက ယခုကာလတန်ဖိုးနဲ့ဆိုရင် သိန်း ၁၈၀ လောက်ရှိလိမ့်မယ်၊ သီးနှံတွေခူးဖို့နေနေသာသာ ခြံကိုတောင် သွားခွင့်မရှိဘူး၊ အခုက ကွမ်းသီးတွေမှည့်တဲ့အချိန်လည်း ဖြစ်တယ်” ဟု ၄င်းက ပြောသည်။

    အသိမ်းခံလိုက်ရသည့် ခြံမြေအများစုမှာ ကွမ်းခြံများဖြစ်ပြီး ခြံအားလုံး၏ ကာလတန်းဖိုးမှာ သိန်းပေါင်း ၄၄၀ ကျော်ရှိကြောင်း သိရသည်။

    “ခြံအသိမ်းခံရတဲ့ ပိုင်ရှင် ၃ ယောက်က ၂ ယောက်ဟာ လွန်ခဲ့တဲ့ ဖေဖေါ်ဝါရီလက (ခမရ) ၂၈၂ က ပြည်သူ့စစ်ကြေးကောက်ခံတာနဲ့ ပတ်သတ်ပြီး အသတ်ခံလိုက်ရတယ် ကျန်တဲ့တစ်ယောက်ကတော့ အခု မွန်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ထဲ ရောက်နေတယ်” ဟု ခြံပိုင်ရှင်တွေနဲ့ နီးစပ်သူတစ်ဦးက ပြောသည်။

    ခြံအသိမ်းခံရသူသုံးဦးမှာ နိုင်ဖာဒွတ်၊ နိုင်ထွန်းလိန်နှင့် နိုင်ညွန့်တို့ဖြစ်သည်။ နိုင်ဖာဒို့မှာ ခြံမြေဧကပေါင်း (၉၀) ဧက၊ နိုင်ထွန်းလိန်းမှာ ၂၅ ဧက၊ နာဲညွန့်မှာ ဧက (၃၀) ရှိကြောင်း ၄င်းက ပြောသည်။

    ထိုအသိမ်းခံရသည့်ခြံပိုင်ရှင်တွေအားလုံးသည် လက်ရှိသူတို့မိသားစုတွေ မှီခို လုပ်ကိုင်စားသောက်နေရသည့် လုပ်ငန်းတစ်ခုဖြစ်ပြီး ယခုလို စစ်တပ်မှ သိမ်းလိုက်ခြင်းအပေါ် တစုံတရာ မလုပ်ဆောင်ရဲပဲ ရှိနေသည်။

    စစ်တပ်မှ ခြံမြေသိမ်းယူခြင်းကို တနင်္သာရီတိုင်းဒေသမှာသာက မွန်ပြည်နယ် မုဒုံမြို့နယ်၊ ကမာဝက်ကျေးရွာအခြေစိုက် ခမရ ၂၀၉ မှလည်း ဒေသခံ လယ်မြေဧကပေါင်း ၈၀ ကျော်ကို တပ်မြေအဖြစ် သိမ်းဆည်းရန် ကျေးရွာဥက္ကဌအား တိုက်တွန်းထားသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,100SubscribersSubscribe

    Latest posts

    Enable Notifications OK No thanks