spot_img
Thursday, February 19, 2026
More
    spot_img
    Homeသတင်းမဲရုံမှူးလုံခြုံရေးပေးသည့်စစ်ကြောင်းနှင့် ကေအန်ယူတိုက်ပွဲဖြစ်ရာမှာ ရွာသားနှစ်ဦးသေဆုံး

    မဲရုံမှူးလုံခြုံရေးပေးသည့်စစ်ကြောင်းနှင့် ကေအန်ယူတိုက်ပွဲဖြစ်ရာမှာ ရွာသားနှစ်ဦးသေဆုံး

    -

    ဂျူရီချိုင်း – ဘုရားသုံးဆူမြို့ မဲရုံမှူးအတွက် လုံခြုံရေးပေးသည့် ခမရ ၄၀၅ စစ်ကြောင်းနှင့် ကေအန်ယူတို့ ချောင်းဆုံကျေးရွာနှင့် ကျုံမိပြင်ကျေးရွာအနီးရှိ ဇီးဖြူတောင်တွင် တိုက်ပွဲဖြစ်ကာ ရွာသား ၂ ဦး သေဆုံးသွားကြောင်း ဒေသခံတွေက ပြောသည်။

    အဆိုပါတိုက်ပွဲသည် ယမန်နေ့ မနက် ၇ နာရီ ၄၅ မိနစ်ခန့်တွင် ဖြစ်ပွားခဲ့ပြီး ဒုဗိုလ်မှူးကြီး မျိုးမြင့်အောင် ဦးစီးသည့် ခမရ ၄၀၅ စစ်ကြောင်း (၁) သည် ဘုရားသုံးဆူမြို့သို့ ရွေးကောက်ပွဲပစ္စည်းများနှင့်အတူ ကြာအင်းဆိပ်ကြီးမှ မဲရုံမှူး နှစ်ဦးကို လုံခြုံရေး ပေးသည့်စစ်ကြောင်း ဖြစ်သည်။

    ဗမာစစ်ကြောင်းချီတက်လာသည်ကို ဗိုလ်ချဗို ဦးစီးသည့် ကေအန်ယူ တပ်ရင်း ၁၆ ခွဲ (၂) မှ ပြောက်ကျားတပ်ဖွဲ့သတင်းရရှိပြီး အသင့်စောင့်တိုက်ခိုက်လိုက်ကြောင်း မွန်ပြည်သစ်ပါတီ အဖွဲ့ဝင်တစ်ဦးက ပြောသည်။

    “ဟုတ်တယ် မနေ့မနက်မှာဖြစ်တယ် သေဆုံးသွားတဲ့ရွာသားနှစ်ဦးကိုလည်း ဘယ်သူ့လက်နက် ထိမှန်တာလဲဆိုတာကို စုံစမ်းနေတုန်းပဲ” ဟု ၎င်းမွန်ပြည်သစ်ပါတီဝင်က ပြောသည်။

    တိုက်ပွဲကြောင့် သေဆုံးသွားသူ ရွာသား ၂ ဦးနှင့် ပက်သက်ပြီး သုံးဆူမြို့ရှိ သက်ဆိုင်ရာ စရဖနှင့် ရဲတို့က ဘယ်သူ့လက်နက်ဖြစ်သည်ကို အမြန်ဆုံးဖော်ထုတ်နိုင်အောင် ကြိုးစားနေကြကြောင်း သုံးဆူမြို့ရှိ အာဏာပိုင်အဖွဲ့အစည်းတစ်ဦးက ပြောသည်။

    သေဆုံးသွားသူမှာ နိုင်ဟဟော့ အသက် ၃၅ နှစ်နှင့် မိဟကန်း အသက် ၃၀ နှစ် ရိုကြပြီး ဇီးဖြူတောင်အနီးအနားရှိ တောင်ယာစပါးခင်း အသွားမှာ ယခုလို သေနတ်ထိမှန်ခဲ့ခြင်းဖြစ်တယ်ဟု ၄င်းက ဆက်ပြောသည်။

    ခမရ ၄၀၅ စစ်ကြောင်းတွင်ပါလာသော မဲရုံမှူးနှစ်ဦးနှင့်အတူ မဲပုံးများ၊ မဲပြားစက္ကူနှင့် ယခုလ ၂၁ ရက်နေ့တွင် လဲလိုက်သည့် နိုင်ငံတော်အလံသစ်များကို သုံးဆူမြို့သို့ ပါလာကြောင်း သိရသည်။

    ဒုဗိုလ်မှူးကြီး မျိုးမြင့်အောင် ဦးစီးသော ခမရ ၄၀၅ တပ်ရင်းသည် စစ်ကြောင်းအင်အား အရေအတွက် ၆၃ ခန့်ရှိကြောင်း ကေအန်ယူ အရာရှိတစ်ဦးက ပြောသည်။

    တိုက်ပွဲဖြစ်ပွားပြီးသည့်အချိန်မှစ၍ ယနေ့ ၉ နာရီချိန်အထိ ၄င်းစစ်ကြောင်းသတင်း မရရှိသေးကြောင်း ကေအန်ယူ တပ်မဟာ (၆) မှ ဗိုလ်မှူးကြီး ဗဒိုစောထဲနေက ပြောသည်။ တိုက်ပွဲတွင် ကေအန်ယူ တပ်ဖွဲ့က ဆွဲမိုင်းထိသူ ၂ ဦးနှင့် မြန်မာစစ်ကြောင်းဘက်မှ ၃ ဦး ကျဆုံးသွားပြီး ၂ ဦး ဒဏ်ရာရခဲ့သည်။

    လွန်ခဲ့သည့် စက်တင်ဘာလ ၂၇ ရက်တွင် ဘုရားသုံးဆူမြို့၌ အခြေချရန်အတွက် အမှတ် (၁၉) စစ်ဆင်ရေး ကွပ်ကဲမှု ဌာနချုပ် (စကခ ၁၉) လက်အောက်မှ တပ်ရင်း (၂) တပ်ရင်း လာရောက်ရှိခဲ့သည်။

    ထိုစစ်ကြောင်းများ ချီတက်လာသည့် ခရီးစဉ်အတွင်း ကြာအင်းဆိပ်ကြီးမြို့နယ် တောင်စွန်းကျေးရွာ အနီးတစ်ဝိုက်တွင် တိုက်ပွဲများ ဖြစ်ပွားခဲ့ကြောင်း၊ သို့သော်လည်း မည်သည့်အဖွဲ့နှင့် ဖြစ်ပွားသည်ကို အသေချာ မသိရှိရကြောင်း ဘုရားသုံးဆူမြို့ရှိ အာဏာပိုင် အဖွဲ့အစည်းနှင့် နီးစပ်သူတစ်ဦးက ပြောသည်။

    ဆက်စပ်သတင်း

    1 COMMENT

    Comments are closed.

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,900SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks