spot_img
Wednesday, February 18, 2026
More
    spot_img
    Homeသတင်းလယ်မြေသိမ်းရန် ခမရ ၂၀၉ ပြင်ဆင်နေ

    လယ်မြေသိမ်းရန် ခမရ ၂၀၉ ပြင်ဆင်နေ

    -

    ကျလွန်းထော – မွန်ပြည်နယ် မုဒုုံမြို့နယ်ကမာဝက်ကျေးရွာ အခြေစိုက် ခမရ ၂၀၉ တပ်တို့က လယ်မြေဧကပေါင်း ၈၀ ကျော်ကို တပ်မြေအဖြစ် သိမ်းဆည်းရန် ပြင်ဆင်နေသည်။

    မုဒုံမြို့နယ် ဒိုးမားကျေးရွားရှိ လယ်ပိုင်ရှင် ၈ ဦးပိုင်ဆိုင်သည့် လယ်မြေဧက ၅၀ ကျော်နှင့်၊ ကွမ်လှာရွာရှိ လယ်ပိုင်ရှင် ၇ ဦးတို့ပိုင်ဆိုင်သည့် လယ်ဧက ၃၀ ကျော်တို့ကို ရွေးကောက်ပွဲမတိုင်ခင် တပ်မြေအဖြစ် သိမ်းဆည်းရန် ၄င်းတပ်တို့က ကျေးရွာဥက္ကဌအား တိုက်တွန်းနေသည်။

    “လာပြောနေတာ ၄ ခါ၊ ၅ ခါလောက်ရှိပြီး၊ သူတို့လိုချင်ရင် လယ်သမားတွေကို ကိုယ်တိုင်သွားပြောပေါ့၊ လယ်သမားတွေကိုလည်း သူတို့ကိုယ်တိုင် မပြောချင်ကြဘူး၊ ကျနော်လည်း အဲဒီလိုမျိုး မလုပ်ပေးနိုင်ဘူး” ဟု ကျေးရွာဥက္ကဌတစ်ဦး၏ အဆိုကို နီးစပ်သူတစ်ဦးက ပြောပြသည်။

    ၄င်းလည်မြေများမှာ နွေစပါးနှင့် မိုးစပါးများ နှစ်စဉ်စိုက်ပျိုးနေသော်လည်း ယခုမှာ မျက်ပင်များထူးထပ်နေပြီး စပါးများ မစိုက်ပျိုးနိုင်ပဲ တည်ရှိနေသည်။ ထိုကြောင့် ၄င်းလယ်မြေလွတ်နေသည်ကို မြန်မာစစ်တပ်တို့က တပ်မြေအဖြစ်သိမ်းလိုခြင်း ဖြစ်ကြောင်း ဒေသခံ ရွာသားတစ်ဦးက ပြောသည်။

    လယ်သမားများမှာ ၄င်းတို့၏ လယ်မြေများ မြက်ပင်များထူထပ်နေသော်လည်း စစ်အစိုးရတပ်များအား မပေးအပ်နိုင်ကြောင်း လယ်ပိုင်ရှင်တစ်ဦးက ပြောသည်။

    “ကျနော်တို့လယ် ပျက်စီးရင် ပျက်စီသွားပါစေ၊ စစ်တပ်တွေရဲ့ လက်ထဲ မအပ်နိုင်ဘူး၊ အကုန်လုံး ပျက်စီးနေတာတော့မဟုတ်ဘူး စားဖို့သောက်ဖို့လောက်တော့ စိုက်လို့ရပါသေးတယ်” ဟု ၄င်းလယ်သမားက ပြောသည်။

    ခမရ ၂၀၉ က ၄င်းလယ်မြေများကို ရွေးကောက်ပွဲမတိုင်ခင်အတွင်း အမြန်သိမ်းလိုပြီး ရွေးကောက်ပွဲပြီးဆုံးသွားပါက ပြန်လည်ပြုပြင်ပြီး လယ်သမားများအား ပြန်လည်ရောင်းချရန် အစီအစဉ် ဆွဲနေသည်ဟု မုဒုံမြို့နယ်ရှိ ဒေသခံတစ်ဦးက ပြောသည်။

    မွန်လူ့အခွင့်အရေး ဖောင်ဒေးရှင်း၏ ကောက်နုက်ချက်အရ ၄င်းခမရတပ်ရင်း ၂၀၉ မှာ လွန်ခဲ့သည့် ၂၀၀၂ ခုနှစ်တွင် မုဒုံမြို့အနီးရှိ လယ်မြေများစတင်သိမ်းဆည်းခဲ့ပြီး ၂၀၀၅-၂၀၀၆ ခုနှစ်တွင် ကျိုက်ကမော့ကြီးဘုရား ညာဘက်ခြမ်းရှိ သီဟိုရ်ခြံနှင့် ရာဘာခြံ ၂၀၀ ဧက၊ ၂၀၀၈ ခုနှစ်တွင် ကမာဝက်ကျေးရွာနှင့် ကလော့သော့ကျေးရွာအနီးတွင် လယ်မြေဧက ၇၀ ကျော်ကို တပ်မြေအဖြစ် သိမ်းယူပြီးနောက်ပိုင်း ရွာသားများအား တဖန်ပြန်လည်ရောင်းချပေးခဲ့သည်။

    “လယ်မြေတွေက မွန်လူမျိုးတွေအတွက် သွေးကြောတစ်ခုပဲ၊ ဒီလိုအသိမ်းခံရတာ မွန်ပြည်သစ်ပါတီလည်း မကယ်နိုင်ဘူး၊ ဘယ်ဌာနကိုတိုင်တိုင် သူတို့က ဂရုမစိုက်ဘူး” ဟု မွန်ပြည်သူ့အခွင့်အရေးဖောင်ဒေးရှင်းမှ လူ့အခွင့်အရေးသတင်းအချက်အလက် ကောက်ခံရေးနှင့် စုဆောင်းရေးတာဝန်ခံ ကိုအွန်းမွန်က ပြောသည်။

    ၄င်းတပ်များမှာ တပ်အနေနဲ့ လယ်မြေများကို သိမ်းယူသလို ပုဂ္ဂိုလ်ရေးအရလည်း သိမ်းယူနေသည်ကြောင်း ယခုသိမ်းရန် ပြင်ဆင်နေသည်မှာလည်း များမကြာခင် တရားဥပဒေကျကျ လာရောက်သိမ်းယူ လိမ့်မည်ဟု ကိုအွန်းမွန်က ဆက်ပြောသည်။

    မုဒုံမြို့နယ်တွင် စပါးစိုက်ပျိုးနိုင်သည့် လယ်မြေဧက ၈၆၈၀၃ ဧကရှိသည်ဟု ခရိုင်စိုက်ပျိုးရေး စိုက်ပျိုးရေးပြီးစီးမှုအစီခံစာအရ သိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,900SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks