spot_img
Thursday, February 19, 2026
More
    spot_img
    Homeသတင်းယာယီနိုင်ငံကူးလက်မှတ်လုပ်သူ တင်လာသည့် ကားတစ်စီး တိမ်းမှောက်

    ယာယီနိုင်ငံကူးလက်မှတ်လုပ်သူ တင်လာသည့် ကားတစ်စီး တိမ်းမှောက်

    -

    ဂျူရီချိုင်း ရနောင်းမှာ ယာယီနိုင်ငံကူးလက်မှတ်လုပ်မှအပြန် မဟာချိုင်နှင့် မယ်ခေါင်ဒေသအကြားမှာ အလုပ်သမားတင်ကားတစ်စီး တိမ်မှောက်ပြီး အများအပြားဒဏ်ရာရရှိသည်။


    ယမန်နေ့နံနက် ၈ နာရီအချိန်ခန့်တွင် ရွေ့ပြောင်းအလုပ်သမားတင်လာသည့် ကား ၃ စီး အနက် တစ်စီး တိမ်းမှောက်သွားရာ ကား၌ ပါလာသောသူ အများအပြားဒဏ်ရာရရှိပြီး မယ်ခေါင်ဆေးရုံတွင် ဆေးကုသခံယူနေကြသည်။

    အဆိုပါ ကားသည် လမ်းမှတ်တိုင်တစ်နေရာတွင် တိုက်မိသည့်အတွက် မြောင်းထဲသို့ ထိုးဆင်းကျသွားကြောင်း တစ်ခြားကား၌ပါလာသော မျက်မြင်တစ်ဦးက ပြောသည်။

    ဟုတ်တယ် မှောက်သွားတယ် ဒဏ်ရာရရှိသူတော့ အများပဲ၊ သေတဲ့သူတွေတော့ အသေအချာမသိသေးဘူး” ဟု ၎င်းက ပြောသည်။

    အဆိုပါ တိမ်းမှောက်သွားသည့် ကားမှာ စုစုပေါင်း အလုပ်သမား ၃၉ ဦး၊ ပွဲစား ၂ ဦး၊ ကားဒရိုင်ဘာနှင့် ကားစပါယ်ယာတို့ပါဝင်ကြပြီး၊ ကားသုံးစီးမှာ တစ်စီးလျှင် အလုပ်သမား ဦးရေ ၃၉ ဦးခန့်ရှိကာ ကားမှာ မှန်လုံကားဖြစ်သည်။

    ကားမှောက်ရာတွင် မွန်နှင့် မြန်မာလူမျိုးများပါဝင်ပြီး မြန်မာအလုပ်သမားအများဆုံးပါရှိကြောင်း ၎င်းက ဆက်ပြောသည်။

    ဒဏ်ရာအပြင်းထန်ရရှိထားသူများကို ကားသမားက တာဝန်ယူသွားမည်ဖြစ်ကြောင်း ဒဏ်ရာရသူတချို့မှာ ခြေ၊ လက်ကျိုးသွားသူများလည်းရှိကြောင်း လက်ရှိမှာ ထိုင်းရဲတို့က စစ်ဆေးမှုပြုလုပ်နေသည်ဟု ယာယီနိုင်ငံကူးလက်မှတ် ပြုလုပ်ပေးသူ အေဂျင့်တစ်ဦးက ပြောသည်။

    ယခု ဖြစ်တာက ပွဲစားနဲ့မဆိုင်ဘူး ကားသမားနဲ့ဆိုင်တယ်လေ၊ တစ်ကယ်လို့ ပတ်စပို့စ်မရသေးရင် ကျနော်တို့တာဝန်ရှိတယ်” ဟု ၎င်းက ပြောသည်။

    ပတ်စပို့စ်လုပ်သူများသည် အောက်တိုဘာ ၅ ရက် ညနေပိုင်းခန့်တွင် ရနောင်းမြို့သို့သွားပြီး ၆ ရက်နေ့ နံနက်ပိုင်းမှာ အားလုံးပြီးစီးသွားပြီ ညနေပိုင်းအပြန်ခရီးမှာ ယခုလို ဖြစ်သွားသည်ဟု ၎င်းက ဆက်ပြောသည်။

    ထိုကဲ့သို့ ဇူလိုင်လ ၇ ရက်နေ့ နံနက် ၁၂ နာရီဝန်းကျင်ခန့်မှာ ဘုရားသုံးဆူမြို့မှအထွက် စံခလပူရီမရောက်ခင် စံခလယ်ချောင်းအနီးတွင် ထိုင်းနိုင်ငံသို့ အလုပ်သမားများ ခိုးဝင်တင်ဆောင်လာသည့် ကားတစ်စီး တိမ်းမှောက်သွားရာ ကား၌ပါလာသူအများက ဒဏ်ရာအများအပြားရရှိကြသည်။

    အဆိုပါ တိမ်းမှောက်သွားသည့် ကားမှာ စုစုပေါင်း လူ ၂၇ ဦး တင်ဆောင်လာပြီး၊ ဒဏ်ရာရသူ ၈ ဦးကို စံခလပူရီဆေးရုံ၌ ဆေးကုသခံယူနေကာ ဒဏ်ရာအပြင်းထန်ရရှိသူတစ်ဦးကို ကန်ချနပူရီခရိုင်ဆေးရုံသို့ အရေးပေါ်လူနာအဖြစ် ပို့ထားလိုက်သည်ဟု ကား၌ပါလာသူတစ်ဦးက ပြောသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,900SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks