Wednesday, March 11, 2026
More
    spot_img
    Homeသတင်းကြံ့ခိုင်ရေးပါတီက လုံချည်ဝေပြီး မဲဆွယ်နေ

    ကြံ့ခိုင်ရေးပါတီက လုံချည်ဝေပြီး မဲဆွယ်နေ

    -

    ကြံ့ခိုင်ရေးပါတီအား ရန်ကုန်မြို့မှာ လမ်းလုပ်ပြီးပြီးခြင်း အခမ်းအနား ဖွင့်နေစဉ်

    မင်းအာသံ: ရွေးကောက်ပွဲစည်းရုံးရေးကာလမှာ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက မွန်ပြည်နယ်၊ မော်လမြိုင်မြို့ ကျောက်တန်းရပ်ကွက်မှာ ယခုရက်ပိုင်းအတွင်း ရပ်ကွက်သားများကို လုံချည်ဝေပေးခြင်းဖြင့် မဲဆွယ်နေသည်။

    ကြံ့ခိုင်ရေးပါတီက ယခုလို ရပ်ကွက်သားတွေထံ အိမ်တိုင်းရာရောက် လုံချည်ဝေပေးခြင်းဖြင့် ရွေးကောက်ပွဲမှာ ၄င်းတို့အား မဲထည့်ပေးရမည်ဟု ကျောက်တန်းရပ်ကွက်သားတစ်ဦးက ပြောသည်။

    “ကြံ့ဖွံ့တွေ ကျနော်တို့ဆီ လာပြီး လုံချည်ပေးသွားတယ်၊ နောက်ပြီး သူတို့အတွက် မဲထည့်ပေးရမယ်ဆိုပြီး ပြောသွားသေးတယ်၊ အကယ်၍ သူတို့အတွက် မဲမပေးဘူးဆိုရင် တခုခုဖြစ်ပြီးသာမှတ်လို့လဲ ခြိမ်းခြောက်သွားသေးတယ်” ဟု ၄င်းက ပြောသည်။

    ကြံ့ဖွံ့ပါတီက အခြားသောနယ်တွေမှာ ဘုန်းတော်ကြီးကျောင်းနှင့် ကျေးရွာဥက္ကဋ္ဌအိမ်၊ သူတို့ပါတီနှင့် နီးစပ်သည့် သြဇာကြီး လူတန်းစားတွေထံ နည်းမျိုးစုံနှင့် ချဉ်းကပ် စည်းရုံးနေသည်။

    “ကြံ့ခိုင်ရေးပါတီ ပြည်နယ်လွှတ်တော် မဲဆန္ဒနယ်အမှတ် (၁) ဖြစ်တဲ့ ဦးအုန်းမြင့်ကိုင်တိုင် မွန်ပြည်နယ်၊ ကမာဝက်ကျေးရွာမှာရှိတဲ့ သာသနာ့ဗိမာန်ထောမွန်ကျောင်းမှာ ဘုရားရုပ်ထုတော်တွေကိုပါ ကပ်လှူသွားတယ်” ဟု ကျောင်းဒါယိကာတစ်ဦးထံမှ သိရသည်။

    ထိုနည်းတူ အခြားဘုန်းတော်ကြီးကျောင်းတွေမှာလည်း ဆန်၊ မုန့်စသည့် ပစ္စည်းများကို လူဒါန်းနေကြောင်း သိရသည်။

    မြန်မာစစ်အစိုးရ၏ ကျောထောက်နောက်ခံဖြစ်သည့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွ့ံဖြိုးရေးပါတီသည် ရွေးကောက်ပွဲအတွက် စည်းရုံးရေးဆင်းရာမှာ လွတ်လွတ်လပ်လပ် သွားလာ စည်းရုံးခွင့်ရရှိသည့်အပြင် ပြည်သူများကိုလည်း ပစ္စည်းကြိယာများဖြင့် မဲဆွယ်နေသည်။ သို့သော်ငြားလည်း အခြားသောနိုင်ငံရေးပါတီများက စည်းရုံးရေးဆင်းရာမှာ ဘုန်းကြီးကျောင်းမှာသာ စည်းရုံးနေရပြီး မဲကော်မရှင်မှ အကန့်အသတ်တွေဖြင့် စည်းရုံးမှု လွတ်လပ်ခွင့်မရှိပေ။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,100SubscribersSubscribe

    Latest posts

    Enable Notifications OK No thanks